အလုပ်အကိုင်အကြံပေး ပုဂ္ဂိုလ်နဲ့ဆွေးနွေးပြီး အချိန်တိုအတွင်း ဂျပန်အစိုးအရ အသိမှတ်ပြု ခိုင်း‌ဂေါ့ စာမေးပွဲအောင်သွားခြင်း

ဂျပန်မှာ ခိုင်းဂေါ့နဲ့ အလုပ်လုပ်မယ်ဆိုရင်တော့ Tokutei jisshuu ဗီဇာ၊ Tokutei Ginou ဗီဇာ၊ နောက်ပြီးတော့ ဂျပန်အစိုးရစစ် ခိုင်း‌ဂေါ့စာမေးပွဲအောင်ထားမယ်ဆိုရင်တော့ ခိုင်းဂေါ့ဗီဇာ ဆိုပြီးတော့ ဗီဇာ ၃ မျိုးနဲ့ အလုပ်လုပ်နိုင်ပါတယ်။ 

ဒီအထဲမှာ အခက်ဆုံးဗီဇာကတော့ ခိုင်းဂေါ့ဗီဇာဖြစ်ပြီးတော့ ဒီဗီဇာယူထားတဲ့သူတွေကတော့ ဂျပန်မှာ သက်တမ်းမဲ့ နေနိုင်ပေမယ့် ဂျပန်အစိုးရစစ်တဲ့ ခိုင်းဂေါ့စာမေးပွဲအောင်ထားဖို့လိုအပ်ပါတယ်။ ခိုင်းဂေါ့စာမေးပွဲဖြေဖို့အတွက်ကလဲ အလုပ်ခွင်သက်တမ်း ၃ နှစ်ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ် ဂျပန်နိုင်ငံရဲ့ ခိုင်းဂေါ့နဲ့ပတ်သက်တဲ့ သက်မွေးဝမ်းကြောင်းပညာကျောင်းကို တက်ထားဖို့လိုအပ်ပါတယ်။

ဗီယက်နမ် နိုင်ငံသူ LANG THI DIEP ကတော့ ၂၀၁၉ ခုနှစ်မှာ Tokutei jisshuu ဗီဇာနဲ့ ဂျပန်ကိုလာပြီးတော့ Tokutei Ginou ဗီဇာနဲ့ အလုပ်ပြောင်းပြီးတော့ မကြာသေးခင်က ခိုင်း‌‌‌ဂေါ့ဗီဇာ ကိုယူဖို့အတွက်ဆိုပြီးတော့ ဂျပန်အစိုးရစစ် ခိုင်းဂေါ့စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ 

LANG THI DIEP ကိုယ်တိုင်လဲ အများကြီးကြိူးစားခဲ့လို ဒီလို စာမေးပွဲအောင်ပြီးတော့ ခိုင်းဂေါ့ဗီဇာရယူနိုင်ဖို့အတွက်အလုပ်ခွင်ကလူတွေက အများကြီး ကူညီထောက်ပံ့ပေးလို့ဖြစ်တယ်ဆိုပြီးတော့လဲ ပြောခဲ့ပါတယ်။ ဒီလို အရမ်းကောင်မွန်တဲ့ အလုပ်ခွင်ကို ဘယ်လိုရှာဖွေတွေ့ရှိတဲ့ ဆိုတဲ့ အကြောင်းကို အင်တာဗျုးမေးမြန်းခဲ့ပါတယ်။

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ဂျပန်မှာ ခိုင်းဂေါ့ပုံစံအမျိုးမျိုးကိုလေ့လာချင်တယ်။ 

――  အစိုးရစစ် ခိုင်းဂေါ့စာမေးပွဲကိုအောင်မြင်တဲ့ အတွက်ကြောင့် ဂုဏ်ယူပါတယ်။ အလုပ်သက် ၃ နှစ်ပြည့်ပြီးတော့ ချက်ချက် စာမေးပွဲအောင်တဲ့အတွက်ကြောင့်မို့လို့ အမြန်ဆုံး စာမေးပွဲကိုအောင်သွားတယ်လို့ ဆိုရမယ်နော်။

