“Shichi-Go-San” ဆိုတာဘယ်လိုပွဲတော်မျိုးလဲ။

Shichi-Go-San (七五三) ဆိုတာကတော့ ဂျပန်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နှစ်စဥ်ကျင်းပတဲ့ ကလေးတွေရဲ့ ကြီးထွားလာမှုကို ဂုဏ်ပြုပြီးတော့ ကျင်းပလေ့တဲ့ ပွဲတော်ဖြစ်ပါတယ်။ အများအားဖြင့် အသက် ၃, ၄ နှင့် ၇ နှစ်အတွက်ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ 

မာတိကာ

  1. Shichi-Go-San ဆိုတာဘယ်လိုပွဲတော်မျိုးလဲ။
  2. Shichi-Go-San ရဲ့မူလအရင်းမြစ်။
  3. အသက် ၃ ၊ ၅၊ နှင့် ၇ နှစ်တို့ရဲ့ သတ်မှတ်ချက်များ။
  4. Shichi-Go-Sanမှာကျင်းပတဲ့ ပွဲတော်များ။
  5. Shichi-Go-San ကိုဘယ်လို ဖြတ်သန်းကြမလဲ။
  6. အကျဥ်းချုပ်။

Shichi-Go-San ဆိုတာဘယ်လိုပွဲတော်မျိုးလဲ။

Shichi-Go-San (七五三) ဆိုတာကတော့ ၇၊ ၅၊ ၃ လို့အဓိပ္ပာယ်ရပြီးတော့ ဂျပန်နိုင်ငံရဲ့ကလေးတွေ အန္တာရယ် ကင်းကင်းနဲ့ ကြီးထွားလာတာကိုဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ အများအားဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပပြီးတော့ အသက် ၃၊ ၅ နှင့် ၇နှစ်မှာရှိတဲ့ ‌ကလေးတွေကို အဓိကအားဖြင့် ရည်ရွယ်ပြီးတော့ ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအသက်အရွယ်တွေကတော့ ဂျပန်မှာ အရေးပါတဲ့ အသက်အရွယ် မှတ်တိုင်တစ်ခုလို့ သတ်မှတ်ထားကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ 

Shichi-Go-San နေ့မှာဆိုရင်တော့ ကလေးတွေကကီမိုနိုကိုဝတ်ဆင်ပြီးတော့မိဘတွေနှင့် အဘိုးအဘွားတွေနဲ့အတူတူ နတ်ကွန်းကိုသွားရောက်ပြီးတော့လည်ပတ်လေ့ရှိပါတယ်။ 

Shichi-Go-San ရဲ့မူလအရင်းမြစ်။

 Shichi-Go-San နဲ့ပတ်သက်ပြီးတော့ မူလအရင်းအမြစ်အကြောင်းကို ပြောဆိုမှုတွေအများကြီးရှိပါတယ်။ အဒီထဲကတစ်ခုကတော့ Heian ခေတ်မှာကျင်းပတဲ့ ပွဲ၃ ခုအခြေခံဖြစ်နေပါတယ်။ Heian ခေတ်မှာဆိုရင် ဆေးဝါးတွေနည်းပါးပြီးတော့ သန့်ရှင်းမှုတွေလဲ နည်းပါးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကလေးတွေ ၃ နှစ် ၅ နှစ်နှင့် ၇နှစ်အထိအသက်ရှင်နိုင်တယ်ဆိုတာကတော့ အရမ်းကိုကောင်းမွန်တဲ့အရာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မို့လို့ ဒီအသက်အရွယ်ကိုရောက်တဲ့ သူတိုင်းကို ဆု‌တောင်ပေးခြငတာတို့ ကောင်းချီးပေးတာတော့လုပ်လေ့ရှိပြပါတယ်။

ဒီလိုမျိုး လုပ်တဲ့ အလေ့အထကတော့ အဲဒိုခေတ်မှာတော့ ဆာမူရိုင်းတွေနှင့် ကုန်သည်တွေကြားထဲအထိ ပြန့်နှံံသွားပြီးတော့ မေဂျီခေတ်မှာတော့ သာမန်ပြည်သူတွေကြားထဲထိ ပျံ့နှံ့သွားပြီးတော့ ယနေ့ခေတ်မှာတော့ “Shichi-Go-San” ဆိုပြီးလူသိလာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနေပါတယ်။ ဒီယနေ့ခေတ်မှာကျင်းပနေတဲ့ “Shichi-Go-San”ကတော့ Taisho နောက်ပိုင်းခေတ်ကပုံစံလို့လဲ ပြောကြပါတယ်။

