ဂျပန်နိုင်ငံမှာတော့ ဘိုးဘွားစောက်ရှောက်ရေးအတွက် အလုပ်သမားတွေ လိုအပ်ချက် အရမ်းမြင့်တက်လေ့ရှိပါတယ်။ ခိုင်းဂေါ့ဗီဇာနဲ့အလုပ်လုပ် မယ်ဆိုရင်တော့ Kaigofukushishi ဆိုတဲ့စာမေးပွဲကိုအောင်မြင်ထားဖို့လိုအပ်ပါတယ်။
မာတိကာ
- Kaigofukushishi 介護福祉士 ဆိုတာဘာလဲ။
- Kaigofukushishi ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။
- ဂျပန်မှာ ဘိုးဘွားစောက်ရှောက်ရေးအလုပ်ဘာကြောင့် နာမည်ကြီးလဲ။
- ဂျပန်မှာ ခိုင်းဂေါ့ကိုဘယ်လို လေ့လာရမလဲ။
Kaigofukushishi 介護福祉士 ဆိုတာဘာလဲ။
စာရေးသူရွေးချယ်သောဆောင်းပါး
Kaigofukushishi (介護福祉士) ဆိုတာကတော့ ဂျပန်နိုင်ငံ အစိုးရအသိမှတ်ပြုတဲ့ခိုင်းဂေါ့ပညာရှင် လက်မှတ်ဖြစ်ပါတယ်။ အစိုးရ အသိမှတ်ပြုစာမေးပွဲဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ဒီစာမေးပွဲကိုအောင်မြင်သွားပြီဆိုရင်တော့ ဂျပန်နိုင်ငံမှာ ခိုင်းဂေါ့ဗီဇာဖြင့်ဂျပန်နိုင်ငံမှာနေနိုင်ခြင်း၊ ခိုင်းဂေါ့ ပညာရှင်အနေနဲ့ တရားဝင် အလုပ်လုပ်နိုင်ခြင်း၊ ခိုင်းဂေါ့အလုပ်လုပ်နေတဲ့ သူတွေအတွက်ဆိုရင်လဲ လစာတိုးလာခြင်းတို့ဖြစ်တဲ့ ခံစားခွင့်တွေရှိနိုင်ပါတယ်။
Kaigofukushishi ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။
ဂျပန်အစိုးရ အသိမှတ်ပြုတဲ့ ခိုင်းဂေါ့ပညာရှင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီလို ခိုင်းဂေါ့ပညာရှင်လုပ်ဖို့အတွက် နည်းလမ်း ၄ မျိးရှိပါတယ ။
ထရိန်နင်စင်တာမှာ အလုပ်လုပ်ပြီးတော့ ဖြေဆိုခြင်း။
-
ပထမတစ်ခုကတော့ ထရိန်နင်စင်တာဖြစ်တဲ့ 介護福祉士養成施設 (Kaigofukushishi Yousei Shisetsu) တစ်ခုမှာ အလုပ်လုပ်ရင်းနဲ့ အလုပ်လုပ်နိုင်ပါတယ်။
-
နောက်ပြီးတော့ အစိုးရစာမေးပွဲကိုဖြေပြီးအောင်သွားရင်ရပါပြီ။
လက်တွေ့အလုပ်လုပ်ခြင်း။
-
ခိုင်းဂေါ့အနေနဲ့ ၃ နှစ်ကျော်အလုပ်လုပ်ပါ။
-
ထရိနင်ကိုပြီးအောင်ဆင်းပါ။
-
နောက်ပြီးတော့ အစိုးရစစ်စာမေးပွဲကိုဖြေပါ။
အသက်မွေးဝမ်းကြောင်းသင်တန်းကျောင်းမှာ လုပ်ခြင်း။
-
ဂျပန်နိုင်ငံရဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းမှာ လေ့လာပါ။
-
နောက်ပြီးတော့ အစိုးရ စာမေးပွဲ ကိုဖြေပါ။
EPA နည်းလမ်း။
-
Economic Partnership Agreement (EPA) နှင့်ဂျပန်ကို လာပြီးတော့ ခိုင်းဂေါ့အနေနဲ့ ၃ နှစ်ကျော်အလုပ်လုပ်ရမှာဖြစ်ပါတယ်။
-
နောက်ပြီးတော့ အစိုးရ စာမေးပွဲ ကိုဖြေပါ။
Certified Care Worker National Examination (介護福祉士国家試験) ဆိုတာ။
Certified Care Worker National Examination (介護福祉士国家試験) ကတော့ ဂျပန်နိုင်ငံအစိုးရ စစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။ Social Welfare Promotion and Examination Center (公益財団法人社会福祉振興・試験センター) ကနေ ဦးစီးကျင်းပပြီးတော့ တစ်နှစ်ကို ၁ ကြိမ်ကျင်းပပါတယ်။
