Domino Pizza လို့ပြောလိုက်ရင် ထူးခြားပြီး အရသာရှိတဲ့ မီနူးတွေနဲ့ စားစုံးသူတွေ ကြားခဲမှာ နာမည်ကြီးပါတယ်။ ပီဇာ ကိုအိမ်အရောက်ပို့တဲ့ လုပ်ငန်းပိုင်းမှာလဲ ဆိုင်ခွဲ အရေအတွက် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် Domino Pizza မှာ အချိန်ပိုင်းအလုပ်လုပ်ချင်တဲ့ ကျောင်းသားတွေလဲရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် WeXpats ကနေပြီးတော့ Domino Pizza မှာ အလုပ်လုပ်နေတဲ့ ဖီလစ်ပိုင်နိုင်ငံသားကို အင်တာဗျူးမေးခဲ့ပါတယ်။ အင်တာဗျုးမှာတော့ Domino Pizza မှာ အလုပ်လုပ်ရတဲ့ အကြောင်းအရင်းနှင့် Domino Pizza မှာ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။
အလုပ်လုပ်ရလွယ်ကူအောင် ကိုးကားစာအုပ်ကို သေချာပြင်ဆင်ထားတဲ့ Domino Pizza
―― ပထမဆုံး Domino Pizza မှာအလုပ်လုပ်ရတဲ့ အကြောင်းအရင်းကို သိလို့ရနိုင်မလား။
အထက်တန်းကျောင်းကတည်းက မိသားစုအခြေအနေကြောင့် ဂျပန်ကိုလာပြီးတော့ အဲ့ကတည်းကပဲ ချက်ချင်း Domino Pizza မှာ အချိန်ပိုင်းအလုက်စလုပ်ခဲ့ပါတယ်။ တကယ်တော့ မူလတန်းတုန်းကလဲ ဂျပန်မှာ ၃ နှစ်လောက်နေဖူးတော့ အဲ့အချိန်တုန်းက သိခဲ့တဲ့ အသိတယောက်ကနေပြီးတော့ Domino Pizza မှာအလုပ်လုပ်ရတာပျော်ဖို့ ကောင်းတယ် ဆိုလို့ ဝင်လုပ်ဖြစ်တာပါ။
―― သူငယ်ချင်းက အရင်အချိန်ပိုင်း အလုပ်လုပ်နေတာပေါ့နော်၊ တကယ်အလုပ်လုပ်ကြည့်တော့ရောအခြေအနေ ဘယ်လိုရှိလဲ။
အရမ်းအလုပ်လုပ်ရတာလွယ်ပါတယ်။ နိုင်ငံခြားသားတွေအတွက် အဆင်ပြေတဲ့ အလုပ်ငန်းခွင့်လို့ ထင်ပါတယ်။ အထူးသဖြင့် အလုပ်နဲ့ပတ်သက်ပြီး Manual Book ကိုသေချာပြင်ဆင်ထားတဲ့ အချက်လို့ထင်ပါတယ်။ ဒီလို Manual ကို ကိုယ့်ဖုန်းထဲမှာ လဲကြည့်နိုင်ပါတယ်။ ဆိုင်ခွဲတွေမှာလဲiPad တွေလဲရှိသလို စမတ်ဖုန်းထဲကနေလဲ ကြည့်လိူ့ရလို့ ကြိုက်တဲ့အချိန် ပြန်ကြည့်လို့ရပါတယ်။ ဥပမာ ပီဇာလုပ်တဲ့အချိန်မှာ ပီဇာအသားကိုဘယ်လိုဆွဲရမလဲ၊ ဆော့ကိုဘယ်လိုထည့်ရမလဲ အစသဖြင့် ခေါင်းစဥ်တွေအမျိုးမျိုးနဲ့ ခွဲပြီး သင်ကြားပြသပေးတဲ့ ဗီဒီယိုတွေ ပြင်ထားတာမို့လို့ တော်တော်လေး လေ့လာရတာ အဆင်ပြေပါတယ်။