အသက် ၃ ၊ ၅၊ နှင့် ၇ နှစ်တို့ရဲ့ ထူးခြားချက်များ။

ဒါဆိုရင် ဒီအသက် ၃ နှစ်နှင့် ၅ နှစ်၊ ၇နှစ်တွေက ဘယ်လို ထူးခြားချက်တွေရှိပါသလဲ။ ဂျပန်နိုင်ငံရဲ့ အယူအဆတွေကို ကြည့်လိုက်ကြရ‌အောင်။ 

  1. အသက် ၃ နှစ် အရွယ်ကတော့ ဘာသာစကားကိုနားလည်နိုင်ပြီးတော့

  2. အသက် ၅ နှစ် အရွယ်ကတော့ အမြော်အမြင်ရှိပြိးတော့

  3. အသက်၇နှစ်မှာတော့ ကလေးသွားတွေ ကြီးလာတာပြဲဖစ်ပါတယ်၊

အထူးသဖြင့် အသက် ၇နှစ်အရွယ်ကတော့ ထူးခြားပြီးတော့ Shichi-Go-San ကျင်းပတဲ့ အချိန်မှာ အရမ်းကို အရေးပါတယ်လို့ဆိုကြပါတယ်။ နောက်ပြီးတော့ အသက်၇နှစ်ကိုပြောင်းသွားတာနဲ့ ဒီကလေးက နတ်ဘုရားရဲ့ကလေးဆိုပြီးတော့လဲ ယူဆလေ့ရှိကြပါတယ်။ 

Shichi-Go-Sanမှာကျင်းပတဲ့ ပွဲတော်များ။

Shichi-Go-San မှာကျင်းပတဲ့ ပွဲတော် ၃ ခုကိုကြည့်လိုက်ကြရအောင်။

အသက် ၃ နှစ် မိန်းကလေးနှင့်‌ ယောကျာ်းလေး - Kamioki (髪置)

ယောကျ်ားလေးရောမိန်းကလေးပါ အသက် ၃ နှစ်ပြည့်တဲ့ အချိန်မှာShichi-Go-San မှာပါဝင်လေ့ရှိပါတယ်။ ရှေးယခင်ခေတ်တုန်းကတော့ ကလေးတွေ အသက် ၃ နှစ်ပြည့်တဲ့အထိ ဆံပင်ကို ရိတ်ထားရပါတယ်။ ရိုရာအရ အသက် ၃ နှစ်ပြည့်တာနဲ့ ကလေးတွေကိုဆံပင်အရှည်ထားလို့ရကြောင်းခွင့်ပြုလုက်ပါတယ်နောက်ပြီးတော့ ပွဲတော်မှာ ဝတ်တဲ့ ကီမိုနိုကလဲ ကလေးတွေရဲ့ ဦးခေါင်းကို အသိမှတ်ပြုပြီးတော့ ကလေးတွေ အသက်ရှည်စေဖို့အတွက် အဖြူရောင်ကို‌ရွေးချယ်ပြီးဝတ်စေပါတယ်။ 

အသက် ၅ နှစ် ယောကျာ်းလေး - Hakamagi (袴着)

မူလက Hakamagi အခမ်းအနားတွင် ယောက်ျားလေးများသာမက မိန်းကလေးပါ ပါဝင်ခဲ့ကြသော်လည်း Edo ခေတ်ကတည်းက ယောက်ျားလေးများအတွက်သာ အခမ်းအနားတစ်ခု ဖြစ်လာခဲ့သည်။ အခမ်းအနားသည် ငယ်ဘဝသို့ ကူးပြောင်းခြင်းအထိမ်းအမှတ်ဖြစ်သည်။ 

အသက် ၅ နှစ်အရွယ်တွင် ယောက်ျားလေးများသည် Hakama ကို ပထမဆုံးအကြိမ် ၀တ်ဆင်စေပါတယ်။ အခမ်းအနားသည် ကောင်းမွန်သော ဦးတည်ရာကို မျက်နှာမူပြီး ဘုတ်ပေါ်တွင် ရပ်ကာ ဘယ်ခြေထောက်မှ Hakama ကို တင်ဆောင်ခြင်းဖြင့် စတင်သည်။

အသက် ၇ နှစ် မိန်းကလေး - Obitoki (帯解)

မူလက ယောကျ်ားလေးရော မိန်းကလေးပါ ကျင်းပလေ့ရှိတဲ့ ဒီအခမ်းအနားကို Edo ကာလမှာသာ မိန်းကလေးတွေအတွက် အခမ်းအနားတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အသက် 7 နှစ်မှာ မိန်းကလေးတွေဟာ သူတို့ရဲ့ ကီမိုနိုနဲ့ အိုဘီ ၀တ်ဆင်နိုင်နေပြီဖြစ်ပါတယ်။ Obitoki အတွက် အခမ်းအနားအတွင်း မိန်းကလေးတွေက သူတို့ရဲ့ ကီမိုနိုရှိ ရိုးရှင်းသောကြိုးများကို ဖယ်ရှားပြီး အိုဘီခါးပန်းတွေကို ပထမဆုံးအကြိမ် ချည်နှောင်ပြီး အခမ်းအနားကိုပြုလုပ်‌လေ့ရှိပါတယ်။ 

