Kaigo (介護) ကိုတော့ ဂျပန်နိုင်ငံမှာ ကျန်းမာရေးပြုစုစောင့်လျှောက်တဲ့သူတွေကိုခေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ခိုင်းဂေါ့နဲ့ ပတ်သက်တဲ့ အလုပ်တာဝန်တွေကတော့ ကျယ်ပြန့်ပြီးတော့ ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းကနေ စပြီးတော့ အသက်ရွယ်အိုမင်းလာမှုကြောင့် ကျန်းမာရေးပြုစုမှုလိုအပ်နေတဲ့သူတွေကို ပြုစုစောင့်ရှောက်မှု ပေးခြင်းတို့အထိ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ဂျပန်နိုင်ငံမှာ ခိုင်းဂေါ့အလုပ် လုပ်ဖို့အတွက် သူတွေအတွက် သိထားသင့်တဲ့အချက်တွေနှင့်လိုအပ်တဲ့ အချက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
မာတိကာ
- Kaigo (介護) ဆိုတာဘာလဲ။
- ဂျပန်နိုင်ငံမှာ Kaigo (介護) အလုပ်လုပ်တဲ့ အချိန်မှာ ဘယ်လိုအလုပ်တွေ လုပ်ရနိုင်မလဲ။
- Kaigo (介護) အလုပ်လုပ်ဖို့အတွက် လိုအပ်ချက်များ။
- Kaigo (介護) လစာအခြေအနေ။
- Leverages Global Support နဲ့ Kaigo (介護) အလုပ်ရှာလိုက်ပါ။
Kaigo (介護) ဆိုတာဘာလဲ။
Kaigo (介護) ကိုတော့ ဂျပန်နိုင်ငံမှာ ကျန်းမာရေးပြုစုစောင့်လျှောက်တဲ့သူတွေကိုခေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ခိုင်းဂေါ့နဲ့ ပတ်သက်တဲ့ အလုပ်တာဝန်တွေကတော့ ကျယ်ပြန့်ပြီးတော့ ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်းကနေ စပြီးတော့ အသက်ရွယ်အိုမင်းလာမှုကြောင့် ကျန်းမာရေးပြုစုမှုလိုအပ်နေတဲ့သူတွေကို ပြုစုစောင့်ရှောက်မှု ပေးခြင်းတို့အထိ ပါဝင်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဒီလိုကျန်းမာရေးပြုစုစောင့်ရှောက်မှုအတွက် အလုပ်သမားလိုအပ်ချက်တွေ မြင့်မားလျက်ရှိပါတယ်။ ဘာလို့လဲဆိုတာကတော့ ဂျပန်နိုင်ငံမှာတော့ ကလေးမွေးဖွှားနှုန်းကျဆင်းပြီးတော့ အသက်ကြီးတဲ့ လူဦးရေးကများသထက် များလာနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြာင့် အသက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အလုပ်သားလိုအပ်ချက်တွေ ပိုပြီးတော့ များပြာလာခြင်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအလုပ်သားတွေကို ခိုင်းဂေါ့ အလုပ်သားအနေနဲ့ ခန့်အပ်မှုတွေကလဲ မြင့်သထက် မြင့်မားလာပါတယ်။ နောက်ပြီးတော့ ခိုင်းဂေါ့ အလုပ်သမားအနေနဲ့ ဂျပန်နိုင်ငံမှာ အလုပ်လုပ် နေတဲ့ နိုင်ငံခြားသားတွေအတွက် လဲ ခွင့်ထူး အခြေအနေတွေကို ပေးစွမ်းလေ့ရှိပါတယ်။ ဒီခွင့်အထူးအနေနဲ့ ရရှိနိုင်မယ့် အချက်တွေကို ကြည့်လိုက်ကြရအောင်။
