ဂျပန်မှာ အလုပ်လုပ်နေတဲ့သူများ ဝင်ရမယ့် လူမှူဖူလုံရေး အာခံ

ဂျပန်မှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ကတော့ 社会保険 (shakaihoken) လို့ခေါ်တဲ့ လူမှုဖူလုံရေးအာမခံက်ု ဝင်ကြရပါတယ်။ လူမှုဖူလုံရေးအာမခံ ကိုအသေးစိတ်ပြန်ခွဲလိုက်မယ်ဆိုရင်တော့ ၅ မျိုးပြန်ပြီးခွဲခြားနိုင်ပါတယ်။ ဂျပန်မှာ အချိန်ကြာကြီးနေထိုင်တဲ့ သူတွေကတော့ အာမခံအကြောင်းကို သေချာသိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ 社会保険 (shakaihoken) ထဲမှာပါဝင်တဲ့ အာမခံအမျိုးအစားတွေအကြောင်းကို အသေးစိတ်ရှင်းပြသွားပါ့မယ်။

မာတိကာ

  1. ဂျပန်နိုင်ငံရဲ့ လူမှုဖူလုံရေးအာမခံအကြောင်း။
  2. 社会保険 (shakaihoken) မှာပါဝင်တဲ့ အာမခံ ၅ မျိုး။
  3. ပင်စင်အခွန်ပြန်ထုတ်နည်းနှင့် သိထားရမယ့် အချက်များ။
  4. ဗီဇာပြောင်းတဲ့ အချိန်မှာ အာမခံက အကျိုးသက်ရောက်မှုရှိ/မရှိ။
  5. အကျဥ်းချုပ် 

ဂျပန်နိုင်ငံရဲ့ လူမှုဖူလုံရေးအာမခံအကြောင်း။

ဂျပန်နိုင်ငံရဲ့ လူမှုဖူလုံရေးအာမခံမှာတော့ တစ်ခုခုအရေးပေါ်အခြေအနေတွေမှာ အကျိုးရှိစေမယ့် စနစ်မျိုးပါဝင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာတော့ နေမကောင်းဖျားနာခြင်း၊ ဒဏ်ရာရခြင်း၊ အလုပ်နဲ့ပတ်သက်ပြီးမတော်တဆ ဒဏ်ရာရခြင်းတို့ပါဝင်ပါတယ်၊ ကလေးမွေးဖွားခြင်း၊ သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်း၊ ကုသမှုခံယူခြင်းတို့ပါဝင်ပါတယ်။ ဒီလို အာမခံကနေရရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေကတော့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းဆိုဆဲ့ ခွဲခြားမှုမရှိဘဲ အားလုံးညီတူညီမျှ အကျိုးခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံသားအားလုံးကတော့ လူမှုဖူလုံရေးအာမခံကို ဝင်ထားရမှာဖြစ်ပါတယ်။ အာမခံဟနစ်ကတော့ စနစ်အောက်မှာ အပြန်အလှန်အကူအညီပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စနစ်အကြောင်းကိုသေချာနားလည်ထားပြီး လူမှုအသိုင်းအဝိုင်းကို မှန်မှန်ကန်ကန်အကျိုးပြုနိုင်ဖို့အရေးကြီးပါတယ်။

※ ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့လဲ ၃ လ နှင့်အထက်နေထိုင်ပါက

ကျန်းမာရေးအခွန်ကို မဖြစ်မနေဝင်ရမှာဖြစ်ပါတယ်။ ဒါမှသာ မတော်တဆ တစ်ခုခုဖြစ်ပါက ဆေးဖိုးဝါးခ အများကြီးမကုန်ကျဘဲ ကုသနိုင်မှာဖြစ်ပါတယ်။