ကျေးဇူးတင်ပါတယ်။လွတ်လွတ်ကင်းကင်းနဲ့ အောင်သွားလို့ စိတ်အေးရပါတယ်။ 

――  DIEP ယခုလက်ရှိ Yokohama မှာနေပြီးတော့ ခိုင်းဂေါ့လုပ်နေတဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ ဝေမျှပေးပါအုံး။

ဟုတ်ကဲ့၊ ကျွန်မကတော့ ဗီယက်နမ်မှာရှိတဲ့ ခိုင်းဂေါ့ကျောင်းမှာ ကျောင်းပြီးပြီးတော့ ဒီအတိုင်း ဗီယက်နမ်မှာရှိတဲ့ ဂျပန်စာ သင်တန်းမှာတက်ပြီးတော့ JLPT အောင်ခဲ့ပါတယ်။ JLPT အောင်ပြီး 2019 ခုနှစ်မှာ 技能実習 (Ginou Jjisshuu) ဗီဇာနဲ့ ဂျပန်လာပြီးတော့ 技能実習 (ginou jisshuu) ပြီးသွညးတဲ့အချိန်မှာတော့ 特定技能 (Tokutei Ginou) ဗီဇာပြောင်းပြီး အလုပ်ပါပြောင်းခဲ့ပါတယ်။

ဂျပန်ရောက်ပြီး ပထမဆုံးရောက်ခဲ့တဲ့ မြို့ကတော့ ဟိုကိုင်းဒိုးကျွန်းမှာ ဆာပိုရိုမြို့ဖြစ်ပြီးတော့ ဂျပန်မှာဆို မြို့ကြီးဖြစ်တဲ့အပြင် နေရာတာလဲ တော်တော်လေးကို နေရာတာ အဆင်ပြေပါတယ်။ ဒါပေမယ့် တော်တော်အေးတာလေးတစ်ခုကတော့ တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ 

―― ဟိုကိုင်းဒိုးက နှင်းအကျဆုံးမို့လို့။

ဟုတ်ပါတယ်။ ပထမဆုံးကျတဲ့ နှင်းကတော့ အရမ်းလှပေမယ့် ခံစားနေဖို့ အချိန်မရှိလောက်အောင်အေးပြီးတော့ လမ်းတွေလဲ ၁၀ စင်တီမီတာလောက်တောင် နှင်းတွေနဲ့ ထူထပ်နေပါတယ်။ အလုပ်လုပ်ခဲ့တဲ့နေရာကလဲ တော်တော်ကောင်းတဲ့နေရာဖြစ်ပေမယ့် စာချုပ်အချိန်ပြီးတာနဲ့ ချက်ချင်း Yokohama ကို အိမ်တခါတည်းပြောင်းလိုက်ပါတယ်။ 

ဒါပေမယ့် နွေရာသီဆိုရင်တော့ အေးအေးလေးနဲ့ နေလို့ကောင်းတဲ့ အတွက်ကြောင့်မို့လို့ အပူမခံနိုင်တဲ့ သူတွေအတွက်တော့ အဆင်ပြေမယ် ထင်ပါတယ်။

―― အေးဒဏ်မခံနိုင်ရင်တော့ ဟိုကိုင်းဒိုးကိုရှောင်တာကောင်းမယ်ထင်တယ်နော်။ DIEP ကဘာလို့ ဂျပန်မှာအလုပ်လုပ်ဖို့ရွေးချယ်ခဲ့တာလဲ။ 

