Gijinkoku ဗီဇာကနေ Tokutei Ginō ကိုပြောင်းရင် ဘယ်လိုကောင်းကွက်တွေရှိနိုင်လဲ။ အလုပ်၊ ဝါသနာနှင့် စာလုပ်တာကို ဟန်ချက်ညီညီ ထိန်းနိုင်တဲ့ အကြောင်းပြချက်

ဗီယက်နမ်နိုင်ငံမှာ အထက်တန်းကျောင်းပြီးပြီးတော့ ဂျပန်မှာ ဂျပန်ဘာသာစကားကျောင်းနှင့် အသက်မွေးဝမ်းကြောင်းကျောင်းတွေတက်ခဲ့တဲ့ ဗီယက်နမ်လူမျိုးKim Van Linh ကတော့ ကျောင်းပြီးတဲ့ အချိန်မှာ Gijinkoku ဗီဇာရယူနိုင်ခဲ့ပြီးတော့ စကားပြန်၊ စားသောက်ဆိုင် တို့မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပမယ့် သူလုပ်ခဲ့တဲ့ နေရာတွေအားလုံးမှာတော့ အချိန်ပိုတွေ များပြီးတော့ သူအနာဂါတ်အတွက် သေသေချာချာ စာလုပ်နိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် Linh ကတော့ တိုကုတေးဂိနိုးဗီဇာကို ပြောင်းဖို့ ရွေးချယ်ဆုံးဖြတ်လိုက်ပါတယ်။

Gijinkoku ဗီဇာကနေ Tokutei Gino ကိုပြောင်းတဲ့ အချိန်မှာ မထင်ထားတဲ့ ကောင်းကွက်များ။

―― Linh ရဲ့ လက်ရှိဗီဇာနဲ့ အလုပ်အမျိုးအစားကိုပြောပြပါ။ အလုပ် စတိုင်လ်လေးကိုပြောပြပါ။

လက်ရှိနေထိုင်ခွင့်အမျိုးအစားကတော့ Tokutei Gino (စားသောက်ဆိုင်) ဖြစ်ပါတယ်။ တိုကျိုက ဟိုတယ် မှာ မနက်စာချက်တဲ့ တာဝန်ကိုယူထားပါတယ်။ အလုပ်လုပ်ချိန်ကတော့ မနက် ၅ နာရီကနေ မနက် ၁၁ နာရီအထိဖြစ်ပါတယ်။ ၁၂ နာရီမရောက်ခင်မှာ အိမ်ပြန်ပြီးတော့ ဘာသာစကားလေ့လာတို့ နည်းပညာနဲ့ ပတ်သက်ပြီးလေ့လာတာတို့ ၊ Anime ကြည့်တာတို့လုပ်လေ့ရှိပါတယ်။ အလုပ်ပိတ်တဲ့နေ့တွေမျိုးမှာဆိုရင်တော့ သူငယ်ချင်းတွေနဲ့ ကြက်တောင်ရိုက်လေ့ရှိပါတယ်။ ‌‌‌‌‌ဒေသတွင်းပြိုင်ပွဲတွေမှာ အနိုင်ရဖူးပါတယ်။

ဗီယက်နမ်မှာတုန်းကလဲ မနက်စောစော ကျောင်းသွားပြီး‌တော့ နေ့လည်ပိုင်းတွေကို အေးအေးဆေးဆေး နေလေ့ရှိလို့ နည်းနည်း သတိရမိတယ်။

―― စာလေ့လာတာတို့၊ အားကစားတို့မှာ အချိန်တွေ လွတ်လွတ်လပ်လပ် အသုံးပြုရတာ တော်တော်ကောင်းတယ် နော်။

ကျွန်တော်က အေးအေးဆေးဆေး အလုပ်လုပ်ရင်းတခြားအရာတွေကို လုပ်ရတာကြိုက်တယ်။ တစ်နေ့ ဂျပန်မှာ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ စဥ်းစားထားပါတယ်။ ဒါပေမယ့် အရင်အလုပ်တွေမှာတော့ အချိန်ပို အများကြီးလုပ်ရတဲ့ အတွက်ကြောင့်မို့လို့ စာလေ့လာဖို့ အချိန်လုံးဝမရှိပါဘူး။

