ဟိနအရုပ်ပွဲတော်နဲ့ပတ်သက်သော သိထားသင့်တဲ့ ဗဟုသုတ အကြောင်းအရာများ

ဟိနအရုပ်ပွဲတော်(Hinamatsuri )သည်ဂျပန်နိုင်ငံတွင်နှစ်စဉ်နှစ်တိုင်း မတ်လ(၃)ရက်နေ့မှာ ကျင်းပလေ့ရှိသောပွဲတော်ဖြစ်သည်။ဟိနအရုပ်ပွဲတော်သည်မိန်းကလေးများ၏ကျန်းမာရေးနဲ့ ပျော်ရွှင်စိတ်ချမ်းသာစေရန်၊အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပွဲအနေနဲ့ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ Peach Festival ဟုလည်းခေါ်သည်။ဂျပန်နိုင်ငံမှာတော့ မတ်လ ရောက်ရင် မိန်းကလေးရှိတဲ့အိမ်တွေမှာ ဟိနအရုပ်တွေကိုအလှဆင်ပြီးဟိန ပွဲတော် ကိုကျင်းပလေ့ရှိကြပါတယ်။ ဒါဆို ဟိနပွဲတော်က ဘယ်လိုအရာကနေ ဆင်းသက်လာလဲ။ ဘယ်လိုအရာတွေပြုလုပ်လေ့ရှိလဲ။ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရေးသားဖော်ပြသွားပါမယ်။ 

မာတိကာ

  1. ဟိန ပွဲတော်ရဲ့သမိုင်းကြောင်း။
  2. ဟိနအရုပ်တွေအကြောင်း။
  3. ဟိနအရုပ်တွေအလှဆင်တဲ့အချိန်။
  4. ဟိနပွဲတော်မှာ စားတဲ့အစားအသောက်များ။
  5. ဂျပန်နိုင်ငံတစ်ဝှမ်းက ဟိနအရုပ်ပွဲတော် များ 

ဟိန ပွဲတော်ရဲ့သမိုင်းကြောင်း။

 ဟိနပွဲတော်သည် တရုတ်ရှေးဟောင်းရိုးရာယဉ်ကျေးမှုမှဆင်းသက်လာခဲ့ပြီး မိမိတို့ခန္ဓာကိုယ်မှ မသန့်ရှင်းတဲ့ အကုသိုလ်များနှင့် ကံမကောင်းခြင်းများက Hina အရုပ်သို့ ကူးပြောင်းသွားသည်ဟု ယူဆကာ ထို Hinaအရုပ်များကို မြစ်ထဲသို့ လွှတ်ပစ်လိုက်ခြင်းဖြင့် မိမိ၏ကံမကောင်းခြင်းများလည်း အရုပ်နှင့်အတူ မြစ်ထဲပါသွားတယ်ဆိုတဲ့ အယူအဆ ကနေ ဆင်းသက်လာပါတယ်။ 

 ဟိနပွဲတော် က မိန်းကလေးပွဲတော် အဖြစ်အသွင်ပြောင်းလဲသွားတာကတော့ အဲဒိုခေတ်ကနေစပြီးဖြစ်ပါတယ်။ အဲဒိုခေတ်ရောက်တော့ အရုပ်ထုတ်လုပ်တဲ့လုပ်ငန်းတွင်ကျယ်လာပြီး မြစ်ထဲမျှောပစ်မယ့်အစား အိမ်မှာအလှဆင်တဲ့အနေအထားကိုကူးပြောင်းလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဟိနအရုပ်တွေနဲ့ ကစားရတာ နှစ်သက်တဲ့ မိန်းကလေးတွေရှိတဲ့အိမ်တွေမှာသာ ကျင်းပလာကြပါတော့တယ်။ ဟိန ပွဲတော် ဆိုတဲ့နာမည်ကလဲ အယ်ဒိုခေတ်က ထွန်းကားခဲ့တဲ့ အရုပ်အမျိုးအစားနာမည်က ဟိအိန (Hi-i-na)ဆိုတဲ့အရုပ်နာမည်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ 

