ဆောင်းဦးရာသီမျာပွင့်တဲ့ ပန်းများနှင့် ကြည်ရှုနိုင်မယ့် နေရာများ။

ဂျပန်နိုင်ငံမှာတော့ ရာသီ ၄ ပါးလုံး လှပတဲ့ ပန်းလေးတွေဝေဆာပွင့်ဖူးလေ့ရှိပါတယ်။ ဆောင်းဦးရာသီမှာဆိုရင်လဲ မေပယ်ရွက်တွေနှင့် နှစ်တစ်ရာအရွက်တွေအပြင် တခြား လှပပြီးနှစ်လိုဖွယ်ကောင်းတဲ့ ပန်းတွေအများကြီး ပွင့်လေ့ရှိပါတယ်။ 

မာတိကာ

  1. ဂျပန်ဆောင်းဦးရာသီကဘယ်တော့လဲ။

  2. ဂျပန်ဆောင်းဦးရာသီမှာပွင့်တဲ့ပန်းများ။

ဂျပန်ဆောင်းဦးရာသီကဘယ်တော့လဲ။

ဂျပန်နိုင်ငံရဲ့ မိုးလေဝသ ဝန်းကြီးဌာန ရဲ့ အချက်အလက်များအရ အောက်ပါအတိုင်း ရာသီ ၄ မျိုးကိုခွဲခြားနိုင်ပါတယ်။

  • နွေဦးရာသီ - မတ်လ မှ မေလအထိ။
  • နွေရာသီ - ဇွန်လမှ ဩဂုတ်လအထိ။
  • ဆောင်းဦးရာသီ - စက်တင်ဘာလမှ နိုဝင်ဘာလအထိ။
  • ဆောင်းရာသီ - ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ။ 

ဆောင်းဦးရာသီကတော့ အများအားဖြင့် စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ၃ လခန့်ကြာမြင့်ပါတယ်။ ဒီအချိန်ကာလကိုရောက်တာနဲ့ ရာသီဥတုကလဲ အေးမြလာပြီးတော့ သစ်ပင်ပန်းမင်တွေကလဲ အနီ၊ အဝါ၊ အညို အစရှိတဲ့ အရောင်ကိုပြောင်းလဲလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဆောင်းဦးရာသီက ပန်းပေါင်းများစွာဖူးပွင့်ပြီးတော့ လှပတဲ့ ရှူခင်းတွေကြောင့်လဲ နာမည်ကြီးတာဖြစ်ပါတယ်။ အများအားဖြင့် မေပယ်လ်ရွက်တွေနှင့် နှစ်တစ်ရာအရွက်လေးတွေက နာမည်ကြီးလူကြိုက်များကြပါတယ်။

ဂျပန်ဆောင်းဦးရာသီမှာပွင့်တဲ့ပန်းများ။

ဆောင်းဦးရာသီမှာ ပွင့်လန်းတဲ့ပန်းတွေကတော့ အရောင်အသွေးစုံလင်စွာနှင့် သဘာဝအလှတရားနဲ့ ပြည့်စုံနေပါတယ်။ ဆောင်းဦးရာသီမှာပွင့်လန်းတဲ့ ပန်းလေးတွေကို တစ်ခုချင်းစီ ကြည့်လိုက်ကြရအောင်။ တွေ့နိုင်မယ့် နေရာနဲ့အချိန်ကိုပါ ဖော်ပြလိုက်ပါတယ်။ 

彼岸花 - Higanbana (ပင့်ကူအနီလီလီပန်း)

 彼岸花 - Higanbana (ပင့်ကူအနီလီလီပန်း) ကတော့ ဆောင်းဦးရာသီရောက်လာပြီဆိုရင် အရောင်းအသွေးစုံစုံလင်လင်နဲ့ ဖူးပွင့်လာတဲ့ ဆောင်းဦးပန်းတစ်မျိုးဖြစ်ပါတယ်။ ဆောင်းဦးရာသီရဲ့ သင်္ကေတလိုဆိုနိုင်သလို ဆောင်းဦးရောက်တာတဲ့ ပင့်ကူအနီလီလီပန်း တွေပွင့်လာတတ်ပါတယ်။ ဂျပန်မှာတော့ ပင့်ကူအနီလီလီပန်းတွေကို စိုက်တဲ့အလေ့အထလဲရှိပါတယ်။ 