အရင်တုန်းက အသက်မွေးဝမ်းကြောင်းကျောင်းတက်ပြီး ကျောင်းပြီးသွားတုန်းကတော့ ဂျိရှုးဆေး (နည်းပညာ အလုပ်သင်သား) တွေကို ဘာသာပြန်ပေးရတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ဂျပန်စာသိပ်မရတဲ့ အတွက်ကြောင့်မို့လို့ တစ်ခုချင်းစီကို အကုန်ဘာသာလိုက်ပြန်ပေးနေရလို့ ညဘက်တွေအထိ စာတွေလာပြီးတော့ ပိတ်ရက်တွေလဲ မနားရပါဘူး။

နောက်အလုပ်ကတော့ ဆူရှိနဲ့ ဂျပန်အရက်နာမည်ကြီးတဲ့ ဂျပန်ရိုးရာအရက်ဆိုင်ဖြစ်ပါတယ်။ ဆူရှိလုပ်ပုံလုပ်နည်းကနေစပြီး လေ့လာရပြီး အတူတူလုပ်ခဲ့တဲ့သူတွေကလဲ အရမ်းကိုငယ်ရွယ်ပြီးတော့ တော်တော် အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် လူမလုံလောက်တဲ့ အတွက်ကြောင့်မို့လို့ နားချိန်သေချာမရခဲ့ပါဘူး။ ဒီအလုပ်လဲ အနာဂါတ်အတွက်တော့ ကောင်းမယ် မထင်ဘူးဆိုပြီးတော့ အလုပ်ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ 

―― ဒီလိုနဲ့ တိုကုတေးဂိနိုး အလုပ်ရှာဖို့အတွက် “Leverages Grobal Support (LGS)” ကိုဆက်သွယ်ခဲ့တာပေါ့နော်။

ဟုတ်ကဲ့။ Facebook ပေါ်မှာကြေညာတွေ့ပြီးတော့ မှတ်ပုံတင်ခဲ့ပါတယ်။ အမှန်တော့Gijinkoku ဗီဇာ နဲ့ အလုပ်ပြောင်းတဲ့ အေဂျင်စီနဲ့ မှားပြီးမှတ်ပုံတင်မိတာဖြစ်ပါတယ်။ 

ဒါပေမယ့် မိတ်ဆက်ပေးခဲ့တဲ့ အလုပ်တွေကိုကြည့်လိုက်တော့ အချက်အလက်တွေက ကိုယ်လိုချင်တာနဲ့ ကိုက်ညီနေတဲ့ အတွက်ကြောင့်မိုလို့ တိုကုတေးဂိနိုးဗီဇာ လဲ မဆိုးဘူးဆိုပြီးတော့ တွေးမိသွားပါတယ်။

ဂျပန်မှာ ပုံမှန် ဝန်ထမ်းအနေနဲ့ အလုပ်လုပ်ရင်တော့ တစ်နေ့ကို ၈ နာရီကြာ အလုပ်လုပ် ရမှာဖြစ်ပြီးတော့ အချိန်ပိုင်းအလုပ်သမား အနေနဲ့ အလုပ်လုပ်မယ်ဆိုရင်လဲ အရမ်းတည်ငြိမ်မှုမရှိတဲ့ အတွက်ကြောင့်မိုလို့ ၁ နေ့ကို ၆ နာရီကြာအလုပ်လုပ်တာကတော့ အကောင်းဆုံးဖြစ်မယ်ဆိုပြီးထင်ခဲ့ပါတယ်။