ကျောင်းသာဘဝတုန်းက ဂျပန်မှာပညာတော်သင်ခဲ့တဲ့ သူငယ်ချင်းက အရမ်းကောင်းတဲ့ နေရာပါလို့ ပြောပြခဲ့ပါတယ်။ ဗီယက်နမ်ကလဲ အသက်ကြီးရွယ်အိုတွေများလာတဲ့ အတွက်ကြောင့်မို့လို့ ခိုင်းဂေါ့နဲ့ပတ်သပ်ပြီးတော့ နောက်ပိုင်းမှာ အများကြီးလိုအပ်လာလိမ့်မယ်လို့ထင်နေတဲ့ အချိန်ဖြစ်ပြီးတော့ ဒီလို ခိုင်းဂေါ့ပညာတွေကို တိုးတက်နေတဲ့ ဂျပန်နိုင်ငံမှာ လေ့လာချင်တဲ့ အတွက်ကြောင့်မိုလို့ ဂျပန်ကိုရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်လဲ လေ့လာရခက်ခဲတဲ့ ဂျပန်စာကိုအကြိုးစားသင်ယူခဲ့ပါတယ်။ 

―― လက်တွေ့ဂျပန်ကို လာပြီး ဘယ်လိုနေလဲ။ 

ဂျပန်‌ရောက်ခါစကတော့ အလုပ်ထက် ဂျပန်စာကိုမှတ်ရတာပိုပြီးတော့ ခက်ခဲပါတယ်။ ဗီယက်နမ်မှာလဲ ထိုက်သင့်သ‌လောက်ဂျပန်စာလေ့လာခဲ့လို့ ဆက်ဆံရေးလုပ်တဲ့ အချိန်မှာတော့ တော်တော်လေးယုံကြည်မှုရှိပေမယ့် လေ့လာလာတဲ့ ဂျပန်စာကတော့ သိပ်ပြီးတော့ အသုံးမဝင်ခဲ့ပါဘူး။ 

ဥပမာ 「Aさんは帰りましたか」ဆိုပြီး မေးခွန်းမေးခံရတဲ့ အချိန်မှာဆိုရင် 「帰る」ဆိုတဲ့စကားလုံးကို သေချာသိပေမယ့် သဒ္ဒါမှန်မှန်မပြောတတ်လို့ 「帰ります」ဆိုပြီးတော့ ဖြေမိတာမျိုးတွေရှိပါတယ်။ 

ဒါပေမယ့် အရင်ကအလုပ်ထဲမှာ ဂျပန်စာသင်တန်းလဲ ဖွင့်ထားတဲ့ အတွက်ကြောင့်မို့လို့ စကားပြောပိုပြီးသွက်လာပါတယ်။ 

―― Tokutei jisshuu ဗီဇာ ပြီးသွားတဲ့ အချိန်အထိ ဂျပန်မှာ ဆက်နေနေတာ ဘာကြောင့်လဲ။ 

အရင်အလုပ်က နေရာကတော့ အသိမှတ်ညဏ်ချို့တဲ့မှုရောဂါဖြစ်နေတဲ့ အငက်ကြီးရွယ်အိုတွေ နေတဲ့ နေရာဖြစ်ပြီးတော့ ဂျပန်မှာတော့ ခိုင်းဂေါ့ဂေဟာတွေ အများကြီးရှိပါတယ်။ ဂေဟာအပေါ်မူတည်ပြီးတော့ နေထိုင်တဲ့ လူတွေရဲ့ ရောဂါတွေမတူတည်ကြပါဘူး။ အသိမှတ်ညဏ်ချို့တဲ့မှုရောဂါဖြစ်နေတဲ့ လူတွေကတော့ ချက်ချင်း တစ်ခုခုကိုမေ့တာမျိုးတွေဖြစ်တတ်ကြပြီး ခံစားချက်တွေကို ထိန်းချုပ်မနိုင်ကြတဲ့ သူတွေလဲရှိပါတယ်။ ပုံမှန်နေ့စဥ်ဘဝကိုတော့ တစ်ယောက်တည်းနေနိုင်ပေမယ့် လူတွေနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ သတိထားပေးရတာမျိုးတွေရှိပါတယ်။ 