社会保険 (shakaihoken) မှာပါဝင်တဲ့ အာမခံ ၅ မျိုး။

社会保険 (shakaihoken) ဆိုတာကတော့ လူမှူဖူလုံရေးအာမခံကိုဆိုလိုတာဖြစ်ပြီးတော့ အသေးစိတ်အထဲမှာ အာမခံ အမျိုးအစား၅ မျိုးပါဝင်ပါတယ်။ ၅ မျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. ကျန်းမာရေး အာခမံ (医療・健康保険)
  2. ပင်စင်အာမခံ (厚生年金保険)
  3. အလုပ်ခန့်ထားမှုအာမခံ (雇用保険)
  4. အလုပ်သမားမတော်တဆအာမခံ (労災保険)
  5. စောင့်ရှောက်ကုသရေးအာမခံ (介護保険)

အပေါ်မှာဖော်ပြထားတဲ့အတိုင်း ဂျပန်နိုင်ငံသား မဟုတ်လဲ လူမှဖူလုံရေးအာမခံကို ဝင်ထားရမှာဖြစ်ပြီးတော့ မိမိရဲ့အခြေအနေအပေါ်မူတည်ပြီးတော့ ကွဲပြားချက်အနည်းငယ်တော့ရှိနိုင်ပါတယ်။

ကျန်းမာရေး အာခမံ (医療・健康保険) - လူတိုင်းမဖြစ်မနေ ဝင်ရမည်

ပထမဆုံးတစ်ခုကတော့ ကျန်းမာရေးအာမခံဖြစ်ပြီးတော့ ဂျပန်မှာနေထိုင်တဲ့သူတိုင်း မဖြစ်မနေဝင်ရမယ့် အာမခံဖြစ်ပါတယ်။ ဖျားနာနေမကောင်းဖြစ်ခြင်းနှင့် မတော်တဆ ဒဏ်ရရတဲ့အချိန်တွေမျိုးမှာဆိုရင်တော့ ကုန်ကျစာရိတ်သက်သက်သာသာနှင့် ဆေးကုသနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေး အာမခံကတ်ပြားကိုပြရုံဖြင့် ကျသင့်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုသာပေးဆောင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေး အာမခံကိုလဲ အသေးစိတ်ပြန်ခွဲလိုက်မယ်ဆိုရင်တော့ ၃ မျိုးထပ်တွေ့ရမှာဖြစ်ပါတယ်။

  1. အလုပ်သမားကျန်းမာရေးအာမခံ (健康保険)

  2. အစိုးရကျန်းမာရေးအာမခံ (国民健康保険)

  3. အကျိုးအဖွဲ့အစည်း (共済組合)

  4. သင်္ဘောသား အာမခံ (船員保険)

ပုံမှန်အားဖြင့် ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေမယ်ဆိုရင်တော့ အလုပ်သမားကျန်းမာရေးအာမခံ (健康保険) ကိုဝင်ရမှာဖြစ်ပြီးတော့ ကျောင်းသား ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူဖြစ်ပါက အစိုးရကျန်းမာရေးအာမခံ (国民健康保険)ကိုဝင်ထားရမှာဖြစ်ပါတယ်။

အလုပ်မှာဝင်ထားတဲ့ အာမခံကြေးကိုတော့ လစဉ် လစကနေ အလိုအလျောက်ဖြတ်မှာဖြစ်ပြီးတော့ ကျောင်းသားတွေနှင့် ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေအတွက် အစိုးရ ကျန်းမာရေးအာမခံကိုတော့ ကိုယ်တိုင်ပေးဆောင်ရမှာဖြစ်ပါတယ်။

ဂျပန်မှာနေမကောင်းဖြစ်တဲ့အချိန် ဆေးခန်းသွားပုံသွားနည်းကိုလဲ ဖတ်ထားဖို့ လိုအပ်ပါတယ်။

ပင်စင်အာမခံ (厚生年金保険)