တိုကုတေးဂိနိုးကတော့ တစ်နေ့ကို အများဆုံး ၅ နာရီကြာပဲ အလုပ်လုပ်ရတဲ့ အတွက်ကြောင့်မို့လို့ အဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက် ပြင်ဆင်ချိန်ရမယ်ဆိုပြီးရွေးချယ်ခဲ့ပါတယ်။ ထင်တဲ့ အတိုင်း စာလေ့လာဖို့အတွက် အချိန်ရခဲ့ပါတယ်။ ပုံမှန် ဝန်ထမ်း လစာထက် ပိုပြီးတော့နည်းသွားတာကလွဲရင် ကျန်တဲ့ အရာတွေ ကအကုန်အလုံးကိုယ့်အတွက် ပိုကောင်းလာတယ်လို့ခံစားရပါတယ်။

*Leverages Global Support (LGS) ဆိုကတော့တော့ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ဂျပန် တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ 

―― တိုကုတေးဂိနိုးဗီဇာနဲ့ လုပ်ချင်တဲ့ အလုပ်ပုံစံက ကွက်တိကျသွားတာပေါ့နော်။ LGS ရဲ့ဝန်ဆောင်မှုကရော ဘယ်လိုနေလဲ။

ချက်ချင်း အလုပ်လဲရသွားပြီးတော့ တာဝန်ခံကလဲ အရမ်းကိုသ‌ဘောကောင်းတဲ့ အတွက်ကြောင့်မိုလို့ ခြုံငုံကြည့်လိုက်ရင်တော်တော်အဆင်ပြေပါတယ်၊ 

တကယ်တော့ အလုပ်ဝင်မယ့် အချိန်ကြီးမှာ နေမကောင်းဖြစ်သွားပြီးတော့ ရုတ်တရက် အလုပ်နားရတဲ့ အချိန်မှာလဲ ကိုယ်စားအလုပ်ကိုဖုန်းဆက်ပြီး ဆက်သွယ်ပေးခဲ့ပါတယ်။ 

နောက်ပြီးတော့ နေထိုင်ခွင့်ပုံစံကိုပြောင်းတဲ့ အချိန်မှာလဲ ကူညီပေးခဲ့ပါတယ်။ ကျွန်တော်က ဂျပန်မှာ နေတာကြာနေပြီးမို့လို့ တော်တော်များများကို ကိုယ်တိုင်လုပ်နိုင်ပေမယ့် တော်တော်လေးကို သက်သာခဲ့ပါတယ်။ ဂျပန်မှာ နေသားမကျသေးတဲ့ သူတွေအတွက်တော့ တော်တော်လေးအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။ 

ဂျပန်မှာ အလုပ်ရှာဖို့အတွက် စိတ်သောကရောက်ဖူးပါသလား။
ကိုဘ်တကယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရဲ့လား။ ဂျပန်မှာ ဘယ်လိုအလုပ်ရှာရမလဲ နားမလည်ဘူး။ နိုင်ငံခြားသား‌တွေကိုခန့်တဲ့ အလုပ်ကိုရှာမတွေ့ဘူး။ ဂျပန်စကားပြောရတာ သိပ်ယုံကြည်ချက်မရှိဘူး။
ဂျပန်မှာ အလုပ်ရှာဖို့ အဆင်မပြေတဲ့ ပြသနာကို WeXpats မှာဖြေရှင်းပေးနေပါတယ်။ WeXpats Jobs မှာအလုပ်ရှာကြည့်မယ်

ဂျပန်မှာဆူရှိဆိုင်ဖွင့်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားဆဲ။

―― အနာဂါတ်မှာ ဂျပန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်လို့ပြောခဲ့တယ်နော်။ ဘယ်လိုလုပ်ငန်းမျိုးလုပ်ချင်ပါသလဲ။ 

သေချာတော့ မဆုံးဖြတ်ရသေးပေမယ့် ဆူရှီဆိုင်ဖွင့်ရင်ကောင်းမလားတွေးထားပါတယ်။ အရင်ဆိုင်မှာတုန်းက ဆူရှိလိပ်နည်းသင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဆူရှိ လိပ်တတ်သွားပါတယ်။ ဗီယက်နမ်လူမျိုး ဖွင့်ထားတဲ့ ဆူရှိဆိုင်ဆိုပြီး နာမည်ကြီးသွားမယ်ထင်ပါတယ်။