စာမေးပွဲကိုတော့ ရေးဖြေနှင့် လက်တွေ့ဆိုပြီးတော့ ၂ ပိုင်းခွဲပြီးတော့ ကျင်းပပါတယ်။ ရေးဖြေစာမေးပွဲကိုတော့ ဇန်နဝါရီလကုန်ပိုင်းလောက်မှာကျင်းပပြီးတော့ လက်တွေ့စာမေးပွဲကိုတော့ မတ်လအစပိုင်းလောက်မှာကျင်းပပါတယ်။ စာမေးပွဲဖောင်ကိုတော့ စာမေးပွဲ မကျင်းပမှီ ၁ နှစ်တိုင်ခင် သြဂုတ်လမှာ ကျင်းပပါတယ်။
※အသေးစိတ်ကိုတော့ Social Welfare Promotion and National Examination Center, “試験概要” မှာဝင်ကြည့်နိုင်ပါတယ်။
ဂျပန်မှာ ဘိုးဘွားစောက်ရှောက်ရေးအလုပ်ဘာကြောင့် နာမည်ကြီးလဲ။
ယနေ့ခေတ်မှာတော့ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသာအလုပ်သမားတွေကို အများကြီးခန့်အပ်လာပြီးတော့ ဒီအထဲမှာတော့ ခိုင်းဂေါ့ အပိုင်းနှင့် ခန့်အပ်တဲ့ အလုပ်သမားဦးရေကတော့ သိသိသာသာတိုးလာပါတယ်။ ဒါကလဲ ဂျပန်နိုင်ငံရဲ့ လူကြီးအရေအတွက်များလာပြီးတော့ မွေးဖွားနှုန်းလျှော့ကျလာတဲ့ အတွက်ကြောင့်လဲဖြစ်ပါတယ်။
ဂျပန်နိင်ငံလူဦးရေနှင့် လူမှုဖူလုံရေး သုတေသနာပြုချက်တွေအရ ဂျပန်နိုင်ငံရဲ့ လူဦးရေက ၃၀ရာခိုင်နှုန်းအထိ လျော့လာမှာဖြစ်ပြီးတော့ ၄၀ ရာခိုင်နှုန်းကတော့ ၆၅ နှစ်နှင့်အထက်လူတွေ ဖြစ်လာမယ်ဆိုပြီးတော့ ခန့်မှန်းထားမှာဖြစ်တယ်လို့ ခန့်မှန်ထားပါတယ်။ ဒါကြောင့်မို့လို့ အသက်ကြီးရွယ်အိုတွေကိုပြုစုဖို့အတွက် အလုပ်သမားဦးရေတွေကို လိုအပ်လာမှာဖြစ်ပါတယ်။ နောက်ပြိးတော့ ဒီနယ်ပယ်ကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားအနေနဲ့ အလုပ်လုပ်ဖို့အတွက် အထူးအခွင့်အရေးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
နောက်ပြီးတော့ ဂျပန်နိုင်ငံမှာ ခိုင်းဂေါ့အနေနဲ့ အလုပ်လုပ်ဖို့အတွက် အခွင့်အရေးတွေ အများကြီးရှိပါစေးတယ်။ ဒါ့ပြင် အစိုးရစစ်စာမေးပွဲကိုအောင်ပြီးတော့ ခိုင်းဂေါ့ ကိုလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးခံစားခွင့်တွေရှိနိုင်ပါသေးတယ်။ ခံစားချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-
လစာမြင့်မားခြင်း။
-
အသက်မွေးဝမ်းကြောင်းအာမခံခြင်း။
-
Nursing Care (介護)ဖြင့် အကန့်အသတ်မရှိ ဂျပန်မှာနေထိုင်နိုင်ခြင်း။
ဂျပန်မှာ ခိုင်းဂေါ့ကိုဘယ်လို လေ့လာရမလဲ။
ဘယ်မှာ ခိုင်းဂေါ့ပညာရပ်ကိုသင်ယူနိုင်သလဲ။
介護福祉士養成施設 (Kaigofukushishi Yousei Shisetsu) ဆိုတဲ့နေရာမှာလေ့လာနိုင်မှာဖြစ်ပါတယ်။ 介護福祉士養成施設 (Kaigofukushishi Yousei Shisetsu) ကတော့ ဂျပန်နိုင်ငံမှာ ခိုင်းဂေါ့အနေနဲ့ဖြစ်စေ၊ နောက်ပြီးတော့ အစိုးရစစ်စာမေးပွဲကိုဖြေဖို့ ဖြစ်စေလေ့လာနိုင်တဲ့ နေရာဖြစ်ပါတယ်။ နိုင်ငံခြားကျောင်းသားတွေအနေနဲ့ကတော့ JLPT N2 နှင့် အထက်ရှိထားဖို့လိုအပ်ပါတယ်။
ခိုင်းဂေါ့ အနေနဲ့ Part Time အနေနဲ့ အလုပ်လုပ်ခြင်း။