ပင်စင်အခွန်ကလဲ ဂျပန်မှာနေထိုင်ပြီး အသက် ၂၀ ရောက်ပြီးသားသူတိုင်းဝင်ထားရမယ့် အခွန်ဖြစ်ပါတယ်။ ပင်စင်အခွန်ကတော့ အသက်အရွယ် တစ်ခုရောက်လာတဲ့ အချိန်မှာ အခက်အခဲမရှိ စားသောက်နေထိုင်နိုင်ဖို့ရည်ရွယ်ပြီးတော့ ပင်စင်အခွန်မှာတော့ အောက်ပါအတိုင်း အမျိုးအစားတွေ တွေ့နိုင်ပါတယ်။

  1. 老齢年金 / အသက်ကြီးပင်စင် - ၆၅ နှစ်နှင့်အထက်ကိုရောက်တဲ့သူတွေကိုပေးတဲ့ပင်စင်။

  2. 障害年金/ မသန်မစွမ်းပင်စင် - မသန်မစွမ်းတဲ့သူတွေကိုပေးတဲ့ပင်စင်။

  3. 遺族年金/ အသက်ဆုံးရှုံးမှုပင်စင် - အသက်ဆုံးရှုံးသွားတဲ့ကံယာကံရှင်ရဲ့ မိသားစုတွေ ခံစားခွင့်ရနိုင်တဲ့ ပင်စင်ဖြစ်ပါတယ်။ 

ပင်စင်ကတော့ ကျန်းမာရေးအာခံနှင့် တွဲလာလေ့ရှိပြီးတော့အလုပ်သမားကျန်းမာရေးအာမခံ (健康保険) ကိုဝင်တဲ့သူတွေကတော့ အလုပ်သမား ပင်စင်အခွန် (厚生年金)ကိုဝင်ရမှာဖြစ်ပါတယ်။ အစိုးရ ကျန်းမာရေးအာမခံ (国民健康保険)ကိုဝင်ထားတဲ့သူတွေကတော့ အစိုးရပင်စင် (国民年金) ကိုဝင်ရမှာဖြစ်ပါတယ်။ ပင်စင်အခွန်ကို ၁၀ နှစ်နီင့် အထက်ဆက်တိုက်ပေးဆောင်ထားတဲ့ သူတွေအနေနဲ့ကတော့ ၆၅နှစ် အထက်ရောက်ရင် ပင်စင်ငွေထုတ်နိုင်ပြီဖြစ်ပါတယ်။

အလုပ်ခန့်ထားမှုအာမခံ (雇用保険)

အလုပ်ခန့်ထားမှု အာမခံကတော့ တကယ်လို့ အလုပ်လုပ်နေတဲ့သူဆိုရင်တော့ မဖြစ်မနေဝင်ရမှာဖြစ်ပါတယ်။ အလုပ် တပတ်ကို ၂၀ နာရီ သို့မဟုတ် ၃၁ ရက်နှင့်အထက်လုပ်ထားတဲ့သူဆိုရင်တော့ မဖြစ်မနေဝင်ရမှာဖြစ်ပါတယ်။ ဒီအာမခံရဲ့ အကျိုးခံစားခွင့်ကတော့ အလုပ်ရှာတဲ့ အချိန်မှာ အကျိုးခံစားခွင့်တွေရရှိခြင်းဖြစ်ပါတယ်။ အလုပ်ရှာနေတဲ့သူ သို့မဟုတ် အလုပ်မရှိတဲ့ သူတွေကို အလုပ်ရှာဖို့ အတွက်ထောက်ပံ့ပေးတာမျိုးတွေကိုပြုလုပ်ပေးလေ့ရှိပါတယ်။ တခြားခံစားခွင့်တွေအနေနဲ့ကတော့ ပညာရေးနှင့် ထရိန်နင်တို့ကိုလဲပြုလုပ်ပေးတာမျိုးတွေရှိလေ့ရှိပါတယ်။

အလုပ်သမားမတော်တဆအာမခံ (労災保険)