ယခု လုပ်ငန်းခွင်မှာတော့ သိပ်ပြီးတော့ မလှုပ်ရှားနိုင်တဲ့သူတွေနေထိုင်ကြပါတယ်။ တစ်ယောက်တည်း အစာစား၊ ညစ်ကြေးစွန်တာတွေမလုပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ အဲလိုအချိန်တွေမျိုးမှာ အတူတူလိုက်လုပ်ပေးရတာမျိုးတွေလဲရှိပါတယ်။ ဆေးပညာနဲ့ နည်းနည်းသက်ဆိုင်နေတယ် လို့ထင်ပါတယ်။

ဒါပေမယ့် တူညီတဲ့အရာတစ်ခုကတော့ လူနာကို အမြဲတမ်းလေးလေးစားစားနဲ့ ကိုယ်ချင်းစာတတ်ဖို့ဖြစ်ပါတယ်။ တစ်ဖက်လူက အစာမစားနိုင် အညစ်အကြေးမစွန့်နိုင်ဖြစ်နေတဲ့ အချိန်မှာတော်တော်လေး စိတ်ဒုက္ခရောက်နေတာဖြစ်ပါတယ်။ အဲလိုအချိန်မှာ ဒီအတိုင်း ဝေယျာဝစ္စတွေကို ဒီအတိုင်းလုပ်ပေးလိုက်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ် သေသေချာချာလေး စကားပြောပေးရင်းနဲ့ လုပ်ပေးတာမျိုးကပိုပြီးတော့ ကောင်းပါတယ်။

နောက်ပိုင်းမှာတော့ ခိုင်းဂေါ့အလုပ်ပို ဆက်လုပ်ပြီးတော့ ဒီလိုလူနာပုံစံအမျိုးမျိုးကိုသေချာလေ့လာချင်ပါတယ်။ 

―― အစိုးရစစ် ခိုင်းဂေါ့စာမေးပွဲကိုလဲ အောင်သွားတယ်နော်။ ဘယ်အချိန်ကတည်းက စာစပြီးလေ့လာခဲ့တာလဲ။

အရင်အလုပ်က‌နေစာချုပ်ချုပ်ပြီးတော့ နောက်အလုပ်မှာဝင်ဖို့အတွက်စောင့်နေတုန်းအချိန်မှာ အားနေတဲ့ အချိန်မှာ စပြီးလေ့လာခဲ့တာဖြစ်ပါတယ်။ အိမ်ပြောင်းမယ့်အတွက် နည်းနည်းအလုပ်ရှုပ်ခဲ့ပေမယ့် Leverages Global Support (LGS)* ကကူညီပေးခဲ့လို့ အလုပ်လဲရပြီးသားဆိုတော့ စိတ်အေးအေးနဲ့ စာလေ့လာနိုင်ခဲ့ပါတယ်၊ 

*Leverages Global Support (LGS) ဆိုကတော့တော့ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ဂျပန် တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ 

အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်ကို အသုံးပြုပြီးတော့ Tokutei Jisshuu ကနေပြီးတော့ Tokutei Ginou ဗီဇာပြောင်းခြင်း။

―― ကျေးဇူးအများကြီးတင်ပါတယ်။ ဘာလို့ LGS ကို‌ရွေးချယ်ခဲ့တာလဲ။ 

အလုပ်ဝင်တာနဲ့ ပတ်သက်ပြီးတော့ Facebook လိုက်ရှာကြည့်ရင်းတဲ့ LGS ကို ရှာတွေ့ခဲ့တာပါ။ LINE ကနေပြီးတော့ ဆက်သွယ်ကြည့်လိုက်တော့ ချက်ချင်းစာပြန်လာပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ 

အစပိုင်းမှာတော့ ယုံကြည်ရပါ့မလားဆိုပြီးတော့ နည်းနည်းစိတ်ပူခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ မေးသမျှသေချာ ဖြေပေးတဲ့ အပြင် ဂျပန်မှာအကြာကြီးနေနိုင်ဖို့ ကိုယ်အားကို ကိုးပြီး ကိုယ်တိုင်လုပ်တတ်ဖို့လိုတယ် ဆိုပြီးလဲပြောပြခဲ့ပါတယ်။ 