နောက်ပြီး ဖုန်းထဲ မှာကြည့်ပြီး အရင်လေ့လာ နောက်ပြီး စီနီယာတွေဆီကနေ သင်ယူ လုပ်နိုင်တဲ့အတွက်ကြောင့် ဂျပန်စာသိပ်မရတဲ့သူအနေနဲ့လဲ အိမ်မှာကြိုတင်ပြီး ဗီဒီယိုတွေ ကြည့်တာရင် စီနီယာသင်ပြတဲ့အချိန်မှာ အခက်အခဲမရှိလိုက်လုပ်နိုင်ပါတယ်။ နောက်ပြီး Manual မှာဆိုရင်လဲ မေးခွန်းတွေဖြေပြီး စစ်ဆေးတဲ့ စာမေးပွဲအောင်သွားရင် လစာတိုးတဲ့ စနစ်လဲရှိတာကြောင့်မို့လို့ တော်တော် အားတက်ပါတယ်။ စာမေးပွဲ ဆိုတဲ့ သိသာမြင်သာတဲ့စနစ်နဲ့ သေချာ အကဲဖြတ်နေတာမို့လို ဂျပန်မှာ စပြီးအချိန်ပိုင်းအလုပ်လုပ်မယ့် သူတွေအတွက်လဲ အဆင်ပြေတယ် လို့ထင်ပါတယ်။
―― လုံးဝသစ်လွင်တဲ့ စနစ်ပဲနော်။ အချိန်ပိုင်းအလုပ်က အိမ်အရောက်ပို့တာရော၊ ပီဇာလုပ်တာရော နှစ်မျိုးစလုံးလုပ်ရတာလား။
Domino Pizza ရဲ့ အချိန်ပိုင်းအလုပ်မှာတော့ Delivery နဲ့ ပီဇာ လုပ်တဲ့ အလုပ်ဆိုပြီး ၂ မျိုးကွဲတာမို့လို့ ဒီ၂ မျိုးထဲက လုပ်ချင်တဲ့ တမျိုူကို အရင်ရွေးချယ် ရပါတယ်။ ကျွန်တော် ကတော့ Delivery
ဝန်ထမ်းအနေနဲ့ လျှောက်လိုက်တာမို့လို့ စစဝင်ချင်းမှာတော့ Delivery ကိုပဲ အဓိကလုပ်ခဲ့ပါတယ်။
―― စစချင်း Delivery ပို့ဖို့ရွေးချယ်ခဲ့တာလား။ စစရောက်ချင်း ဂျပန် မှာ Delivery ပို့ရမှာ စိုးရိမ်စိတ်ရှိဘူးလား။
အမှန်တိုင်းပြောရရင် ဘာမှ သိပ်မစဥ်းစားဘဲလျှောက်လိုက်တာ။ (ရယ်လျက်)
စိုးရိမ်ရတဲ့ အချိန်တိုင်း Manual ကိုကြည့်လိုက်ရင် လမ်းမကျွမ်းလဲ အဆင်ပြေသွားတာချည်းပဲ။ အခုဆို Delivery အတွက် သီးသန့် GPS အက်ပလီကေးရှင်းလဲရှိပြီး ပိုပြီး ပို့ရတာလွယ်လာတယ်။
▲Deliveryပို့တဲ့အချိန် အသုံးပြုနေကျ လျှပ်စစ်စက်ဘီး နဲ့မိုင်ကယ်
လက်ရှိမှာတော့ Kikugawa ဆိုင်ခွဲ မှာတော့ SDGs ရှုထောင့်နေ စဥ်းစားပြီး Delivery ပို့တဲ့ အချိန်မှာ မော်တော် ဆိုင်ကယ် မဟုတ်ဘဲ လျှပ်စစ်စက်ဘီး ကိုသာအသုံးပြုနေပါတယ်။
ဒါပေမယ့် တကယ်အလုပ်လုပ်ကြည့်ပြီး ပင်ပန်းတယ်လို့ခံစားရတဲ့ အချက်တွေရှိပါတယ်။ ဥပမာ ဆိုင်မှာ လုပ်တဲ့ အချိန်ဆိုရင် တခြားဝန်ထမ်းတွေလဲ အတူတူရှိတော့ စိတ်အေးရပေမယ့် အပြင်ထွက်ရင် တစ်ခုခု ဒုက္ခရောက်ပြီးဆို ကိုယ့်ကိုကူညီပေးမယ့်သူရှိမရှိ စိတ်ပူရပါတယ်။
