ဂျပန်မှာ ဝယ်နိုင်မယ့် စျေးသက်သာပြီး လျှောက်ရလွယ်တဲ့ ဖုန်းဆင်းကဒ်များ

ဂျပန်မှာ ဆင်းကဒ်ဝယ်ဖို့ခက်လား။

ဂျပန်မှာတော့ ဆင်းကဒ်စာချူပ် ချုပ်ဖို့အတွက် ခက်ခဲတယ်၊ လွယ်ကူတယ်ဆိုတာကတော့ တစ်ဦးချင်းစီအပေါ်မှာမူတည်ပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေတော်တော်များပြီး အဆင့်တွေ တော်တော် များပါတယ်။ ဒါဆို ဘယ်လို အကြောင်းအရာတွေကြောင့် ဆင်းကဒ်စာချုပ်ချုပ် ဖို့ ခက်ခဲနိုင်သလို လွယ်ကူတာတွေရှိနိုင်သလဲ။ အဓိကကတော့ အောက်က အကြောင်းအရင်းတွေကြောင့်လို ပြောနိုင်ပါတယ်။ 

နေထိုင်ခွင့်ကာလ

တချို့ဆင်းကဒ်တွေကတော့ အနည်းဆုံး ၂နှစ်နှင့် အထက် စာချုပ်ချုပ်ဆိုရမယ်ဆိုတဲ့ အချက်အလက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ နေထိုင်ခွင့်ကာလ ၁ နှစ်လောက်သာရှိတဲ့ သူတွေအတွက်တော့ ဒီလို ဆင်းကဒ်တွေကိုဝယ်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး ဆင်းကဒ် ဝယ်ယူဖို့အတွက် နေထိုင်ခွင့်ကာလ ကို သတ်မှတ်ထားတာကလဲ နိုင်ငံခြားသားတွေအတွက် တော်တော် အဆင်မပြေတဲ့ အချက်တစ်ချက်လို့ပြောလို့ရပါတယ်။ 

အကြွေးဝယ်ကဒ်လိုအပ်တဲ့ ဆင်းကဒ်တွေများပြား

နောက်တစ်ချက်ကတော့ ဆင်းကဒ်ရောင်တဲ့ အော်ပရေတာ တော်တော် များများကတော့ ဘေလ်ကို အကြွေးဝယ်ကဒ် ( Credit Card ) နဲ့ ‌ပေးချေရတဲ့ အော်ပရေတာတွေ တော်တော်များပါတယ်။ ဒါကြောင့်မိုလို့ ဆင်းကဒ် စာချူပ်ချုပ်တဲ့အချိန်တိုင်း အကြွေးဝယ်ကဒ် လိုအပ်သလို ဖြစ်လာပါတယ်။ ဒါ့အပြင်အကြွေးဝယ်ကဒ် ( Credit Card ) ကိုရရှိဖို့ကလဲ တဖန်ခက်ခဲနေပြန်ပါတယ်။ စစ်ဆေးတဲ့ကာလ လဲကြာရှည်ပြီး နေထိုင်ခွင့်၊ ဗီဇာ အမျိုးအစားအပေါ်လိုက်ပြီးတော့ အကြွေးဝယ်ကဒ် လျှောက်ထားလို့မရနိုင်တာတွေလဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအချက်ကလဲ ဂျပန်နိုင်ငံမှာ ဆင်းကဒ်ပြုလုပ်ဖို့အတွက် ခက်ခဲတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ 

အော်ပရေတာ တော်တော်များများက ဂျပန်စာနဲ့သာ ပြုလုပ်နိုင် ။

ဂျပန်မှာ ဆင်းကဒ်ပြုလုပ်ဖို့အတွက် ဂျပန်စာ တော်တော်ရနေမှအဆင်ပြေမယ့် အနေအထားပါ။ ဘာလို့လဲဆိုရင်တော့ အော်ပရေတာ တော်တော်များများက ဂျပန်လိုနဲ့သာ ပြုလုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဘာသာစကားအမျိုးမျိုးနဲ့ ပြုလုပ်နိုင်တဲ့ ဆင်းကဒ် အော်ပရေတာတွေ ပေါလာပေမယ့် နည်းနေပါသေးတယ်။ ဒါကြောင့်မို့လို့ ဘာသာစကားအခက်အခဲကလဲ ဆင်းကဒ်လုပ်ဖို့အတွက် အတားအဆီးတစ်ခုအနေနဲ့ တွေ့နိုင်ပါတယ်။