နောက်တစ်ခုက‌တော့ အလုပ်သမားမတော်တဆ အာမခံဖြစ်ပြီးတော့ ဂျပန်မှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့သူတွေနအပါအဝင် ဝန်ထမ်းတွေအားလုံးအတွက် ဂျပန်နိုင်ငံမှာ ဝင်မနေရဝင်ရမယ်ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ဒီအာမခံရဲ့ အကျိုးခံစားခွင့်ကတော့ အလုပ်သမားတွေ တစ်ခုခု မတော်တဆထိခိုက်မှုတွေဖြစ်ရင်တော့ ဒီအကျိုးခံစားခွင့်ကတော့ အကျုံးဝင်မှာဖြစ်ပါတယ်။ 

မတော်တဆ အလုပ်မှာ တစ်ခုခုဖြစ်ရင်တော့ အလုပ်ဘက်ကနေပြီးတော့ ဒီအာမခံကို အသုံးချပြီးတော့ ခံစားခွင့်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ တစ်ခုခု မတော်တဆဖြစ်ရင် တော့ ဒီအာမခံကို အသုံးချရမှာဖြစ်ပါတယ်။ အလုပ်ဘက်ကနေပြီးတော့ ဝန်ထမ်းတွေကိုအာမခံအကြောင်းတွေကိုမပြောပြတာတို့၊ အကျိုးခံစားခွင့်တွေကို မပြောတာတို့လုပ်တာမျိုးတွေဆိုရင်တော့ တရားမဝင်ပါဘူး။ 

စောင့်ရှောက်ကုသရေးအာမခံ (介護保険)

介護保険 (Kaigo Hoken) ကတော့ ကျန်းမာရေးစောင့်ရှောက်ရေးအာမခံဖြစ်ပြီးတော့ ဂျပန်မှာနေထိုင်နေတဲ့ အသက် ၄၀ နှင့်အထက်လူတိုင်းဆောင်ရတဲ့ အာမခံဖြစ်ပါတယ်။ စောင့်ရှောက်ရေးအာမခံအကျိုးခံစားခွင့်ကတော့ အောက်ပါအတိုင်း ၂ အုပ်စုခွဲခြားနိုင်ပါတယ်။

  1. ကျန်းမာရေးစောင့်ရှောက်ရေးလိုအပ်နေတဲ့ အသက် ၆၅ နှင့် အထက်လူများ။

  2. အသက် ၄၀ နှင့် ၆၄နှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တယ်လို့ အသိမှတ်ပြုခံရတဲ့သူ။ 

ပင်စင်အခွန်ပြန်ထုတ်နည်းနှင့် သိထားရမယ့် အချက်များ။

နိုင်ငံခြားသာ‌တွေအနေနဲ့ ပင်စင်မဆောင်မနေရဆောင်ရမှာဖြစ်ပြီးတော့ တကယ်လို့ ဂျပန်ကနေ ကိုယ့်တိုင်းပြည်ကိုပြန်တဲ့ အချိန်မှာ ဆောင်ထားတဲ့ ပင်စင်တွေဘယ်လိုဖြစ်မလဲ ဆိုတဲ့မေးခွန်းကိုအမြဲတမ်းမေးခံရပါတယ်။ ဒါကြောင့်မို့လို ပင်စင်အခွန်ပြန်ထုတ်နည်းကို ဒီနေရာမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

ပင်စင်ပြန်လည်ထုတ်ယူတဲ့ စနစ် (脱退一時金, Dattai Ichijikin)