- အထူးကျွမ်းကျင် လုပ်သားဗီဇာ (特定技能ビザ)- Special Skilled Worker Visa : ပထမတစ်မျိုးတော့ အထူးကျွမ်းကျင်အလုပ်သားဗီဇာ ဖြစ်ပြီးတော့ ဂျပန်အစိုးရကနေပြီးတော့ ၂၀၁၉ ခုနှစ် ဧပြီလကနေပြီးတော့ စတင်ကျင့်သုံးခဲ့တဲ့ ဗီဇာလဲဖြစ်ပါတယ်။ ဒီအထူးကျွမ်းကျင်ဗီဇာထဲမှာတော့ ခိုင်းဂေါ့အလုပ်အမျိုးအစားလဲပါဝင်ပါတယ်။
- အလုပ်သင်အလုပ်သားဗီဇာ (技能実習ビザ)- နောက်ဗီဇာအမျိုးအစားကတော့ အလုပ်သင်ဗီဇာဖြစ်ပြီးတော့ ဂျပန်နိုင်ငံမှာ အမိနိုင်ငံမှာပြန်ပြီးအလုပ်လုပ်နိုင်ဖို့အတွက် လက်တွေ့အလုပ်ကိုသင်ယူနိုင်တဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ဒီဗီဇာနဲ့လဲ ခိုင်းဂေါ့အနေနဲ့ အလုပ်လုပ်နိုင်ပါတယ်။
- ခိုင်းဂေါ့ဗီဇာ - နောက်ဗီဇာအမျိုးအစားကတော့ ခိုင်းဂေါ့ဗီဇာဖြစ်ပါတယ်။ ဒီဗီဇာကတော့ အစိုးရအသိမှတ်ပြုစာမေးပွဲအောင်ထား ဖို့လိုအပ်ပြီးတော့ ဂျပန်နိုင်ငံမှာ အကန့်အသတ်မရှိနေထိုင်ခွင့်လဲရရှိနိုင်တဲ့ဗီဇာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဂျပန်နိုင်ငံမှာ ခိုင်းဂေါ့ဗီဇာနဲ့ အလုပ်လုပ်မယ်ဆိုရင်တော့ ဒီလိုဗီဇာတွေနဲ့ နိုင်ငံခြားသားတွေလဲ အလွယ်တကူအလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်နိုင်ငံမှာ Kaigo (介護) အလုပ်လုပ်တဲ့ အချိန်မှာ ဘယ်လိုအလုပ်တွေ လုပ်ရနိုင်မလဲ။
ဒါဆိုရင် ခိုင်းဂေါ့နဲ့အလုပ်လုပ်တဲ့သူတွေအတွက် အလုပ်အကြောင်းအရာတွေကို ကြည့်လိုက်ကြရအောင်။ ခိုင်းဂေါ့အနေနဲ့လုပ်တဲ့သူတွေ အနေနဲ့ကတော့ တာဝန်တွေအမျိုးမျိုးရှိပြီးတော့ အများအားဖြင့် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
- အစားအသောက်ကျွေးခြင်း။
- ရေချိုးကူခြင်း။
- အပေါ့အလေး ကူပေးခြင်း။
- အဝတ်အစားလှဲ ကူပေးခြင်း။
- ဆေးကူပေးခြင်း။
- အပြင်အတူတူထွက်ပေးခြင်း။
- နေရာချပေးခြင်း။
- လမ်းပန်းဆက်သွယ်ရေးကူပေးခြင်း။
- အိမ်မှုကိစ္စများကူပေးခြင်း။
- ပြန်လည်ထူထောင်ရေးအတွက်ကူပေးခြင်း။
- အပန်ဖြေခြင်း။
ဒီလိုမျိုး လုပ်ငန်းတာဝန်အမျိုးအစားတွေကတော့ အလုပ်လုပ်မယ့် ဂေဟာနှင့် ဆေးရုံအမျိုးအစားတွေအပါ်မှာလဲ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ ခိုင်းဂေါ့အလုပ်လုပ်နိုင်တဲ့ ဂေဟာအမျိုးအစားတွေကိုကြည့်လိုက်ကြရအောင်။
ဂျပန်နိုင်ငံရဲ့ ခိုင်းဂေါ့ဂေဟာအမျိုးအစားများ
ဂျပန်မှာ ခိုင်းဂေါ့အနေနဲ့ အလုပ်လုပ်တဲ့ အချိန်မှာ ဘယ်လိုမျိုးနေရာတွေမှာအလုပ်လုပ်ရနိုင်လဲ ဆိုတာကိုသိနိုင်ဖို့အတွက် ခိုင်းဂေါ့ဂေဟာအမျိုးအစားတွေကိုဖော်ပြလိုက်ပါတယ်။