ဂျပန်မှာဆင်းကဒ်က မရှိမဖြစ်လား။

ဒါဆို ဂျပန်မှာ ဆင်းကဒ်က မရှိမဖြစ်လား။ ဒီအတိုင်းပဲမလုပ်ဘဲ နေနေလို့ရလား။ မရှိလဲ အသက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးဖုန်းပြောနိုင်တဲ့ ဆင်းကဒ် တစ်ခုလောက်တော့ရှိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်က အချက်တွေကိုကြည့်လိူက်ကြရအောင်။ 

အရေးပေါ်ဆက်သွယ်ဖို့အတွက် 

အရေးပေါ်ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်မရှိရင် လုံးဝကိုအဆင်မပြေနိုင်သလို ကိုယ့်အတွက်လဲ အန္တာရာယ်များပါတယ်။ ဒါကြောင့်မို့လို့ လမ်းပျောက်တဲ့ အချိန်မှာဖြစ်စေ၊ အရေးတကြီးဆက်သွယ်ဖို့အတွက် လိုအပ်လာတဲ့အချိန်မှာ ဖြစ်စေ၊ဖုန်းနဲ့ ဆက်သွယ် နိုင်ဖို့ တော်တော် အရေးကြီးပါတယ်။ ဝိုင်ဖိုင် ကလဲ နေရာတိုင်းမှာမရနိုင်တာမို့ ကာလရှည်ဂျပန်မှာ အန္တာရာယ်ကင်းကင်းနေချင်ရင်တော့ ဆင်းကဒ်ရှိထားမှအဆင်ပြေမှာပါ။

တချို့ နေရာတွေမှာ ဖုန်းနံပါတ်ကိုမရှိမဖြစ်တောင်း

တချို့ ရပ်ကွက်ရုံး၊ ရုံးကိစ္စတွေအတွက် ဖုန်းနံပါတ်တွေတောင်းတာမျိုးတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တခြားတယောက်ရဲ့ ဖုန်းနံပါတ်ကိုဖြည့်နိုင်ပေမယ့် အမြဲတမ်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ ဥပမာ အလုပ်လျှောက်ထားလို့ ကိုယ့်ရဲ့ ဖုန်းနံပါတ်နေရာမှာ သူငယ်ချင်းဖုန်းနံပါတ်ထည့်လိုက်ရင် အလုပ်ဘက်ကနေ ဆက်သွယ်လာတဲ့ အချိန်မှာ သူငယ်ချင်းနဲ့ အတူတူမရှိတဲ့ အချိန်မှာတော့ တော်တော် ဒုက္ခရောက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ပိုင်ဖုန်းနံပါတ်ရှိဖို့ကတော်တော်အရေးကြီးပါတယ်။ 

Application/ ဝန်ဆောင်မှုတွေကို မှတ်ပုံတင်တဲ့ အချိန်မှာလိုအပ် 

တချို့ ဝန်ဆောင်မှုတွေ၊ Application တွေကို အသုံးပြုချင်ရင်တော့ ဖုန်းနံပါတ်ရှိထားမှ အဆင်ပြေပါတယ်။ ဂျပန်မှာတော့ လုံးဝ မဖြစ်အနေ အသုံးပြုရတဲ့ ၊ Application တွေ၊ ဝန်ဆောင်မှုတွေ နဲ့ ကိုယ်အတွက်ဝန်ဆောင်မှုကောင်းတွေရယူနိုင်မယ့် ၊ Application တွေရှိပါတယ်။ ဒါကြောင့် ဖုန်းနံပါတ်မရှိရင်တော့ ဒီလို ၊ Application တွေကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ 

ဆင်းကဒ်လျှောက်ဖို့အတွက် ဘယ်လိုအချက်တွေကိုကြည့်သင့်လဲ 

ဒါဆို ဆင်းကဒ်လျှောက်ဖို့ အော်ပရေတာ ရွေးတဲ့အချိန်မှာ ဘယ်လိုအချက်တွေကိုအဓိကကြည့်ပြီးရွေးချယ်ရမှာလဲ။ ဒါကတော့ အပေါ်က အချက်တွေကို အဓိက ကြည့်ရမှာ ဖြစ်ပါတယ်။ 