 ဒီပန်းတွေကတော့ နောက်ဘဝကို လမ်းညွှန်ပေးတဲ့ ပန်းတွေလို့လဲ ယုံကြည်လေ့ရှိကြပါတယ်။ “Higan” ဆိုတာကတော့ ဗုဒ္ဓဘာသာအဆိုအရ နိဗ္ဗာန် လို့အဓိပ္ပာယ်ရပြီးတော့ Ohigan (お彼岸) လို့ခေါ်တဲ့ ဗုဒ္ဓဘာသာပွဲတော် တစ်ခုကိုလဲ ပင့်ကူအနီလီလီပန်းပွင့်လန်းတဲ့ရာသီမှာ ကျင်းပလေ့ရှိပါတယ်။ 

နောက်ပြီးတော့ ပင့်ကူအနီလီလီပန်းတွေပွင့်လန်းတဲ့ရာသီရောက်တာနဲ့ ဂျပန်လူမျိုးတွေက သေဆုံးသွားတဲ့ ဘိုးဘေးဘီဘင်တွေရဲ့ အုတ်ဂူကိုလဲ သွားရောက်လည်ပတ်လေ့ရှိပါတယ်။ 

ဘယ်အချိန်မှာ ပင့်ကူအနီလီလီပန်းတွေကို ကြည့်နိုင်မလဲ။

အပေါ်မှာဖော်ပြခဲ့သလိုပဲ  ပင့်ကူအနီလီလီပန်းတွေက ဆောင်းဦးပေါက်တဲ့နေ့ (秋分の日) ဖြစ်တဲ့ စက်တင်ဘာလ ၂၁/၂၂/၂၃ ဝန်းကျင်လောက်မှာ ပွင့်လေ့ရှိကြပါတယ်။ 

ပင့်ကူအနီလီလီပန်းတွေကိုဘယ်နေရာမှာ မြင်တွေ့နိုင်မလဲ။ 

ပင့်ကူအနီလီလီပန်း တွေကို နေရာအနှံမှာတွေ့ရှိနိုင်ပေမယ့် အစုအလိုက်တွေ့နိုင်တဲ့နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • [Tokyo] Hozoin ဘုရားကျောင်း (宝蔵院) -  ပင့်ကူအနီလီလီပန်း အဝါရောင်နှင့် အနီရောင်တို့ကို တပြိုင်တည်းတွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။
  • [Saitama] Gongendo ပန်းခြံ (権現堂公園) - နှစ်စဉ်နှစ်တိုင်း ပွဲတော်ကျင်းပလေ့ရှိပြီး ပန်းအခင်းအကျယ်ကြီးကို တစ်နေရာတည်းမှာ တွေ့နိုင်မှာဖြစ်ပါတယ်။ 
  • [Kanagawa] Jousenji ဘုရားကျောင်း - ပန်းဘုရားကျောင်းလို့ခေါ်တဲ့ Jousenji ဘုရားကျောင်း ဆိုရင်လဲ ပင့်ကူလီလီပန်း အဖြူရောင်နဲ့နာမည်ကြီးကျော်ကြားပါတယ်။

ဒီ၃ နေရာဖော်ပြခဲ့ပေမယ့် တခြားနာမည်ကြီးပြီး လှပတဲ့နေရာတွေလဲအများကြီးရှိပါသေးတယ်။

အဓိပ္ပာယ်အမျိုးမျိုးဖော်ဆောင်တဲ့ကိုစမိုပန်းများ။

ကိုစမိုပန်း (コスモス, Kosumosu) တွေကတော့ နူးညံ့တဲ့ပန်းပွင့်နှင့် အရောင်အသွေးစုံလင်မှုကြောင့်နာမည်ကြီးပါတယ်။ ဂျပန်နိုင်ငံမှာဆော့ အချစ်နှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ပန်းအဖြစ် လူသိများကြပါတယ်။ ပန်းအရောင်အပေါ်မူတည်ပြီးတော့အဓိပ္ပာယ်လဲ အမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ 

