ဂျပန်တွင်နှစ်အကုန်ပိုင်းနှင့်နှစ်သစ်ကူးနီးလာသောအခါဂျပန်လူမျိုးများအတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အကြောင်းအရာကတော့ “လာမယ့်နှစ်မှာမိမိဟာကံဇာတာကောင်းမယ့်နှစ်ကျမလား။ကံညံ့တဲ့နှစ်ကျမလားဆိုတာပါပဲ။
ပုံမှန်နှစ်တွေထက်ကိုသဘာဝဘေးအန္တရာယ်များဖြစ်ပွားနိုင်သည့်နှစ်တစ်နှစ်ဖြစ်ကြောင်းကိုဆိုလိုပါသလော။
ကံညံ့တဲ့နှစ်ဆိုတာဘာလဲ
"ဒုက္ခ" ဟူသောဝေါဟာရသည်ဘေးအန္တရာယ်နှင့်စိတ်ဆင်းရဲမှု၏အဓိပ္ပာယ်ပါ၀င်သကဲ့သို့သဘာဝဘေးအန္တရာယ်များသည်သာမန်ထက်များသောနှစ်တစ်နှစ်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပိုပြီးသတိရှိရန်လိုအပ်သည့်နှစ်တစ်နှစ်ဖြစ်သည်။
ကံညံ့သည့်နှစ်သည်တစ်သက်တာ၌အကြိမ်ပေါင်းများစွာလာသည်၊ သို့သော်မိမိ၏ကံညံ့သည့်နှစ်ကိုအသက်ကိုလိုက်၍သတ်မှတ်ထားသည်။
မွေးဖွားသည့်နှစ်ကိုအသက်တစ်နှစ်အနေဖြင့်ထည့်သွင်းစဉ်းစားလျှင်နှစ်သစ်ကူး (ဇန်နဝါရီလ ၁) ရက်တိုင်းတွင်တစ်နှစ်ကိုတိုး၍ရေတွက်ခြင်းနည်းလမ်းဖြစ်သည်။
စာရေးသူရွေးချယ်သောဆောင်းပါး
၂၀၂၁ခုနှစ်အတွက် ကံအညံ့ဇယားမှာအောက်ပါအတိုင်းဖြစ်သည်
![]()
အမျိုးသားနှင့်အမျိုးသမီးများအတွက်ကံညံ့သည့်နှစ်အတွက်အသက်အရွယ်ခွဲခြားထားသည်။
၂၀၂၁ ခုနှစ်၏ကံညံ့သည့်နှစ်တွင်သင်ရှိနေခြင်းရှိ၊ မရှိလေ့လာကြည့်ကြပါစို့။
ကံအညံ့ပျောက်အောက်ယတြာချေခြင်း
သဘာဝဘေးအန္တရာယ်မှမိမိကိုယ်ကိုကာကွယ်နိုင်ရန်ကံအညံ့ကျရောက်မည့်ထိုနှစ်တွင်သင်သည်နတ်ကွန်းသို့ သွားရောက်၍ သဘာဝဘေးအန္တရာယ်များကို ၀တ်ပြုကိုးကွယ်ခြင်းကိုထုံးတမ်းစဉ်လာအတိုင်းပြုလုပ်ရပါမည်။ဤသည်ကိုကံအညံ့ပျောက်အောက်ယတြာချေခြင်းဟုခေါ်သည်။