ဂျပန်နိုင်ငံရဲ့ ပင်စင်စနစ်ကတော့ ၁၀ နှစ်ဆက်တိုက် ဆောင်ထားလို့ရှိရင် ပင်စင်ပြန်ပြီးတော့ထုတ်ယူနိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ ကတော့ ၁၀ နှစ်မတိုင်ခင် နိုင်ငံကိုပြန်သွားမယ်ဆိုရင်တော့ ဆောင်ထားတဲ့ ပင်စင်တွေ အားလုံ အာလဟသ ဖြစ်သွားမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး အလသ မဖြစ်ရလေအောင် ဂျပန်နိုင်ငံမှာတော့(脱退一時金, Dattai Ichijikin) လို့ခေါ်တဲ့ ပင်စင်ပြန်လည်ထုတ်ယူတဲ့ စနစ်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဂျပန်ကနေ မထွက်ခင်‌ဆောင်ထားတဲ့ ပင်စင်တွေရဲ့ ၂နှစ်စာကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

ပင်စင်ပြန်လည်ထုတ်ယူတဲ့ စနစ် ရဲ့ လိုအပ်တဲ့ အခြေအနေများ

ဂျပန်မှာ ပင်စင်ဆောင်ထားတဲ့ သူတွေအတွက် ပင်စင်ပြန်လည်ထုတ်ယူတဲ့ စနစ်ကို အသုံးပြုဖို့ အတွက် အေက်ပါအတိုင်း အချက်အလက်တွေနှင့် ကိုက်ညီရမှာဖြစ်ပါတယ်။ 

  1. ဂျပန်နိုင်ငံသားမဖြစ်ရ။

  2. ပင်စင်သွင်းခဲ့တဲ့ ကာလကတော့ ၆လနှင့် အထက်ရှိရမည်။

  3. ဂျပန်နိုင်ငံမျာ လိပ်စာမကျန်ရ။ (ဂျပန်ကနေ ထွက်ပြီးသာသူဖြစ်ရမည်။)

  4. ပင်စင်ခံစားခွင့် လုံးဝမရှိတော့ပါ။

  5. အသက်ပြည့်ပင်စင်ခံစားခွင့်အတွက် လိုအပ်ချက်များနှင့် မကိုက်ညီသူ။

အပေါ်က အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ ဂျပန်ကိုမထွက်ခင် ၂ နှစ်အတွင်းဆောင်ထားတဲ့ ပင်စင်ကိုထုတ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ပင်စင် အမျိုးအစားအပေါ်မူတည်ပြီးတော့ ထုတ်ယူနည်းကလဲ ကွာခြားမှာဖြစ်ပါတယ်။ 

အစိုးရပင်စင်အာမခံ (国民年金)

အောက်ပါအတိုင်း ပုံသေနည်းနဲ့ တွက်တာဖြစ်ပါတယ်။

ထုတ်ယူနိုင်တဲ့ ပမာဏ = ပင်စင်ဆောင်ခဲ့တဲ့ နောက်ဆုံးလရဲ့ ဘဏ္ဠာနှစ် × ½ × ဇယားမှ ကိန်းဂဏန်း။

ဇယားကိုတော့ ဂျပန်နိုင်ငံ ပင်စင်ဝက်ဆိုက် ကနေပြီးတော့ ဝင်ကြည့်နိင်ပါတယ်။ 

အလုပ်သမားပင်စင် အာမခံ (厚生年金)

အောက်ပါအတိုင်း ပုံသေနည်းနဲ့ တွက်တာဖြစ်ပါတယ်။

ထုတ်ယူနိုင်တဲ့ ပမာဏ = ပင်စင်ဆောင်ခဲ့တဲ့ အချိန်ကာလအတွင် ပျမ်းမျှပမာဏ × ငွေပေးချေနှုန်း (ဇယားမှ)