နေထိုင်ခွင့်ကာလ သတ်မှတ်ချက်ရှိမရှိ။

ပထမအချက်ကတော့ နေထိုင်ခွင့်ကာလ သတ်မှတ်ချက်ရှိမရှိဆိုတဲ့ အချက်ပါ။ အပေါ်မှပြောခဲ့သလိုပဲ ဆင်းကဒ်ဝယ်ဖို့အတွက် နေထိုင်ခွင့်ကာလ သတ်မှတ်ချက်ရှိမရှိဆိုတဲ့ အချက်ကလဲ အရေးပါတာကြောင့် သတ်မှတ်ချက်မရှိတဲ့ အော်ပရေတာမျိုးကိုရှာပြီးဝယ်ရင်တော့ အဆင်ပြေပါတယ်။ 

ဘေလ်ကို အလွယ်တကူဆောင်လို့ရမရ။

နောက်တစ်ခုကတော့ အကြွေးဝယ်ကဒ်မလိုဘဲ ဘေလ် ကို အလွယ်တကူ၊ ဘဏ်ကနေဖြစ်စေ၊ စတိုးဆိုင်တွေကနေဖြစ်စေ အလွယ်တကူဆောင်နိုင်တဲ့ အော်ပရေတာမျိုးကိုရွေးချယ်ဖို့တိုက်တွန်းချင်ပါတယ်။

ဘာသာစကားအမျိုးမျိုးနဲ့ ဝန်ဆောင်မှုရနိုင်မရနိုင်။

နောက်တချက်ကတော့ ဂျပန်ဘာသာစကားတစ်ခုတည်းမဟုတ်ဘဲနဲ တခြားဘာသာစကားတွေနဲ့ ဝန်ဆောင်မှုပေးတဲ့ အော်ပရေတာမျိုးကို ‌ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီအချက်တွေကို မိမိရဲ့ လိုအပ်ချက်တွေကိုမူတည်ပြီး ဒီအချက်တွေကိုကြည့်ရှုရွေးချယ်ဖို့အကြံပေးချင်ပါတယ်။ 

လျှောက်ရလွယ်ပြီး စျေးသက်သာတဲ့ ဆင်းကဒ်များ။

ဒါဆို ဂျပန်ပြည်တွင်းမှာ ဘယ်လိုဆင်းကဒ်တွေရှိလဲ။လျှောက်ရလွယ်ပြီး စျေးသက်သာတဲ့ အော်ပရေတာတွေအကြောင်းကိုဖော်ပြသွားပါ့မယ်။

LINEMO

Linemo ကတော့ SoftBank ရဲ့ လိုင်းကိုအသုံးပြုထားတဲ့ အွန်လိုင်းကနေ စာချုပ်ချုပ်ရတဲ့ SIM Card အမျိုးအစားဖြစ်ပါတယ်။ စျေးနှုန်းသက်သာပြီး SoftBank နဲ့လိုင်းဆွဲအားအတူတူလောက်ရှိပါတယ်။ နောက်ပြီး ကောင်းကွက်ကတော့ဂျပန်မှာ လူအသုံးများတဲ့ Line အက်ပလီကေးရှင်းနဲ့ စာပို့၊ဖုန်းပြော ဝန်ဆောင်မှုတွေကို အခမဲ့ အသုံးပြုနိုင်ပါသေးတယ်။ နောက်ပြီး စာချုပ်ချုပ်တဲ့ အချိန်ရော၊ ဖျက်တဲ့အချိန်ရော၊ အခကြေးငွေမကျသင့်ပါဘူး။ နောက်ပြီးအခမဲ့ အသုံးပြုနိုင်တဲ့ International Plan လဲရှိတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြား ခဏပြန်တဲ့အချိန်မှာလဲ အဆင်ပြေပါတယ်။ စာချုပ်ချုပ်ဖို့အတွက်လဲ အကြွေးဝယ် ကဒ်ရှိဖို့မလိုဘဲ၊ ဘဏ်အကောင့်ရှိရုံနဲ့ အဆင်ပြေပါတယ်။