စားသုံးသူဘက်ကနေ ကြည့်မယ်ဆိုရင်လဲ ဝန်ထမ်း အသစ် လဲ ဝန်ဆောင်မှု အမျိုးမျိုးပေးရတဲ့ အတွက်ကြောင့်မို့လို မသိတာရှိရင် စီနီယာတွေကို သေချာမေးပြီးတော့ ကိုယ်လုပ်နိုင်တာတွေ များလာအောင်လုပ်နေပါတယ်။
――နားမလည်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်တဲ့ လုပ်ငန်းခွင်မျိုးပေါ့နော်။
ဟုတ်ပါတယ်။ ဒီအချက်ကလဲ Domino Pizza မှာ အလုပ်လုပ်လို့ ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကျိန်းသေပေါက် ဆိုင်ခွဲအပေါ်မူတည်ပေမယ့် ကျွန်တော် လုပ်နေတဲ့ ဆိုင်ခွဲမှာတော့ ဝန်ထမ်းအချင်းချင်း ခင်ခင်မင်မင်နေကြပါတယ်။ နီးနားက ဆိုင်ခွဲကလူတွေနဲ့လဲ ဆက်ဆံရေးကောင်းပါတယ်။ အလုပ်ရှုပ်တဲ့အချိန်တိုင်း အမြဲတမ်းအကူအနေနဲ့ သွားပါတယ်။
အလုပ်ချိန်ပြင်ပမှာလဲ အတူတူအလည်သွားလေ့လဲရှိပါတယ်၊ ကျွန်တော် က ဖီလစ်ပိုင်က တက္ကသိုလ် မှာ အွန်လိုင်းကနေစာသင်နေတဲ့ အတွက်ကြောင့်လည်မယ့် သူငယ်ချင်းသိပ်မရှိပါဘူး။ ဒါကြောင့် အချိန်ပိုင်းအလုပ်မှာ ဒီလို သူငယ်ချင်းမျိုးရတာ သိပ်ကိုကျေးဇူးတင်ဖို့ကောင်းတယ်။
ကျွန်တော်တို့က တစ်ဦးချင်းစီရဲ့ စွမ်းရည်ကိုအလေးထားပြီး လုပ်ငန်းခွင်ကြီးလည်ပတ်နေပါတယ်။ လူ့အခွင့်အရေးကို အလေးထားပြီး လူမျိုး၊ ဘာသာ၊ကျားမ အသက်အရွယ် ဘာသာစကား၊ စတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုတွေကို ရှုတ်ချပါတယ်၊။ နောက်ပြီး လူတိုင်းကို အလေးထားပြီး တစ်ဦးချင်းစီရဲ့ စွမ်းရည်တွေ ထုတ်ပြနိုင်တဲ့ လုပ်ငန်းမျိုးကို ရည်မှန်းချက်ထားပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သေချာ နားလည်နိုင်အောင် ရုံးတွင်းမှာလဲ သေချာ စနစ်တကျ သင်ကြား ပြသလျက်ရှိပါတယ်။
Domino Pizza ရဲ့ အလုပ်ခေါ်တဲ့ ပေ့ချ်မှ
စာရေးသူရွေးချယ်သောဆောင်းပါး
ဘာလို့ Domino Pizza ကအရသာရှိတာလဲ အလုပ်လုပ်ပြီးမှသိခဲ့ရတဲ့လျှို့ဝှက်ချက်
―― အချိန်ပိုင်းအလုပ် မလုပ်ခင်တုန်းကရော Domino Pizza မှာ စားဖူးပါသလား။ အဲ့အချိန်တုန်းကရော Domino Pizza နဲ့ပတ်သက်ပြီဘယ်လိုမြင်ပါသလဲ။
ကျိန်းသေပေါက် စားဖူးတာပေါ့။ ရွေးလို့ရတဲ့ Topping တွေလဲ အများကြီးရှိပြီး တချပ်တည်းမှာတင် အရသာ ၄ မျိုးရှိတတို့ မုန့်သားကိုလဲ ရွေးနိုက်တာမျိုးပေါ့။ အခုချိန်မှာဆိုရင်တော့ သိပ်ပြီးတော့မထူးဆန်းတော့ဘုးပေါ့။ ဖီလစ်ပိုင်မှာ စားတဲ့ ပီဇာနဲ့ယှဥ်လိုက်ရင် တော်တော် စားလို့ကောင်းပါတယ်။