―― ဟုတ်သားပဲနော်။ အစကတည်းက ဂျပန်မှာ လုပ်ငန်းလုပ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ လာခဲ့တာလား။

မဟုတ်ပါဘူး။ ဂျပန်ကိုစလာတုန်းကတော့ ကောင်းတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ထားခဲ့တာပါ။ ဂျပန် Anime ကိုလဲကြိုက်တဲ့ အတွက်ကြောင့်မို့လို့ ဂျပန်မှာနေချင်ခဲ့တာပါ။

ဒါပေမယ့် ဂျပန်အသက်မွေးဝမ်းကြောင်းကျောင်းမှာ စာလေ့လာပြီးတော့ အတွေးပြောင်းသွားပါတယ်။ အဲ့တုန်းက အရမ်းခင်တဲ့ သူငယ်ချင်းက ဘာဘယ်တီးလ်ဆိုင်ဖွင့်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ ဘာဘယ်တီးအရမ်းခေတ်စားနေတဲ့ အတွက်ကြောင့်မို့လို့ အောင်မြင်မယ် ထင်ခဲ့ပေမယ့် ကိုလိုနာဖြစ်သွားတော့ …….

―― တော်တော်ခက်ခဲမှာပြနော်။

ဟုတ်ပါတယ်။ လာရောက်ဝယ်တဲ့ သူတွေလုံးဝမလာတော့ဘဲနဲ့ ဆိုင်လဲ ပျောက်သွားပါတယ်။ စားသောက်ဆိုင်မှာ ထပ်ပြီးအလုပ်လုပ်ချင်တယ်လို့ ဆုံးဖြတ်လိုက်တဲ့ ရည်ရွယ်ချက်ကလဲ ဆူရှီဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားလို့ပါ။

―― အကောင်းအထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အခုအလုပ်လုပ်နေတဲ့ ဟိုတယ်ကအလုပ်အတွေ့အကြုံလဲ အသုံးဝင်မယ်ထင်ပါတယ်။

အခုမှ စလုပ်ဆဲဆိုပေမယ့် အတွေ့အကြုံကောင်းရမယ်လို့ထင်ပါတယ်။ လာရောက်တည်းခိုတဲ့ သူအများစုကလဲ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ တတ်နိုင်သလောက် ဂျပန် ဧည့်သည်တွေရဲ့ ဘာသာစကားနဲ့ နှုတ်ဆက်နိုင်အောင်ကြိုစားနေပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာကို တရုတ်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကား နည်းနည်း လေ့လာထားတယ်။ ကိုယ့်နိုင်ငံက ဘာသာစကားနဲ့ လှမ်းပြောလိုက်ရင် ပြောနေကြတာတွေ့တယ်။

―― ကောင်းလိုက်တာ။ ဆူရှီကလဲ တမ္ဘာလုံးနီးပါးနာမည်ကြီးတဲ့ အစားအသောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြားသားဧည့်သည်တွေ အများကြီးလာမယ်ထင်တယ်နော်။ နောက်ဆုံးအနေနဲ့ ဆောင်းပါးဖတ်နေတဲ့ သူတွေကိုအကြံညဏ်ပေးပေး ပါအုံး။

ဂျပန်မှာ အသက်မွေးဝမ်းကြောင်းကျောင်းတွေနဲ့ တက္ကသိုလ် တက်နေတဲ့သူတွေ၊ တက်မယ့်သူတွေအနေနဲ့ တိုကုတေးဂိနိုးစာမေးပွဲတွေဖြေကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော့်လိုမျိုး တချိန်ချိန်မှာအသုံးဝင်မယ်လို့ထင်ပါတယ်။ တကယ်လို့ အလုပ်ရှာတဲ့ အချိန်မှာ မအောင်မြင်ဘူးဆိုရင်လဲ အာမခံအနေနဲ့ အသုံးဝင်ပါတယ်။ နောက်ပြီး တိုကုတေးဂိနိုးအလုပ်ရှာမယ်ဆိုရင် LGS ကို ကျိန်းသေပေါက် အသုံးပြုကြည့်ပါ။