ဘယ်အချိန်မှာ ကိုစမိုပန်းတွေကိုတွေ့မြင်နိုင်လဲ။ 

ကိုစမိုပန်းတွေကတော့ စက်တင်ဘာလအကုန် နိုဝင်ဘာလမှစတင်ပြီးတော့ ပွင့်ပါတယ်။ ရာသီဥတုနှင့် ဒေသအပေါ်မူတည်ပြီးတော့လဲ ပွင့်လန်းတဲ့အချိန်ကွာခြားနိုင်ပါတယ်။ 

ဘယ်နေရာမှာ ကိုစမိုပန်းတွေကိုကြည့်ရှုနိုင်လဲ။ 

  • 【Hokkaido】Taiyo-no-Oka Engaru ပန်းခြံ - ဩဂုတ်လနှင့် စက်တင်ဘာလကုန်လောက်မှာ အလှဆုံးဖြစ်ပါတယ်။
  • 【Chiba】Akebonoyama Nougyou ပန်းခြံ - အောက်တိုဘာလအလယ်လောက်မှာ အလှဆုံးဖြစ်ပါတယ်။ 
  • 【Tokyo】Showa Kinen Park ပန်းခြံ - အလှဆုံးအချိန် ကိုစမ်ုပွဲတော် (စက်တင်ဘာလအလယ်မှ အောက်တိုဘာလအလယ်အထိ)

ဒေလီယာ ပန်းများ 

ဒေလီယာ ပန်း (ダリア, Daria) တွေကေတာ့ အဖုံလိုက်ပွင့်ပြီးတော့ အလုံးလိုက်ပွင့်လေ့ရှိကြပါတယ်။ အရောင်အသွေးလဲစုံလင်လှပြီးတော့ အလှစိုက်လေ့ရှိတဲ့ ပန်းအမျိုးအစားဖြစ်ပါတယ်။

ဘယ်အချိန်မှာ တွေ့နိုင်လဲ။

ဒေလီယာ ပန်းတွေကို အများအားဖြင့် သြဂုတ်လ နှောင်းပိုင်းနှင့် အောက်တိုဘာလအလယ်ပိုင်းလောက်အထိ တွေ့ရတတ်ပြီးတော့ စက်တင်ဘာလလောက်မှာဆိုရင်တော့ အလှဆုံးမြင်တွေ့ရမှာဖြစ်ပါတယ်၊ 

ဘယ်နေရာမှာတွေ့မြင်နိုင်မလဲ။

  • Hokkaido】Akita Kokusai ပန်းခြံ - အလှဆုံးအချိန်ကတော့ စက်တင်ဘာလကုန်ကနေ အောက်တိုဘာလအထိဖြစ်ပါတယ်။ 
  • 【Tokyo】Machida ဥယျာဥ် - အလှဆုံးအချိန်ကတော့ စက်တင်ဘာလအလယ်ကနေ အောက်တိုဘာလအထိဖြစ်ပါတယ်။ 
  • 【Tokyo】Nabana no Sato - အလှဆုံးအချိန်ကတော့ စက်တင်ဘာလအလယ်ကနေ အောက်တိုဘာလ အလယ်အထိဖြစ်ပါတယ်။ 

Kinmokusei ပင်လုံးကြိုင်ပန်း 

Kinmokusei (金木犀) ပင်လုံးကြိုင်ပန်း ကတော့ မွှေးကြိုင်တဲ့ ရနံ့ကြောင့် လူသိများပြီးတော့ အများအားဖြင့် လမ်းနှင့် ယျာဥ်၊ ပန်းခြံတွေမှာတွေ့နိုင်ပါတယ်။ ပင်လုံးကြိုင်ပန်း တွေကတော့ လာဘ်ကောင်းတယ်လို့ ယူဆလေ့ရှိကြပြီးတော့ အများအားဖြင့် ဘုရားကျောင််းနှင့် နတ်ကွန်းတွေမှာတွေ့ရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ ပင်လုံးကြိုင်ပန်း တွေကိုတွေ့နိုင်မလဲ။ 