―― ဘယ်ဟာက စားလို့ကကောင်းဆို မကောင်းဘူဆိုတာထက် စျေးနှုန်းနဲ့ ယဥ်ကျေးမှု ကွဲပြားတာကြောင့်လဲပါမယ် ထင်တယ်နော်။
ဟုတ်တယ်။ ဖီလစ်ပိုင်မှာဆိုရင် ပီဇာ ဆိုတာကတော့ ပေါ့ပေါ့ပါးပါးစားလို့ရတဲ့အစားစားမျိုး၊ ဒါပေမယ့် ဂျပန်မှာကတော့ တစ်ခုခု ထူးခြားတာရှိတဲ့ နေတွေ့မှာပဲ ပီဇာစားလေ့ရှိတာဆိုတော့ ဒီနှစ်ခုကို နှိုင်းယှဥ်ကြည့်ရင်တောင် ပီဇာ အပေါ်ထားတဲ့ အမြင်က တော်တော်ကွာခြားပါတယ်။
――ဂျပန်လူမျိုးတွေထဲမှာလဲ ပီဇာကို အရသာရှိပေမယ့် စျေးကြီးတဲ့ အစားစားလို့ထင်နေပတဲ့ သူတွေ များကြပါတယ်။ ကျွန်တော် ကတော့ ကိုလိုနာတုန်းက အိမ်မှာနေတဲ့ အချိန်တွေ ပိုပြီးတိုးလာတဲ့အတွက်ကြောင့် ဘာမျှမရှိတဲ့ နေ့တွေမှာဆိုရင် အမြဲတမ်း ပီဇာမှာစားလေ့ရှိတယ်။ ၂၀၂၀ ရောက်ပြီး ပါဆယ်ဆွဲရင် စျေးတဝက်လျှော့တဲ့ အစီစဥ်လဲရှိတော့ တော်တော်အဆင်ပြေသက်သာတယ်။
အားပေးတဲ့အတွက်ကြောင့်မို့လို့ ကျေးဇူး အများကြီးတင်ပါတယ်။ ကိုလိုနာ ဖြစ်ပြီး ဂျပန်မှာလဲ ပီဇာကို ပုံမှန်အစားစာလိုစားလာကြတဲ့သူတွေ လဲများလာတယ်လို့ကြားရတယ်။ ဒီလိုလိုအပ်ချက်တွေကြောင့် စျေးထက်ဝက်လျှော့တဲ့ အစီအစဥ်တွေကိုလဲ ပိုပြီး လုပ်ပေးနေပါတယ်။ အခုမှ ဂျပန်ကိုလာမယ့် သူတွေအတွက်လဲ ပေါ့ပေါ့ပါးပါး ပီဇာကိုစားလို့ရမယ့် အနေအထားမျိုးဖြစ်နေတော့ ကျိန်းသေပေါက် ကိုယ့်တိုင်းပြည်ကအရသာနဲ့ ဂျပန်က အရသာကိုနှိုင်းယှဥ်စားကြည့်ကြပါ။
▲ဖီလစ်ပိုင်က Domino Pizza ကလဲ စားလို့ကောင်းမယ့်ပုံပဲနော်။ ဖီလစ်ပိုင်မှာရှိတုန်းအချိန်က Domino Pizza တခေါက်မှ မစားဖူးတော့ အရသာဘယ်လိုနေမလဲ မပြောတတ်ဘူး။ (ရယ်ရင်း)
―― ကိုယ်တိုင်အလုပ်လုပ် ကြည့်ပြီးရော Domino Pizza အရသာရှိတဲ့ အကြောင်းအရင်းက ဘာလို့ထင်ပါသလဲ။
အဓိကအချက်ကတော့ Delivery မြန်ဆန်လို့လို့ ထင်ပါတယ်။ လုပ်လက်စ ပီဇာကို မြန်မြန်ဆန်ဆန်အိမ်အရောက် ပို့ဆောင်ပေးတော့ ပူပူနွေးနွေးနဲ့ စာလို့ရတြံ အချက်က ပီဇာကိုအရသာရှိစေတဲ့ အချက်လို့ထင်ပါတယ်။ ပီဇာပို ပူပူနွေးနွေ စားသုံးနိုင်ဖို့အတွက်မြန်ဆန်တဲ့ ပို့ဆောင်ရေးအတွက်လဲ စနစ် အမျိုးမျိုးကို အကောင်အထည်ဖော်နေပါတယ်။ ဥပမာ ကျွန်တော် စလုပ်ခါစတုန်းကတည်းက Delivery အတွက် သီးသန့် GPS အသုံးပြုနိုင်လာသလိုမျိုးပေါ့။ ဒီလို အဆင်ပြေတဲ့ စနစ်တွေကြောင့် အလုပ်လဲ ပိုပြီး သက်သာလာပြီး စားသုံးသူတွေ အတွက်လဲ ပိုပြီးတော့ အဆင်ပြေလာတာပေါ့။