အထူးဘိုးဘွားစောင့်ရှောက်ရေးဂေဟာ (特別養護老人ホーム)
အထူးဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေကတော့ လူကြီးတွေအတွက် အဓိက ဖန်တီးထားတဲ့ နေရာဖြစ်ပြီးတော့ အများအားဖြင့် အိမ်မှာနေဖို့ အခက်အခဲရှိတဲ့ သူတွေအတွက် ရည်ရွယ်ထားတဲ့နေရာဖြစ်ပါတယ်။
အသက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်ရေးဂေဟာ(介護老人保健施設)
ဒီလိုဂေဟာတွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ အသက်ကြီးတဲ့သူတွေနေထိုင်တဲ့ဂေဟာဖြစ်ပါတယ်။ ဒီဂေဟာမှာတော့ အသေးစားစောင့်ရှောက်မှုကနေပြီး အကြီးစားစောင့်ရှောက်ရေး ဝန်ဆောင်မှုတွေအတွက်ပါ ဝန်ဆောင်မှုပေးတဲ့ နေရာဖြစ်ပါတယ်။ ဒီဂေဟာတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂေဟာမှာရှိတဲ့ သူတွေအတွက် ပြန်လည်ထူထောင်ရေးအတွက် အဓီကထားပြီးတော့ ဝန်ဆောင်မှုပေးတဲ့ နေရာလဲဖြစ်ပါတယ်။
တစ်နေ့တာ ပြုစု ဂေဟာ
တစ်နေ့တာ ပြုစု ဂေဟာကတော့ နာမည်အတိုင်းပဲ နေ့ဘက်လာပြီးတော့ လိုအပ်တဲ့ ဝန်ဆောင်မှု ဥပမာ ရေချိုး၊ အစာစား၊ လေ့ကျင့်ခန်း တို့ကိုလုပ်ပြီးပြီဆိုတာနဲ့ အိမ်ကိုပြန်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ တစ်နေ့တာ ပြုစု ဝန်ဆောင်မှုကိုတော့ တခြားဂေဟာတွေမှာလဲ ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။
Kaigo (介護) အလုပ်လုပ်ဖို့အတွက် လိုအပ်ချက်များ။
ဒါဆိုရင်တော့ ခိုင်းဂေါ့ဂေဟာတွေမှာအလုပ်လုပ်ဖို့အတွက် လိုအပ်ချက်တွေကိုကြည့်လိုက်ကြရအောင်။
ပညာအရည်အချင်းနှင့် အတွေ့အကြုံ
- အထူးကျွမ်းကျင် လုပ်သားဗီဇာ (特定技能ビザ)- ဒီဗီဇာနဲ့လာမယ်ဆိုရင်တော့ အထူးတလည် ပညာအရည်အချင်းသတ်မှတ်ချက်မရှိပေမယ့် ဂျပန်နိုင်ငံရဲ့ ခိုင်းဂေါ့နဲ့ ပတ်သက်တဲ့ စာမေးပွဲနှင့် ဂျပန်စာ အရည်အချင်း N4နှင့်အထက် ရှိထားဖို့လိုအပ်ပါတယ်။
- အလုပ်သင်အလုပ်သားဗီဇာ (技能実習ビザ)- ပညာအရည်အချင်းသတ်မှတ်ထားခြင်းမရှိပေမယ့် အမိနိုင်ငံမှာတော့ တူညီတဲ့ နယ်ပယ်မှာ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ဂျပန်စာ အရည်အချင်း N4နှင့်အထက် ရှိထားဖို့လိုအပ်ပါတယ်။
- ခိုင်းဂေါ့ဗီဇာ - ခိုင်းဂေါ့ဗီဇာနဲ့ အလုပ်လုပ်မယ့်သူဆိုရင်တော့ အစိုးရအသိမှတ်ပြု ခိုင်းဂေါ့ စာမေးပွဲကို အောင်ထားဖို့လိုအပ်ပါတယ်။
ဒီလို ပညာအရည်အချင်းနှင့်အတွေ့အကြုံတွေအပြင် ကူညီချင်စိတ်၊ စိတ်ရှည်သီးခံနိုင်စွမ်းတွေလဲရှိဖို့လိုအပ်ပါတယ်။
Kaigo (介護) လစာအခြေအနေ။