ဇယားကိုတော့ ဂျပန်နိုင်ငံ ပင်စင်ဝက်ဆိုက် ကနေပြီးတော့ ဝင်ကြည့်နိင်ပါတယ်။ 

ပင်စင်ပြန်လည်ထုတ်ယူတဲ့ အချိန်မှာ ဝင်ငွေ အခွန်နုတ်ခံရခြင်း။

အလုပ်သမားပင်စင် အာမခံ (厚生年金)ကနေပြီးတော့ ပင်စင်အခွန်ပြန်ထုတ်တဲ့သူတွေကတော့ ဝင်ငွေအခွန်နှုန်းထား ၂၀.၄၂ ရာခိုင်နှုန်းပြန်ပြီးတော့အနှုတ်ခံရပါတယ်။ အစိုးရ ပင်စင်ဆောင်ထားတဲ့ သူတွေကတော့ အနှုတ်မခံရပါဘူး။ 

ဗီဇာပြောင်းတဲ့ အချိန်မှာ အာမခံက အကျိုးသက်ရောက်မှုရှိ/မရှိ။

ဒီအာမခံတွေ‌ဆောင်မဆောင်က နေထိုင်ခွင့်သက်တမ်းတိုးတဲ့ အခါ ဒါမဟုတ် နေထိုင်ခွင့်အနေအထားပြောင်းလဲ တဲ့ အခါမှာ အကျိုးသက်‌ရောက်မှုရှိနိုင်ပါသလား။ အကျိုးသက်ရောက်မှု ရှိမရှိ ကတော့ စည်းမျဥ်းစည်းကမ်းအသေးစိတ်မရှိပေမယ့် နေထိုင်ခွင့် သက်တမ်းတိုးသည်ဖြစ်စေ၊ နေထိုင်ခွင့်အနေအထားပြောင်းလဲတဲ့ အချိန်မှာဖြစ်စေ အာမခံကတ်ပြားကိုတော့ မဖြစ်မနေ ထပ်ရမှာဖြစ်ပါတယ်၊ 

နောက်ပြီးတော့ ဂျပန်နိုင်ငံမှာ ထာဝရနေထိုင်ခွင့်လျှောက်ဖို့ အတွက်ဆိုရင်လဲ အခွန်‌ဆောင်ကြောင်း သက်သေစာရွက်စာတမ်းတွေ တင်ပြဖို့ လိုအပ်ပါတယ်။ အခွန်မဆောင်ထားတာတွေနဲ့ နောက်ကျတာမျိုးတွေရှိရင်တော့ ရလာဒီကို အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဂျပန်မှာ နိုင်ငံခြားသားတွေ တိုးလာတဲ့ အတွက်ကြောင့်မို့လို့ အနောက်ပိုင်းမှာလဲ စည်းမျဥ်းစည်းမျဥ်းစည်းကမ်းတွေ ပိုပြီးတော့ ကြပ်လာနိုင်ချေရှိပါတယ်။ နောက်ပြီးတော့ အခွန်မဆောင်တဲ့ PR သမားတွေကိုလဲ ခွင့်ပြုချက် ဖျက်သိမ်းဖို့အတွက် စီစဥ်မှုတွေကိုလဲ ပြုလုပ်လျက်ရှိပါတယ်။ 

※ ISA, “在留資格の変更,在留期間の更新許可のガイドライン” [Revised February 2020] , “出入国在留管理基本計画

※ Asahi Shimbun, “税や保険料を納めない永住者、許可の取り消しも 政府が法改正を検討” [2024.02.05]

အကျဥ်းချုပ် 

 Shakai Hoken လို့ခေါ်တဲ့ လူမှုဖူလုံရေးအာမခံကတော့ နိုင်ငံသားဖြစ်မဖြစ်ပေါ်မမူတည်ဘဲ ဂျပန်မှာနေထိုင်တဲ့ သူတိုင်းဝင်ရမှာဖြစ်ပါတယ်။ Shakai Hoken အတွင်းမှာတော့ အာမခံ အမျိုးအစား ၅ မျိုး ထပ်ခွဲပြီး ဖြစ်မနေ ဆောင်ရမယ့် အခွန်နှင့် အချက်အလက်တွေကိုက်ညီမှသာ ဆောင်ရတဲ့ အခွန်အမျိုးအစားတွေလဲရှိပါတယ်။

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