ひな祭り(Hinamatsuri )ဟိနအရုပ်ပွဲတော်က 五節句(gosseku) ထဲကတစ်ခု။

ဂျပန်နိုင်ငံမှာတော့ နာရခေတ်တုန်းက တရုတ်နိုင်ငံကနေဆင်းနသက်လာတဲ့ မ ဂဏန်းတွေထပ်နေတဲ့ နေ့စွဲတွေမှာ ကျင်းပတဲ့ ရာသီပွဲတော်ဖြစ်ပါတယ်။ ဂျပန်မှာတော့ လက်ရှိ ပွဲတော် ၅ ခုကို ဆက်လက်ကျင်းပနေပြီး ဒီပွဲတော် ၅ခုကို 五節句(gosseku) လို့ခေါ်ပါတယ်။ 五節句(gosseku)ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းစေရန်နှင့် ရောဂါတွေ ကင်းဝေးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျင်းပတာဖြစ်ပါတယ်။

五節句(gosseku) ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ၁လပိုင်း ၇ ရက်နေ့ 人日の節句 (jinjitsu no sekku) 
  • ၃လပိုင်း ၃ ရက်နေ့ 上巳の節句 (joushi no sekku)
  • ၅လပိုင်း ၅ ရက်နေ့ 端午の節句 (tango no sekku)
  • ၇လပိုင်း ၇ ရက်နေ့ 七夕の節句 (shichiseki no sekku)
  • ၉လပိုင်း ၉ ရက်နေ့ 重陽の節句 (chouyou no sekku)

၁ လပိုင်း ၇ ရက်နေ့မှာတော့ နှစ်သစ်မှာ ဆေးဖက်ဝင်အပင် ၇ မျိုးကိုပေါင်းပြီးတော့ ကျန်းမာရေးကောင်းအောင် စားတဲ့နေ့ဖြစ်ပါတယ်?

၃ လပိုင်း ၃ ရက်နေ့ကတော့ 桃の節句 (momo no sekku) လို့လဲခေါ်ပြီးတော့ ひな祭り(Hinamatsuri )ဟိနအရုပ်ပွဲတော်ကိုကျင်းပပါတယ်။

၅ လပိုင်း ၅ ရက်နေ့ကတော့ 菖蒲の節句 (soubu no sekku) လို့လဲခေါ်လေ့ရှိပြီး ကလေးများနေ့ကို ကျင်းပလေ့ရှိပါတယ်။ 

၇ လပိုင်း ၇ ရက်နေ့ကတော့ ကြယ်တာရာပွဲတော် (tanabata) ကျင်းပတဲ့နေ့ဖြစ်ပါတယ်။

ဟိနအရုပ်တွေအကြောင်း။

ဟိနပွဲတော်မှာတော့ ဟိန အရုပ်တွေကို အလှဆင်ပြီး ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဟိနအရုပ်တွေမှာလဲ အဓိပ္ပာယ်အမျိုးအမျိုးရှိပါတယ်။ ဟိနအရုပ်အမျိုးအစားနဲ့ သူ့ရဲ့ အဓိပ္ပာယ်တွေကိုကြည့်ကြည့်ကြရအောင်။ 

ဟိနအရုပ်အမျိုးအစား။

ဟိနအရုပ်တွေကို နိမိတ်ကောင်းလို့ယူဆလေ့ရှိကြတဲ့ မဂဏန်း တွေနဲ့ အလှဆင်လေ့ရှိကြပါတယ်။ အများအားဖြင့် စင်၇ ဆင့် သို့မဟုတ် စင် ၅ ဆင့် နဲ့အလှဆင်လေ့ရှိကြပါတယ်။ ယခုခေတ်မှာတော့ ၃ ဆင့် သို့မဟုတ် ၁ ဆင့်သာအလှဆင်ကြတဲ့ အိမ်တွေလဲရှိကြပါတယ်။ 