ဂျပန်နိုင်ငံမှာ ကျောင်းသားအနေနဲ့ ကျောင်းတက်နေရင်းနဲ့ခိုင်းဂေါ့ အနေနဲ့ Part Time အလုပ်လုပ်တာကလဲ ခိုင်းဂေါ့လုပ်ဖို့အတွက် ဂျပန်မှာနေဖို့အတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ၂၈ နာရီသာအလုပ်ခွင့်ရမှာဖြစ်ပါတယ်။
တိုကုတေး ဂိနိုး အနေနဲ့ အလုပ်လုပ်ခြင်း။
နောက်ပြီးတော့ အတွေ့ရများတဲ့ ပုံစံတစ်ခုကတော့ တိုကုတေးဂိနိုးအလုက်သမားအနေနဲ့ ဂျပန်ကိုလာပြီးတော့ ခိုင်းဂေါ့အလုပ်ကိုလုပ်ခြင်းဖြစ်ပါတယ်။ ခိုင်းဂေါ့ကတော့ တိုကုတေးဂိနိုးအမှတ် ၁ အနေနဲ့ ၅ နှစ်အထိလုပ်လုပ်နိုင်ပေမယ့် အမှတ် ၂ အနေနဲ့ တိုကုတေးဂိနိုးကတော့မရှိပါဘူး။ ဒါပေမယ့် Kaigofukushishi အစိုးရအသိမှတ်ပြု စာမေးပွဲအောင်ပြီး ခိုင်းဂေါ့ ဗီဇာကိုပြောင်းလို့ရနိုင်ပါတယ်။
Leverages Global Support
Leverages Global Support (LGS) ဆိုကတော့တော့ ဂျပန်မှာ တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အလုပ်ဝင်ပြီးနောက်မှာ လဲ တစ်ခုခုဆို ဆွေးနွေးနိုင်ပါတယ်။
တိုကုတေးဂိနိုးနဲ့ ပတ်သက်ပြီး ဆောင်းပါကိုတော့ ဒီနေရာကနေ ဝင်ဖတ်နိုင်ပါတယ်။ အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ် ကိုတော့ ဒီနေရာကနေပြီးတော့ ဆက်သွယ်နိုင်ပါတယ်။
ဘယ်လိုလူမျိုးတွေ အသုံးပြုသင့်လဲ။
- တိုကိုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ဖို့စဥ်းစားထားတဲ့သူတွေ။
- Tokutei jisshuu ဗီဇာကနေ Tokutei Ginou ဗီဇာပြောင်းမယ့် သူများ။
- ဂျပန်စာကျောင်းပြီးပြီးတော့ အလုပ်လုပ်မယ့်နေရာ ရှာမတွေ့သေးသူများ။
Leverages Global Support ကိုဘယ်လိုအသုံးပြုမလဲ။
ကိုယ့်နဲ့ ကိုက်ညီမယ့် အလုပ်ကိုမေးကြည့်ခြင်း။
အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်ကနေပြီးတော့ သ်တဲ့ ကိုက်ညီတဲ့ အလုပ်ကိုရှာဖွေတဲ့ နေရာမှာသင့်ကိုကူညီပေးပါတယ်။ တကယ်လို့ အလုပ်အကိုင် မိတ်ဆက်တဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ အောက်ပါ လင့်ကနေဝင်ပြီးတော့ စာပို့တဲ့ အချိန်မှာ WeXpats ကနေတွေ့ခဲ့တယ် ဆိုပြီးတော့ ပြောလိုက်ရင် စာပြန်လာပါလိမ့်မယ်။
*Facebook အကောင့်ရှိထားဖို့လိုပါတယ်။ ပြန်စာကိုတော့ ဂျပန်လိုနဲ့ပြောပါလိမ့်မယ်။
ကိုယ့်ဘာသာကို အလုပ်ခေါ်စာကိုရှာနည်း။
နောက်တစ်နည်းကတော့ ကိုယ့်ဘာသာ အလုပ်ခေါ်စာတွေကိုလဲ ရှာနိုင်ပါတယ်။ ရှာနဲ့ အချိန်မှာ ဂျပန်စာအရည်အချင်း၊ အလုပ်အကိုင်အမျိုးအစားနဲ့ အလုပ်နေရာတို့ကိုရွှေးချယ်ပြီးတော့ ရှာဖွေနိုင်ပါတယ်။ Gijinkoku ဗီဇာရနိုင်တဲ့ အလုပ်တွေလဲ အများကြီးရှိပါတယ်။
*ဒီအလုပ်တွေကိုလျှောက်ထားနိုင်တဲ့သူတွေကတော့ ဂျပန်ပြည်တွင်းမှာရှိနေတဲ့ သူတွေမျှသာဖြစ်ပြီးတော့ ဂျပန်ပြည်ပမှာရှိနေတဲ့ သူတွေကတော့ အဖွဲ့ ဝင်စာရင်းမျှသာပေးသွင်းထားနိုင်ပါတယ်။