MOBAL

(mobal)ကတော့ ဂျပန်မှာနေတဲ့ နိုင်ငံခြားတွေအတွက် အဆင်ပြေတဲ့ စျေးနှုန်းသက်သာတဲ့ SIM Card တစ်ခုဖြစ်ပါတယ်။ ဒီ SIM Card ရဲ့ အကောင်းဆုံးအချက်တစ်ခုကတော့ နေထိုင်ခွင့်ကဒ်၊ အကြွေးဝယ်ကဒ် မရှိလဲ လျှောက်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ‌ဒေတာ ပမာဏကိုလဲ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ နောက်ပြီး ဝန်ဆောင်မှု စင်တာ ကိုတော့ ဂျပန်ဘာသာ တစ်ခုတည်းမဟုတ်ဘဲ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ တို့နဲ့ အသုံးပြုနိုင်တဲ့အချက်ကလဲ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ဘေလ်ကိုလဲ Covience Store တွေမှာအလွယ်တကူ ဆောင်နိုင်ပါတယ်၊ ဒီအချက်တွေကြောင့် ဂျပန်နိုင်ငံကို ကာလတို လာရောက်တဲ့ သူတွေအနေနဲ့ လဲ အသုံးပြုရလွယ်ကူတယ်လို့ ဆိုနိုင်ပါတယ်။

AHAMO

ahamo ကတော့အော်ပရေတာ အကြီးစား Dokomo ရဲ့ စျေးနှုန်းသက်သာတဲ့ ပလန်တစ်ခုဖြစ်ပါတယ်။ ဒေတာအများကြီးကို စျေးနှုန်းသက်သက်သာသာနဲ့ သုံးနိုင်တာကတော့ သူ့ရဲ့ထူးခြားချက်ဖြစ်ပါတယ်။ ဝက်ဆိုက်ကနေ လျှောက်ထားနိုင်ပြီး ဘေလ်ကိုလဲ ဘဏ်အကောင့်ကနေ ပေးနိုင်ပြီး ဘေလ်ဆောင်တဲ့အပြင် တခြားဝန်ဆောင်ခတွေပေးစရာမလိုပါဘူး။

GTN MOBILE

GTN Mobile ကတော့ နိုင်ငံခြားသားတွေအတွက် လွယ်ကူပြီးအဆင်ပြေတဲ့ ဆင်းကဒ်တစ်ခုဖြစ်ပါတယ်။ စျေးနှုန်းနဲ့သက်သာပြီး လျှောက်ရတာလဲလွယ်ကူပါတယ်။ နောက်ပြီး ဘာသာစကား အမျိုးမျိူးနဲ့ ဝန်ဆောင်မှုတွေလဲပေးလျက်ရှိပါတယ်။ ဒါပေမယ့် မြန်မာဘာသာစကားနဲ့ ဝန်ဆောင်မှုတော့ မပေးသေးပါဘူး။ ဒစ်စကောင့် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးအဆင်ပြေပါသေးတယ်။ အကြွေးဝယ်ကဒ်ပါတွဲလျှောက်ပါက လျှော့စျေးလဲရှိပါသေးတယ်။

II Jmio

II Jmio ကတော့ စျေးနှူန်းသက်သာတဲ့ SIM CARD တွေထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် ဘေလ်ပေးဖို့အတွက်ကတော့ Credit Card ရှိဖို့လိုအပ်ပါတယ်။ ပလန်တွေထဲမှာတော့ စျေးတော်တော်သက်သာပြီး ယန်း ၁၀၀၀ အောက် ပလန်တွေလဲ အများကြီးရှိပါတယ်။ Credit Card ရှိထားရင်တော့ တော်တော် အဆင်ပြေပါတယ်။

အကျဥ်းချုပ် 

ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံမှာ ကာလကြာရှည်နေထိုင်မယ့်သူတွေအတွက် အဆင်ပြေမယ့် စျေးနှူန်းသက်သာတဲ့ SIM CARDတွေကို ဖော်ပြလိုက်ပါတယ်။ SIM CARD ရှိတာရင် တော်တော် အဆင်ပြေတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တဲ့ ကိုက်မယ့်စျေးသက်သာတဲ့ SIM CARD လေး တစ်ခုလောက်တော့လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