  • စင် ပထမအဆင့် -ယောကျ်ားလေးဟိနအရုပ်နဲ့ မိန်းကလေးဟိနအရုပ် 

  •  စင် ဒုတိယ အဆင့်-အခြွေရံ အပျိုတော် ၃ ဦး

  • စင် တတိယ အဆင့်- နန်းတွင်းသဘင်ပညာရှင် ၅ဦး 

  • စင်စတုတ္ထ အဆင့် - ဝန်ကြီး မှုးမတ် ၂ ဦး 

  • စင် ပဥ္စမ အဆင့် - နန်းတွင်းဝန်ထမ်း ၃ ဦး 

ယခုနောက်ပိုင်းမှာတော့ အိမ်အနေအထားကိုကြည့်ပြီး ကျစ်ကျစ်လစ်လစ်ထားလို့ရမယ့် စင် ၁ ဆင့်၊ ၃ ဆင့် ကိုသာ အလှဆင်လေ့ရှိ တဲ့အိမ်တွေလဲ များလာကြပါတယ်။ ဟိန အရုပ်တွေက ဘုရင်နဲ့မိဘုရား လက်ထပ်ထိန်းမြားတဲ့ အခမ်းအနားကိုပုံဖော်နေလျက်ရှိပါတယ်။ ဂျပန်တွေအတွက်တော့ ဘုရင်နဲ့မိဘုရား ဆိုတာ အားကျရတဲ့စုံတွဲတွေပဲဖြစ်ပါတယ်။ ဟိအရုပ်တွေမှာဆိုလဲ ဘုရင်နဲ့မိဘုရားတွေလိုမျိုး ပျော်ရွှင်စွာ လက်ထပ်နိုင်ပါစေဆိုတဲ့ ဆုတောင်းလဲ ပါဝင်လျက်ရှိပါတယ်။ 

ဟိနအရုပ်တွေအလှဆင်တဲ့အချိန်။

ဟိနအရုပ်တွေကိုတော့အများအားဖြင့် ရာသီကူပြောင်းတဲ့ပွဲတော် (setsu-bun)ပွဲတော် ပြီးတဲ့နေ့မှာအလှဆင်လေ့ရှိကြပါတယ်။ ဒါကြောင့် အစောဆုံးဆိုရင် ဖေဖော်ဝါရီ ၃ ရက်နေ့နောက်ပိုင်းမှာအလှဆင်‌လေ့ကြပါတယ်။ 

နောက်ပြီး ဟိနအရုပ်တွေသိမ်းဆည်းတာနောက်ကျရင် အိမ်ထောင်ပြုနောက်ကျတတ်တယ်လို့အယူသီးမှုတွေလဲရှိပါတယ်။ အမှန်ကတော့ အိမ်ကိုသန့်ရှင်းသိမ်းဆည်း မတတ်တဲ့ သူတွေက အိမ်ထောင်မပြုနိုင်ဘူးဆိုတဲ့အဘူအဆ ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ 

ဟိနပွဲတော်မှာ စားတဲ့အစားအသောက်များ။

ဟိနပွဲတော်မှာ ဆိုလဲ အစားအသောက်တွေစားပြီး ပွဲတော် ကိုကျင်းပလေ့ရှိကြပါတယ်။ ဟိနပွဲတော် မှာ စားလေ့ရှိတဲ့ မုန့်တွေအများကြီးထဲကနေ နာမည်ကြီးတဲ့ မုန့်တချို့က မိတ်ဆက်ပေးသွားပါ့မယ်။

Chirashizushi

ဟိန ပွဲတော်ရဲ့ အဓိက အစားစာကတော့ Chirashizushi လို့ခေါ်တဲ့ ဆူရှိတမျိုးဖြစ်ပါတယ်။ Chirashizushiကတော့ ရှာလကာရှည်နဲ့နယ်ထားတဲ့ ထမက်းတွေအပေါ်မှာ အရောင်အဆင်းစုံလင်လှတဲ့ အစားစရာတွေကို ပုံပြီးစားလေ့ရှိကြပါတယ်။ ဒီအတိုင်းပုံပြီးစားကြသလို ကိတ်လိုပုံစံလုပ်ပြီးစားကြတဲ့သူတွေလဲရှိကြပါတယ်။ Chirashizushi မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေမှာလဲ အဓိပ္ပာယ်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ ပုဇွန်က ခါးကုန်းတဲ့အထိ အသက်ရှည်ကျန်းမာပါစေ၊ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ပဲ ကတော့ သေသေချာချာ အလုပ်ကြိုးစားပြီး ကြွယ်ကြွယ်ဝဝ နေနိင်ပါစေ ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ 

Temawari-zushi

ယခုနောက်ပိုင်းမှာတော့ Chirashizushiအစား Temawari-zushi စားလေ့ရှိကြတဲ့ အိမ်တွေလဲရှိပါတယ်။ Temawari-zushi ဆိုတာကတော့ တလုတ်စာ ဆူရှိဖြစ်ပြီး ချစ်စရာကောင်းပြီး စားရလွယ်တဲ့ဆူရှိဖြစ်ပါတယ်။ ကလေးတွေကလဲ ကြိုက်ကြပါတယ်။ ပါဝင်ပစ္စည်းက အတိတကျတေါမရှိပေမယ့် အရောင်စုံတဲ့ ဆာလမွန်တို့၊ တူနာငါးတို့ ကို သုံးလေ့ရှိကြပါတယ်။ 