ပင်လုံးကြိုင်ပန်း တွေကိုတော့ အများအားဖြင့် စက်တင်ဘာလ နှောင်းပိုင်းနှင့် အောက်တိုဘာလအထိ တွေ့နိုင်ပါတယ်။ အများအားဖြင့် ပန်းပွင့်တဲ့ရာသီရောက်တာနဲ့ လေထဲမှာ အနှံ့သင်းသင်းတွေ လှိုင်လှိုင်သင်းနေတတ်ပါတယ်။

ဘယ်နေရာတွေမှာ ပင်လုံးကြိုင်ပန်း ကိုမြင်နိုင်သလဲ။

  • 【Tokyo】Koishikawa Korakuen ပန်းခြံ - အလှဆုံးအချိန်ကတော့ စက်တင်ဘာလကနေ အောက်တိုဘာလအထိဖြစ်ပါတယ်။ 
  • 【Tokyo】Jindai ယုတ္ခဗေဒဥယျာဥ် - အလှဆုံးအချိန်ကတော့ စက်တင်ဘာလနှောင်းပိုင်း ကနေ အောက်တိုဘာလအထိဖြစ်ပါတယ်။ 
  • 【Kyoto】Toji Tဘုရားကျောင်း - အလှဆုံးအချိန်ကတော့ စက်တင်ဘာလ အလယ်ကနေ အနှောင်းပိုင်းအထိ ဖြစ်ပါတယ်။

Kochia - အနီရောင်ခြုံနွယ်ပင်များ

Kochia (コキア, Kokia) လိုခေါ်တဲ့ ခြုံနွယ်ပင်တွေကတော့ နွေရာသီမှာ အစိမ်းရောင်ဖြစ်ပြီးတော့ ဆောင်းဦးရာသီကိုရောက်တာနဲ့ အနီရောင်တဖြည်းဖြည်းပြောင်းလာပါတယ်။ 

ဘယ်အချိန်မှာ ကြည့်ရှုနိုင်မလဲ။

အများအားဖြင့် အလှဆုံးအချိန်ကတော့ အောက်တိုဘာလအလယ်ကနေပြီးတော့ နိုဝင်ဘာလအထိဖြစ်ပါတယ်။ အစိမ်းရောင်ကနေပြီးတော့ အဝါ၊ အနီအဖျော့၊ အနီ အစသဖြင့် အရောင်မျိုးစုံပြောင်းပါတယ်။ 

ဘယ်နေရာတွေမှာ ကြည့်ရှုနိုင်မလဲ။ 

  • 【Ibaraki】Hitachi ပန်းခြံ - အလှဆုံးအချိန်ကတော့ အောက်တိုဘာလဖြစ်ပြီးတော့ အနီရောင်ကိုမြင်ချင်တယ်ဆိုရင်တော့ အောက်တိုဘာလလယ်ဖြစ်ပါတယ်။
  • 【Oita】Ruru ပန်းခြံ - အလှဆုံးအချိန်ကတော့စက်တင်ဘာကနေ အောက်တိုဘာအထိဖြစ်ပြီတော့ အနီရောင်ကိုကြည့်ချင်ရင်တော့ အောက်တိုဘာလအလယ်ဖြစ်ပါတယ်။
  • 【Gunma】Tambara ပန်းခြံ - အလှဆုံးအချိန်ကတော့ သြဂုတ်လ နှောင်းပိုင်းကနေပြီးတော့ အောက်တိုဘာလ အလယ်ထိဖြစ်ပါတယ်။ အနီရောင်ပြောင်းတဲ့ အချိန်ကတော့ စက်တင်ဘာလ နှောင်းပိုင်းဖြစ်ပါတယ်။

ဆောင်းဦးနှင်းဆီ 

ဆောင်းဦးနှင်းဆီ (薔薇, Bara) ကတော့ ဂျပန်နိုင်ငံရဲံ ဆောင်းဦးရာသီရောက်တဲ့ အချိန်မှာ အလှဆုံးပွင့်လန်းလာတဲ့ ပန်းအမျိူးအစားဖြစ်ပါတယ်။ ရောင်းအသွေးလဲစုံလင်လှပပြီးတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီရဲ့ သစ်ရွက်ပန်းမန်တွေကြားထဲမှာ လှလှပပ ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ နှင်းဆီပန်းတွေကတော့ အချစ်နှင့် ကျက်သရေရှိမှု၊ ငြိမ်းချမ်းရေးတို့ကိုဖော်ဆောင်ပါတယ်။