ကျွန်မကိုယ်တိုင်ကလဲ စစရာရာ ကိုယ်တိုင်လုပ်ကိုင်ချင်စိတ်ရှိတဲ့ အတွက်ကြောင့်မို့လို့ သူတို့ဆီကနေပြီးတော့ အကူအညီယူရင်းနဲ့ ကိုယ်ကိုတိုင်လဲ ရပ်တည်နိုင်အောင်ကြိုးစားနိုင်တဲ့ အတွက်ကြောင့်မို့လို့ LGS ရဲ့ ဝန်ဆောင်မှုကတော့ ကျွန်မနဲ့ အရမ်းကိုက်ညီပါတယ်။ 

―― အခုလက်ရှိလုပ်နေတဲ့ အလုပ်ကိုရော ဘယ်လိုရှာတွေ့တာလဲ။

အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်က ဘယ်လိုနေရာမျိုးမှာ အလုပ်လုပ်ချင်တဲ့ မေးတော့ အိမ်ကိုပိုက်ဆံတွေအများကြီးပို့ချင်တဲ့ အတွက်ကြောင့်မိုလို့ လစာကောင်းတဲ့ အလုပ်နဲ့ မတူတဲ့ ခိုင်းဂေါ့ဂေဟာမျိုးမှာ အလုပ်လုပ်ကြည့်ချင်တယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ နောက်ပြီးရှိသေးတယ် အရမ်းမအေးတဲ့နေရာမှာ အလုပ်လုပ်ချင်တယ်ဆိုပြီးပြောခဲ့ပါတယ်။ 

အဲ့ဒါနဲ့ သူ့ဘက်ကနေပြီးတော့ အလုပ်ခေါ်စာတွေပို့ပေးလာပြီးတော့ အဲထိအထဲကနေ ကျွန်မကြိုက်တဲ့ အလုပ်တစ်ခုကို ရွေးချယ်လိုက်ပါတယ်။ အင်တာဗျုးပါ သေချာလေ့ကျင့်ပေးတဲ့အတွက်ကြောင့်မို့လို့ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်ကိုရခဲ့ပါတယ်။ 

ကျေးဇူးတင်ဖို့ကောင်းတာတစ်ခုကတော့ အလုပ်ရပြီးတာနဲ့ ချက်ချင်း ဗီဇာအတွက်ပါ ကူညီပေးတာဖြစ်ပါတယ်။ အိမ်မပြောင်ခင် ရပ်ကွက်ရုံးကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူခဲ့နော်ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ တကယ်လို့မသိပဲနဲ့ အိမ်ပြောင်းလာမယ်ဆိုရင်တော့ ဟိုကိုင်းဒိုးအထိထပ်သွားဖို့မလွယ်လောက်ဘူး။

―― အထောက်အကူဖြစ်သွားတယ် ကြားရလို့ဝမ်းသာပါတယ်။ လက်ရှိအလုပ်ကရော ဘယ်လိုနေလဲ။

အရမ်းအလုပ်လုပ်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဗီယက်နမ် ၅ ယောက်၊ နီပေါ ၄ ယောက်နဲ့ ကမေ္ဘာဒီယား ၅ ယောက်ရှိတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံခြားသားတွေအတွက် ဝန်ဆောင်မှုလဲ အရမ်းကောင်းမွန်ပါတယ်။ နောက်ပြီးတော့ ဂျပန်လူမျိုးအပါအဝင် အားလုံးလူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပြောဆိုရ အဆင်ပြေပါတယ်။ ပိတ်ရက်တူရင် အတူတူအလည်သွားကြတာမျိုးတွေလဲရှိပါတယ်။ 