အရက်ဖြူ၊ အရက်ချို။

ဟိနပွဲတော်မှာဆိုရင် အရက်ဖြူနဲ့ အရက်ချိုတွေလဲ သောက်လေ့ရှိကြပါတယ်။ ‌ရှေးခေတ်တုန်းကတော့ မတ်လ ၃ ရက်နေ့မှာ အအေးမမိအောင် မက်မွန်ပန်းနဲ့အချဥ်ဖောက်ထားတဲ့အရက်ကိုသောက်လေ့ရှိပါတယ်။ အယ်ဒိုခေတ်မှာ မိန်းကလေးပွဲတော်အနေနဲ့ ပြောင်းလဲလာတဲ့အချိန်မှာတော့ အရက်မသောက်နိုင်တဲ့ ကလေးတွေအတွက် ဆန်ကနေ ပြုလုပ်ထားတဲ့ အရက်ချို ကိုတိုက်လေ့ရှိကြပါတယ်။ 

Hishi-Mochi

နောက်တမျိုးကတော့ ဟိရှိကောက်ညှင်းလို့ဘာသာပြန်လို့ရမယ့် Hishi-Mochi ဖြစ်ပါတယ်။ ဒီကောက်ညှင်းကတော့ ရှေးဘခင်ကတည်းက ဟိန ပွဲတော် မှာစားလေ့ရှိတဲ့ ပွဲတော် တမျိုးဖြစ်ပါတယ်။ မုန့်ပုံစံကတော့ အပန်းရောင်၊ အဖြူရောင်၊ အစိမ်းရောင် ၃ မျိုးရှိပါတယ်။ အရောင် ၃ မျိုးမှာလဲ အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်။ အပန်း‌ရောင်က မကောင်းဆိုးဝါးတွေကိုနှငိထုတ်ခြင်း၊ အဖြူရောင်ကတော့ သားသမီးမြေးမြစ်ထွန်းကားခြင်း၊ အစိန်း‌ရောင် ကျန်းမာစွာကြီးပြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ 

Hina-arare

နောက်အစားစာ တမျိုးကတော့ Hina-arareလို့ခေါ်တဲ့ အစားစာဖြစ်ပါတယ်။Hishi-Mochiနဲ့ အရောင်တူတူ အဖြူရောင် အစိမ်းရောင်၊ အပန်းရောင် ၃ မျိုးအပြင် အဝါရောင် တမျိုးပေါင်းထည့်ပြီး ၄ မျိုးနဲ့ ပြုလုပ်စားသောက်လေ့ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ၄ရာသီ ၁ နှစ်တာကာလလုံး ပျော်ပျော် ရွှင်ရွှင် နေနိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်မျိုးရှိပါတယ်။ 

Sakura- mochi

ဆာကူရာကောက်ညှင်းကတော့ ဆာကူရာအရောင် ကောက်ညှင်း နဲ့ ဆားရေစိမ်ထားတဲ့ ဆာကူရာအရွက်နဲ့ထုပ်ထားတဲ့ ဂျပန်ရိုးရာ မုန့်တစ်မျိုးဖြစ်ပါတယ်။ Sakura- mochi ကိုဟိနပွဲတော်မှာ စာရတဲ့အကြောင်းအရင်းကတော့ သေသေချာချာမရှိပါဘူး။ တချို့ကတော့ ဆာကူရာပန်းလေးတွေက ချစ်စရာကောင်းပြီး ဟိနပွဲတော်နဲ့ လိုက်ဖက်လို့ဆိုပြီးပြောလေ့ရှိကြပါတယ်။

ဂျပန်နိုင်ငံတစ်ဝှမ်းက ဟိနအရုပ်ပွဲတော် များ 

ကိုယ်ပိုင် အိမ်တွေမှာ ဟိနအရုပ်ပွဲတော်ကိုကျင်းပသလိုမျိုး ဂျပန်နိုင်ငံတဝှမ်းအများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာဟိနအရုပ်ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ ၃ လပိုင်း ၃ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ဟိနအရုပ်ပွဲတော်နဲ့ပတ်သက်ပြီး ကျင်းပလေ့ရှိတဲ့ ပွဲလမ်းသဘင် တချို့ကို ဖော်ပြသွားပါမယ်။