Shichi-Go-San ကိုဘယ်လို ဖြတ်သန်းကြမလဲ။

Shichi-Go-San ကိုတော့ နှစ်စဥ် နိုဝင်ဘာလ ၁၅ ရက်တေ့မှာကျင်းပပြီးတော့ ရှေးယခင်က မင်းမျိုးမင်းနွယ်တွေသာကျင်းပလေ့ရှိကြပေမယ့် ယနေ့ခေတ်မှာတော့ လူတိုင်းကျင်းပလေ့ရှိကြပါတယ်။ Shichi-Go-San မှာကျင်းပတဲ့ အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

နတ်ကွန်းတွေကို လည်ပတ်ခြင်း

နိုဝင်ဘာ ၁၅ ရက် သို့မဟုတ် ဒီရက်ပိုင်းဝန်းကျင်မှာ မိသားစုများသည်ကလေးတွေ ကို ကောင်းချီးမင်္ဂလာခံယူဖို့အတွက် နတ်ကွန်းသို့ ခေါ်ဆောင်သွားကြပါတယ်။ ကလေးငယ်တွေကတော့ ရိုးရာကီမိုနိုကို ၀တ်ဆင်ကြပြီး မိသားစုများ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြလေ့ရှိကြပါတယ်။ 

ဓာတ်ပုံရိုက်ခြင်း

နောက်တစ်ခုကတော့ ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာတော့ ဓာတ်ပုံဆရာကိုခေါ်ပြီးတော့ ဓာတ်ပုံရိုက်လေ့လဲရှိကြပါတယ်။ 

Chitose Ame (千歳飴)

ကလေးတွေ ကို Chitose Ameလို့ခေါ်တဲ့ “နှစ်တစ်ထောင်သကြားလုံး” ဟု အဓိပ္ပာယ်ရတဲ့ သကြားလုံးတွေကို ဝေပေးလေ့ရှိပါတယ်။ သကြားလုံးလေးတွေကတော့ ကရိန်း သို့မဟုတ် လိပ်ပုံသဏ္ဍာန်ရှိတဲ့ အိတ်အတွင်း အဖြူရောင်၊ ပန်းရောင် သို့မဟုတ် အနီရောင်ရှိသော သကြားလုံးရှည်တစ်ချောင်းဖြစ်သည်။ သကြားလုံး နှင့် အိတ် ကတော့ သက်ရှည် ကျန်းမာ ချမ်းသာ ပါစေဆိုတဲ့ အဓိပ္ပာယ်ကိုလဲ ဆောင်ပါတယ်။ 

ကီမိုနိုနှင့် တခြားအဝတ်အစားများ 

ဂုဏ်ပြုတဲ့ အနေနဲ့ ရိုးရာအဝတ်အစားတွေကိုလဲ ဝတ်ဆင်လေ့ရှိကြပါတယ်။ မိန်းကလေးတွေကတော့ ရောင်စုံ ကီမိုနိုကိုဝတ်ဆင်‌လေ့ရှိကြပြီးတော့ ယောကျာ်းလေးတွေကတော့ Hakama ကိုဝတ်ဆင်လေ့ရှိကြပါတယ်။ နောက်ပြီး ကီမိုနို ဒီဇိုင်းတွေကလဲ အရမ်းကိုချစ်စရာကောင်းကြပါတယ်။ 

အကျဥ်းချုပ် 

Shichi-Go-San ကတော့ ရိုးရာ ဂျပန်ကလေးတွေရဲ့ ကြီးပြင်းမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် အသက် ၃ နှစ် ၅နှစ်နှင့် ၇နှစ် ကလေးတွေကို အဓိကထားပြီးတော့ ကျင်းပပြီးတော့ အဲ့နေ့မှာတော့ အဘိုးအဘွားတွေနှင့် မိဘတွေနဲ့ အတူတူ Shichi-Go-San ကိုသွားရောက်လေ့ရှိကြပါတယ်။ နိုဝင်ဘာလကိုရောက်တာနဲ့ Shichi-Go-San ကျင်းပတဲ့ မိသားစုတွေကိုတွေ့ရနိုင်ပြီးတော့ နတ်ကွန်းမှာ အလှဓာတ်ပုံရိုက်နေတဲ့ မိသားစုတွေကိုလဲ အမျာကြီးတွေ့မြင်နိုင်ပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ “Shichi-Go-San” ဆိုတာဘယ်လိုပွဲတော်မျိုးလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