အလုပ်လုပ်နေကြတဲ့ လူလဲများတဲ့ အတွက်ကြောင့်မို့လို့ တာဝန်ယူမှုလဲ များတဲ့ အတွက်ကြောင့်မို့လို့ တစ်ခုခုဆို အားလုံးအတူတူ တိုင်တိုင်ပင်ပင်နဲ့ လုပ်လေ့ရှိကြပါတယ်။ နောက်ပြီးတော့ အလုပ်ရှိတဲ့ Yokohama ကိုလဲ ကြိုက်ပါတယ်။ Yokohama ကဂျပန်စာစာအုပ်ထဲမှာ မကြာခဏပါဝင်တဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့်မလို့ အစကတည်းက သွားချင်နေခဲ့တာပါ။ ပန်းခြံလေးတွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းတဲ့ အပြင် တရုတ်တန်းတို့လို ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတွေလဲ အများကြီးရှိပါတယ်။

――အလုပ်လုပ်ရင်းတဲ့ စာမေးပွဲဖြေရတာရော မပင်ပန်းဘူးလား။

စာလေ့လာဖို့ အချိန်လုံးပန်းရတာလဲ တကယ်ကို ပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ကလူတွေ ထောက်ပံ့ပေးတဲ့ အတွက်ကြောင့်မို့လို့ အောင်မြင်ခဲ့ရပါတယ်။ နားမလည်တာရှိရင် စီနီယာတွေက သေချာရှင်းပြပေးတဲ့ အပြင် ဒီအလုပ်မှာလုပ်နေတဲ့ အတွေ့အကြုံကနေပြီးတော့ ဖြေနိုင်ခဲ့တဲ့ မေးခွန်းတွေလဲရှိပါတယ်။ အောင်သွားတော့လဲ အားလုံးဝမ်းသာပေးခဲ့သလို၊ လစာလဲ တိုးသွားခဲ့ပါတယ်။ 

―― အစိုးရစစ် ခိုင်းဂေါ့ စာမေးပွဲ ဖြေနေတဲ့ သူတွေကိုရော ဘယ်လိုအကြံပေးချင်ပါလဲ။

အကောင်းဆုံးနည်းလမ်းကတော့ တတ်နိုင်သလောက် မေးခွန်းဟောင်းတွေကို များများဖြေကြည့်ဖို့အကြံပေးချင်ပါတယ်။ နိုင်ငံခြားသားတွေအတွက် အခက်ခဲဆုံးအပိုင်းက ဂျပန်စာလို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ လှည့်ထားတဲ့ မေးခွန်းတွေကိုသေချာပိုင်နိုင်အောင်ဖြေဆိုဖို့အတွက် မေးခွန်းဟောင်းတွေကိုများများလေ့ကျင့်ပေးရင်အဆင်ပြေမယ်ထင်ပါတယ်။

―― နောက်ဆုံးအနေနဲ့ နောက်ပိုင်းလုပ်သွားချင်တဲ့ရည်ရွယ်ချက်လေးရှိရင်ပြောပြပါအုံး။ 

စာမေးပွုအောင်ဖို့က ရည်မှန်းချက်ဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ လောလောဆယ်တော့ အေးအေးဆေးဆေးဖြစ်နေပါတယ်။ ဒါပေမယ့် တကယ်လို့ အားလုံးတည်ငြိမ်သွားရင်တော့ ဂျပန်စာပြန်ပြီးတော့လေ့လာချင်ပါတယ်။ ဂျပန်ကို ဆေးလာကုနေတဲ့ ဗီယက်နမ်လူမျိုးတွေလဲ တိုးလာတဲ့ အတွက်ကြောင့်မို့လို့ ဂျပန်မှာ ပညာသင်ရင်းနဲ့ ကိုယ့်နိုင်ငံက လူတွေအတွက် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းပျော်ပါတယ်။ 

ငယ်ငယ်ကတည်းက လူတွေ ကိုကူညီတဲ့ အလုပ်မျိုးလုပ်ချင်တဲ့ အတွက်ကြောင့်မို့လို့ ခိုင်းဂေါ့ တစ်ခုတည်းမဟုတ်ဘဲ တခြားအိမ်မက်တွေကိုပါ အကောင်အထည်ဖော်သွားချင်ပါတယ်။ 