Katsuurabikku ဟိနအရုပ်ပွဲတော် - かつうらビッグひな祭り

ကျင်းပချိန် - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ခုနှစ်ကနေ မတ်လ ၃ ရက်နေ့။

နေရာ - JR Katsuura ဘူတာကနေ လမ်းလျှောက် ၁၀ မိနစ်။

ဝက်ဘ်ဆိုက် - https://www.city.katsuura.lg.jp/info/1405

Katsuurabikku ဟိနအရုပ်ပွဲတော် ကတော့ Chiba ခရိုင်အတွင်းမှာရှိတဲ့ Katsuura (勝浦) မြို့ကျင်းပတဲ့ ကြီးမားတဲ့ ဟိနအရုပ်ပွဲတော်တစ်ခုဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကနေ ပို့ဆောင်လာတဲ့ အရုပ်တွေကို မြို့အတွင်းမှာ အလှဆင်ပြီး ကျင်းပလေ့ရှိပါတယ်။ ကျင်းပတဲ့ နေရာတွေကတော့ Tomisaki နတ်ကွန်း၊ Kakuo-ji ဘုရားကျောင်းတို့မှာ ကျင်းပလေ့ရှိပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းကနေ ကျင်းပလာတာဖြစ်ပြီး လာရောက်လည်ပတ်ကြတဲ့ သူတွေလဲ အများကြီးရှိပါတယ်။

Iwatsuki အရုပ်ပွဲတော် - 人形のまち岩槻 まちかど雛めぐり

ကျင်းပချိန် - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ခုနှစ်ကနေ မတ်လ ၁၀ ရက်နေ့။

နေရာ - Iwatsuki ဘူတာ။

ဝက်ဘ်ဆိုက် -https://hinameguri.com/

နောက်တစ်ခုကတော့ Saitama မှာရှိတဲ့ Iwatsuki မှာကျင်းပတဲ့ ပွဲ‌တော် ဖြစ်ပါတယ်။ မြို့ကို လိုက်ကြည့်ပြီး လည်ပတ်ပြီးလေ့လာတာတို့၊ အတွေ့အကြုံကို ကိုယ်တိုင်ခံစားတာတို့၊ ဟိန အရုပ်ပွဲတော်မှာ စားတဲ့ ရိုးရာအစားအသောက်တွေကို စားခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ 

Hinano tsurushi ပွဲတော် - 雛のつるし飾り

ကျင်းပချိန် - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ခုနှစ်ကနေ မတ်လ ၃၁ ရက်နေ့။

နေရာ - Shizuoka ခရိုင် (အသေးစိတ်ကို ဝက်ဆိုက်မှာ ကြည့်နိုင်ပါတယ်)။

ဝက်ဘ်ဆိုက် - https://inatorionsen.or.jp/hina/

Hinano tsurushi ပွဲတော်ကတော့ တွဲလျောင်းချိတ်ပြီး ပြသတဲ့ ပွဲ‌တော်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး တွဲလျောင်းချိတ်ပြီး ကျင်းပတဲ့ အရုပ်ပွဲတော် ၃ ပွဲထဲက တစ်ခုလဲဖြစ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ဂျပန်မှာ မတ်လရောက်တိုင်းကျင်းပလေ့ရှိတဲ့ ဟိနအရုပ်ပွဲတော် ဆင်းသက်လာပုံ၊ ဟိနပွဲတော် ကျင်းပပုံ၊ ဟိနပွဲတော်မှာ အလှဆင်လေ့ရှိတဲ့ အရုပ်တွေအကြောင်းကို ရှင်းပြမိတ်ဆက်ခဲ့ပါတယ်။ဟိန ပွဲတော်ရဲ့ ‌‌ရှေးယခင်နဲ့ ယနေ့ခေတ်ကွားခြားပုံတွေကိုလဲ ဗဟုသုတ ရကြမယ်လို့မျှော်လင့်မိပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဟိနအရုပ်ပွဲတော်နဲ့ပတ်သက်သော သိထားသင့်တဲ့ ဗဟုသုတ အကြောင်းအရာများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