―― မိုင်ကယ်က Delivery အလုပ်ပဲလုပ်တာလား။ ဒါမှမဟုတ် ပီဇာရောဖုတ်သေးလား။
ဖုတ်ပါတယ်။ ရုံးတွင်းမှာ စစ်ဆေးတဲ့ ပီဇာလုပ်တဲ့ လက်မှတ်လဲ ရှိပါတယ်။ ပီဇာ ဖုတ်တဲ့အချိန် အရေးကြီးဆုံးကတော့မုန့်သားကို ဆွဲဆန့်တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မုန့်သားကို ဆွဲဆန့်တဲ့ အချိန်မှာ သေချာ အားစိုက်ပြီးလုပ်ပါတယ်။ အခုချိန်အထိ မုန့်သားကိုဆွဲဆန့်ပြီးတဲ့ အချိန်တိုင်း တော်တော် မောပန်းရတယ်။
―― အိုး တကယ်လုပ်နေတဲ့ ပုံစံကိုကြည့်ချင်လိုက်တာ။
၁ ချပ်လောက်ဖုတ်ပြရမလား။ မြည်းကြည့်စမ်းပါ။
――တကယ်ကြီးလား။
▲မိုင်ကယ်ကတော့ သူအကြိုက်ဆုံးပီဇာ တစ်ချပ်ကို ကိုလက်တွေ့ လုပ်ပြခဲ့ပါတယ်။ ပီဇာတစ်ချပ်တည်းမှာ အရသာ၄ မျိုးပါတဲ့ အရမ်းအရသာရှိတဲ့ ပီဇာဖြစ်ပါတယ်။
―― ကျောင်းပြီးသွားရင်ရော ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ။
ကျွန်တော်က FPS ရဲ့ပရိုဂရမ်မာဖြစ်ဖို့ ကြိုးစားနေတာပါ။ ကလေးဘဝ ကတည်းက သူငယ်ချင်းတွေနဲ့ ဂိမ်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်တိုင်း ငအရမ်းတော်တာပဲ လို့ဂုဏ်ဘူနေကျ ဆိုတော့၊ နောက်ပြီး ပရိုဂရမ်မာ ဖြစ်ရင် ဂျပန်မှာရေဦ ဖိလစ်ပိုင် မှာရော အလုပ်လုပ်လို့ရတယ်လေ။
―― အိုး လူကြိုက်များတဲ့ ဟိုဂိမ်းရဲ့ နောက်ဆုံးအဆင့်လား။ အင်တာဗျုးနဲ့ သိပ်မသက်ဆိုင်လို့ နာမည်မပြောဘဲ ထားလိုက်မယ်နော်။ တော်တော် တော် တာပဲနော်။
▲FPSဂိမ်းမှာ ရန်သူတွေကို ချိန်ပြီး သေနတ်နဲ့ ပစ်သလိုမျိုး သေချာ ပြင်ဆင်ထားတဲ့ စွမ်းရည်တွေနဲ့ အဖြည့်စာတွေကို သေချာတင်နေတဲ့ မိုင်ကယ်။
―― အားပေးနေပါတယ်။ ဂီမ်းပရိုဂရမ်မာ ဖြစ်ရင် Domino Pizza ဆီကနေလဲ စပေါ်ဆာတောင်းဖို့ မမေ့နဲ့နော်။
ဟုတ်သားပဲနော်။ (ရယ်ရင်း)
▲ မိုင်ကယ်ဖုတ်တဲ့ ပီဇာ အရမ်းစားလို့ကောင်းတယ်။
ဒီအစီစဥ်ကိုတော့ Domino’s Pizza Japan ကနေပြီးတော့ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။