ဘယ်အချိန်မှာမြင်နိုင်လဲ။

ဆောင်းဦးနှင်းဆီတွေကြည့်လို့ အကောင်းဆုံးအချိန်ကတော့ အောက်တိုဘာလ လအလယ်လောက်ကနေပြီးတော့ နိုဝင်ဘာလ အစောပိုင်းအထိဖြစ်ပါတယ်။ 

ဘယ်နေရာမှာကြည့်နိုင်လဲ။

  • 【Chiba】Keiseiနှင်းဆီခြံ - အလှဆုံးအချိန်ကတော့အောက်တိုဘာလ အစကနေပြီးတော့ နိုဝင်ဘာလအတွင်းဖြစ်ပါတယ်။
  • 【Tokyo】Kyu-Furukawa ပန်းခြံ - အလှဆုံးအချိန်ကတော့ ဆောင်းဦးရာသီ နှင်းဆီပန်းပွဲတော့ ကျင်းပတဲ့အချိန် အောက်တိုဘာလ အစောပိုင်းကနေပြီးတော့ နိုဝင်ဘာလ အစောပိုင်းအထိဖြစ်ပါတယ်။
  • 【Hyogo】Kobe Suma Rikyu ပန်းခြံ - အလှဆုံးအချိန်ကတော့အောက်တိုဘာလ အလယ် က နေပြီးတော့ နိုဝင်ဘာလလယ်အတွင်းဖြစ်ပါတယ်။

ဂန္ဓာမာပန်း 

ဂန္ဓာမာပန်း (菊, Kiku) ကတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုဖြင့် ဆက်နွယ်မှုရှိတဲ့ ပန်းဖြစ်ပြီးတော့ ကြာရှည်ခံခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့ကို ကိုယ်စားပြုတဲ့ ပန်းတစ်မျိုးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တရားဝင် အမျိုးသားပန်းဖြစ်ပြီး ပတ်စ်ပို့မှာပါတွေ့မြင်နိုင်ပါတယ်။ 

ဘယ်အချိန်မှာမြင်နိုင်လဲ။

ဂန္ဓာမာပန်း ကတော့ အောက်တိုဘာလကနေပြီးတော့ ဒီဇင်ဘာလအတွင်းမှာ ဂျပန်မှာ လှပစွာပွင့်ဖူးပါတယ်။

ဘယ်နေရာမှာကြည့်နိုင်လဲ။

  • 【Tokyo】Shinjuku Gyoen ပန်းခြံ - အလှဆုံးအချိန်ကတော့နိုဝင်ဘာလအတွင်းဖြစ်ပါတယ်။
  • 【Tokyo】Meiji နတ်ကွန်း -အလှဆုံးအချိန်ကတော့ အောက်တိုဘာလ နှောင်းပိုင်းကနေ နိုဝင်ဘာလအလယ်အတွင်းဖြစ်ပါတယ်။
  • 【Fukushima】Nihonmatsu ရဲတိုက် - -အလှဆုံးအချိန်ကတော့ အောက်တိုဘာလ အလယ်ပိုင်းကနေ နိုဝင်ဘာလအလယ်ပိုင်းအတွင်းဖြစ်ပါတယ်။

ဒီပန်းတွေကတော့ ဂျပန်နိုင်ငံရဲ့ ဆောင်းဦးရာသီမှာ ပွင့်တဲ့ ပန်းတွေ အကြောင်းကို‌ဖော်ပြခဲ့ ပါတယ်။ ဒါ့အပြင်အလှဆုံးပွင့်တဲ့အချိန် နှင့် ကြည့်ဖိ့အတွက်ကောင်းတဲ့ နေရာ တွေကိုပါဖော်ပြတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်ကြိုက်တဲ့ ပန်းတွေရှိရင် သွားကြည့်ပြီး အပန်းဖြေကြည့်ပါ။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဆောင်းဦးရာသီမျာပွင့်တဲ့ ပန်းများနှင့် ကြည်ရှုနိုင်မယ့် နေရာများ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