လစာအနေအထားကိုကြည့်လိုက်ကြရအောင်။ လစာကတော့ ခိုင်းဂေါ့အလုပ်သမားတွေရဲ့ ပျမ်းမျှတစ်နှစ်တာ ဝင်ငွေကတော့ ယန်း ၃၈၀ သောင်းဖြစ်ပါတယ်။ ရာထူးနှင့် အရည်အချင်းအပေါ်မူတည်ပြီးတော့ ယန်း ၄၂၀ သောင်း အထိရရှိနိုင်တာမျိုးတွေလဲရှိနိုင်ပါတယ်။
အချိန်ပိုင်းခိုင်းဂေါ့အလုပ်သမားတွေကတော့ တစ်နာရီကို ယန်း ၁၁၃၀ ယန်းကနေ ရရှိနိုင်ကြပါတယ်။ နေရာနှင့် ဂေဟာအပေါ်မူတည်ပြီးတော့ လစာကွာခြားနိုင်ပါတယ်။
Leverages Global Support နဲ့ Kaigo (介護) အလုပ်ရှာလိုက်ပါ။
Leverages Global Support (LGS) ဆိုကတော့တော့ ဂျပန်မှာ တိုကုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက် အလုပ်အကိုင်မိတ်ဆက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အလုပ်အကိုင် မိတ်ဆက်ပေးတာတွေအပြင် ဗီဇာပြောင်းတဲ့ အဆင့်တွေရယ်၊ အင်တာဗျုးလေ့ကျင့်ပေးတာတို့၊ အိမ်ရှာပေးတာတို့ကိုပါ အခမဲ့ ဝန်ဆောင်မှုပေးပါတယ်။ အလုပ်ဝင်ပြီးနောက်မှာ လဲ တစ်ခုခုဆို ဆွေးနွေးနိုင်ပါတယ်။
တိုကုတေးဂိနိုးနဲ့ ပတ်သက်ပြီး ဆောင်းပါကိုတော့ ဒီနေရာကနေ ဝင်ဖတ်နိုင်ပါတယ်။ အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ် ကိုတော့ ဒီနေရာကနေပြီးတော့ ဆက်သွယ်နိုင်ပါတယ်။
ဘယ်လိုလူမျိုးတွေ အတွက်သင့်တော်လဲ။
-
တိုကိုတေးဂိနိုးဗီဇာနဲ့ အလုပ်လုပ်ဖို့စဥ်းစားထားတဲ့သူတွေ။
-
Tokutei jisshuu ဗီဇာကနေ Tokutei Ginou ဗီဇာပြောင်းမယ့် သူများ။
-
ဂျပန်စာကျောင်းပြီးပြီးတော့ အလုပ်လုပ်မယ့်နေရာ ရှာမတွေ့သေးသူများ။
Leverages Global Support ကိုဘယ်လိုအသုံးပြုမလဲ။
ကိုယ့်နဲ့ ကိုက်ညီမယ့် အလုပ်ကိုမေးကြည့်ခြင်း။
အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်ကနေပြီးတော့ သ်တဲ့ ကိုက်ညီတဲ့ အလုပ်ကိုရှာဖွေတဲ့ နေရာမှာသင့်ကိုကူညီပေးပါတယ်။ တကယ်လို့ အလုပ်အကိုင် မိတ်ဆက်တဲ့ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ အောက်ပါ လင့်ကနေဝင်ပြီးတော့ စာပို့တဲ့ အချိန်မှာ WeXpats ကနေတွေ့ခဲ့တယ် ဆိုပြီးတော့ ပြောလိုက်ရင် စာပြန်လာပါလိမ့်မယ်။
ကိုယ့်ဘာသာကို အလုပ်ခေါ်စာကိုရှာနည်း။
နောက်တစ်နည်းကတော့ ကိုယ့်ဘာသာ အလုပ်ခေါ်စာတွေကိုလဲ ရှာနိုင်ပါတယ်။ ရှာနဲ့ အချိန်မှာ ဂျပန်စာအရည်အချင်း၊ အလုပ်အကိုင်အမျိုးအစားနဲ့ အလုပ်နေရာတို့ကိုရွှေးချယ်ပြီးတော့ ရှာဖွေနိုင်ပါတယ်။ Gijinkoku ဗီဇာရနိုင်တဲ့ အလုပ်တွေလဲ အများကြီးရှိပါတယ်။
မှတ်ချက် - ဒီအလုပ်တွေကိုလျှောက်ထားနိုင်တဲ့သူတွေကတော့ ဂျပန်ပြည်တွင်းမှာရှိနေတဲ့ သူတွေမျှသာဖြစ်ပြီးတော့ ဂျပန်ပြည်ပမှာရှိနေတဲ့ သူတွေကတော့ အဖွဲ့ ဝင်စာရင်းမျှသာပေးသွင်းထားနိုင်ပါတယ်။