Leverages Global Support

Leverages Global Support (LGS) ဆိုကတော့တော့ ဂျပန်မှာ တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အလုပ်ဝင်ပြီးနောက်မှာ လဲ တစ်ခုခုဆို ဆွေးနွေးနိုင်ပါတယ်။ 

တိုကုတေးဂိနိုးနဲ့ ပတ်သက်ပြီး ဆောင်းပါကိုတော့ ဒီနေရာကနေ ဝင်ဖတ်နိုင်ပါတယ်။ အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ် ကိုတော့ ဒီနေရာကနေပြီးတော့ ဆက်သွယ်နိုင်ပါတယ်။

ဘယ်လိုလူမျိုးတွေ အသုံးပြုသင့်လဲ။ 

  • တိုကိုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ဖို့စဥ်းစားထားတဲ့သူတွေ။
  •  Tokutei jisshuu ဗီဇာကနေ Tokutei Ginou ဗီဇာပြောင်းမယ့် သူများ။
  • ဂျပန်စာကျောင်းပြီးပြီးတော့ အလုပ်လုပ်မယ့်နေရာ ရှာမတွေ့သေးသူများ။

Leverages Global Support ကိုဘယ်လိုအသုံးပြုမလဲ။

ကိုယ့်နဲ့ ကိုက်ညီမယ့် အလုပ်ကိုမေးကြည့်ခြင်း။

 အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်ကနေပြီးတော့ သ်တဲ့ ကိုက်ညီတဲ့ အလုပ်ကိုရှာဖွေတဲ့ နေရာမှာသင့်ကိုကူညီပေးပါတယ်။ တကယ်လို့ အလုပ်အကိုင် မိတ်ဆက်တဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ အောက်ပါ လင့်ကနေဝင်ပြီးတော့ စာပို့တဲ့ အချိန်မှာ WeXpats ကနေတွေ့ခဲ့တယ် ဆိုပြီးတော့ ပြောလိုက်ရင် စာပြန်လာပါလိမ့်မယ်။ 

 အလုပ်အကိုင်အကြံပေး ပုဂ္ဂိုလ်နဲ့ ဆွေးနွေးမည်

*Facebook အကောင့်ရှိထားဖို့လိုပါတယ်။ ပြန်စာကိုတော့ ဂျပန်လိုနဲ့ပြောပါလိမ့်မယ်။

ကိုယ့်ဘာသာကို အလုပ်ခေါ်စာကိုရှာနည်း။

တိုကုတေးဂီနိုး အလုပ်ခေါ်စာတွေကို ကြည့်မယ်

နောက်တစ်နည်းကတော့ ကိုယ့်ဘာသာ အလုပ်ခေါ်စာတွေကိုလဲ ရှာနိုင်ပါတယ်။ ရှာနဲ့ အချိန်မှာ ဂျပန်စာအရည်အချင်း၊ အလုပ်အကိုင်အမျိုးအစားနဲ့ အလုပ်နေရာတို့ကိုရွှေးချယ်ပြီးတော့ ရှာဖွေနိုင်ပါတယ်။ Gijinkoku ဗီဇာရနိုင်တဲ့ အလုပ်တွေလဲ အများကြီးရှိပါတယ်။ 

*ဒီအလုပ်တွေကိုလျှောက်ထားနိုင်တဲ့သူတွေကတော့ ဂျပန်ပြည်တွင်းမှာရှိနေတဲ့ သူတွေမျှသာဖြစ်ပြီး‌တော့ ဂျပန်ပြည်ပမှာရှိနေတဲ့ သူတွေကတော့ အဖွဲ့ ဝင်စာရင်းမျှသာပေးသွင်းထားနိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ မိမိနှင့်ကိုက်ညီသောအလုပ်/ အလုပ်အကိုင်အကြံပေး ပုဂ္ဂိုလ်နဲ့ဆွေးနွေးပြီး အချိန်တိုအတွင်း ဂျပန်အစိုးအရ အသိမှတ်ပြု ခိုင်း‌ဂေါ့ စာမေးပွဲအောင်သွားခြင်း

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