Leverages Global Support

Leverages Global Support (LGS) ဆိုကတော့တော့ ဂျပန်မှာ တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အလုပ်ဝင်ပြီးနောက်မှာ လဲ တစ်ခုခုဆို ဆွေးနွေးနိုင်ပါတယ်။ 

တိုကုတေးဂိနိုးနဲ့ ပတ်သက်ပြီး ဆောင်းပါကိုတော့ ဒီနေရာကနေ ဝင်ဖတ်နိုင်ပါတယ်။ အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ် ကိုတော့ ဒီနေရာကနေပြီးတော့ ဆက်သွယ်နိုင်ပါတယ်။

ဘယ်လိုလူမျိုးတွေ အသုံးပြုသင့်လဲ။ 

  • တိုကိုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ဖို့စဥ်းစားထားတဲ့သူတွေ။

  •  Tokutei jisshuu ဗီဇာကနေ Tokutei Ginou ဗီဇာပြောင်းမယ့် သူများ။

  • ဂျပန်စာကျောင်းပြီးပြီးတော့ အလုပ်လုပ်မယ့်နေရာ ရှာမတွေ့သေးသူများ။

Leverages Global Support ကိုဘယ်လိုအသုံးပြုမလဲ။

ကိုယ့်နဲ့ ကိုက်ညီမယ့် အလုပ်ကိုမေးကြည့်ခြင်း။

 အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်ကနေပြီးတော့ သ်တဲ့ ကိုက်ညီတဲ့ အလုပ်ကိုရှာဖွေတဲ့ နေရာမှာသင့်ကိုကူညီပေးပါတယ်။ တကယ်လို့ အလုပ်အကိုင် မိတ်ဆက်တဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ အောက်ပါ လင့်ကနေဝင်ပြီးတော့ စာပို့တဲ့ အချိန်မှာ WeXpats ကနေတွေ့ခဲ့တယ် ဆိုပြီးတော့ ပြောလိုက်ရင် စာပြန်လာပါလိမ့်မယ်။ 

*Facebook အကောင့်ရှိထားဖို့လိုပါတယ်။ ပြန်စာကိုတော့ ဂျပန်လိုနဲ့ပြောပါလိမ့်မယ်။

ကိုယ့်ဘာသာကို အလုပ်ခေါ်စာကိုရှာနည်း။

နောက်တစ်နည်းကတော့ ကိုယ့်ဘာသာ အလုပ်ခေါ်စာတွေကိုလဲ ရှာနိုင်ပါတယ်။ ရှာနဲ့ အချိန်မှာ ဂျပန်စာအရည်အချင်း၊ အလုပ်အကိုင်အမျိုးအစားနဲ့ အလုပ်နေရာတို့ကိုရွှေးချယ်ပြီးတော့ ရှာဖွေနိုင်ပါတယ်။ Gijinkoku ဗီဇာရနိုင်တဲ့ အလုပ်တွေလဲ အများကြီးရှိပါတယ်။ 

*ဒီအလုပ်တွေကိုလျှောက်ထားနိုင်တဲ့သူတွေကတော့ ဂျပန်ပြည်တွင်းမှာရှိနေတဲ့ သူတွေမျှသာဖြစ်ပြီး‌တော့ ဂျပန်ပြည်ပမှာရှိနေတဲ့ သူတွေကတော့ အဖွဲ့ ဝင်စာရင်းမျှသာပေးသွင်းထားနိုင်ပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်အလုပ်/ မိမိနှင့်ကိုက်ညီသောအလုပ်/ Gijinkoku ဗီဇာကနေ Tokutei Ginō ကိုပြောင်းရင် ဘယ်လိုကောင်းကွက်တွေရှိနိုင်လဲ။ အလုပ်၊ ဝါသနာနှင့် စာလုပ်တာကို ဟန်ချက်ညီညီ ထိန်းနိုင်တဲ့ အကြောင်းပြချက်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