ဂျပန်ကျောင်းတွေရဲ့အစားအစာဆိုင်ရာပညာပေးမှုများ(School lunch in Japan)

ဂျပန်ရဲ့ ပညာရေးစနစ်အကြောင်း ပြောမယ်ဆိုရင် ချန်ထားလို့မရတဲ့အကြောင်းအရာက ကျူးရှိုကု လို့ခေါ်တဲ့ 給食ကျောင်းနေ့လယ်စာ ပဲ ဖြစ်ပါတယ်။ ဂျပန်ကအခြေခံပညာကျောင်းတိုင်းမှာ ကျောင်းသားတွေကိုနေ့လယ်စာထမင်းကျွေးပါတယ်။ဂျပန့်ပညာရေးဝန်ကြီးဌာနဟာအစားအစာဆိုင်ရာပညာပေး ၊ ကျောင်းနေ့လယ်စာ၊ ကလေးတွေအကြား စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး တိုးတက်လာ စေရေး စတာတွေကို အလေးထားဆောင်ရွက်ပါတယ်။ဂျပန်မှာ ကျောင်းနေ့လယ်စာကျွေးမွေးရေးကို ဦးစားပေးလုပ်ဆောင်ကြပါတယ်။ဒါကြောင့်ရှိုကုအိကုလို့ခေါ်တဲ့”အစားအစာဆိုင်ရာပညာရေး”ဆိုတဲ့စကားလုံးကို ကျောင်းတွေမှာအသုံးပြုကြပါတယ်။

စားသောက်မှုနဲ့စည်းကမ်းများ

ကလေးတွေကို သူတို့စားသောက်တဲ့ အစားအစာတွေအကြောင်းနဲ့ အဲဒါတွေထဲမှာပါဝင်တဲ့ အာဟာရ တွေအကြောင်းကို နေ့လယ်စာ စားသောက်ရင်းနဲ့ ရှင်းပြပြောပြပါတယ်။ ဆိုလိုတဲ့သဘောက ငယ်ငယ်လေးကတည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံတွေကို သတိပြုမိလာအောင် လုပ်ပေးတဲ့သဘောပါပဲ။ကလေးတွေဟာနေ့လယ်စာကိုအေးအေးဆေးဆေးထိုင်ကာဝိုင်းဖွဲ့စားသောက်ကြရပါတယ်။ သူတို့ဟာ သူများထည့်ပေးတာကို အဆင်သင့်ထိုင် စားသောက်ရုံသက်သက် မကပါဘူး၊ တခြားသူတွေကို ထည့်ကျွေးရတဲ့အလုပ်ကိုလည်း အလှည့်ကျ လုပ်ရပါသေးတယ်။ ဒီတော့ အလုပ်တာဝန်ကို ခွဲဝေလုပ်ရတာ ၊ အပြန်အလှန် ညှိနှိုင်း လုပ်ဆောင်ရတာတွေကို မူလတန်းအရွယ်ကတည်းက လက်တွေ့လုပ်ရင်း သင်ယူလေ့လာ ကြရတာပေါ့။

ကျန်းမာရေးနဲ့ပက်သက်သောပညာပေးမှုများ

 မူလတန်းကျောင်းအားလုံးနဲ့ အလယ်တန်းကျောင်းအများစုမှာ ဘာတွေကို ကျွေးမလဲဆိုတာကို ကျန်းမာရေးနဲ့ညီညွတ်အောင်တွက်ချက်ကျွေးမွေးပါတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင် အာဟာရဓာတ်ပြည့်ဝအောင်ဆိုတဲ့အတွက် လတ်ဆတ်တဲ့ အသား ငါး ဟင်းသီးဟင်းရွက် စတာတွေကို အသုံးပြုပြီး ချက်ပြုတ်ပါတယ်။ ရေခဲရိုက်အစားအစာ ၊ အသင့်ချက်ပြုတ်ထားပြီးသား အစားအစာ ၊ စည်သွပ်ဗူးထည့် အစားအစာ စတာတွေကို ကျောင်းတွေမှာ ကျွေးလေ့ကျွေးထ မရှိပါဘူး။ ဟင်းသီးဟင်းရွက်ဆိုရင်လည်း ရာသီပေါ်တွေကို အများဆုံးသုံးပါတယ်။ မပါမဖြစ်ကတော့ နွားနို့ပဲ ဖြစ်ပါတယ်။ ကလေးတိုင်း နွားနို့ ၁၉၀ မီလီလီတာကနေ ၂၅၀ မီလီလီတာကြားရှိတဲ့ နို့ဗူးတွေကို သောက်ကြရပါတယ်။ကလေးတွေဟာ သီတင်းတစ်ပတ်မှာ ၅ ကြိမ် စားရတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုအပ်တဲ့အာဟာရဓာတ်ပြည့်ဝဖို့ကို ကျောင်းတွေက တာဝန်ခံရပါတယ်။ အဲဒါကြောင့် ကျောင်းတွေဟာ သူတို့တာဝန်ခံရတဲ့ကိစ္စအတွက် အထူးအလေးပေးပြီး ကြပ်ကြပ်မတ်မတ် လုပ်ကိုင်ကြပါတယ်။

ဂျပန်အစိုးရမှကျောင်းများအတွက်ကူညီပံ့ပိုးမှုများ

 ဂျပန်အစိုးရက ကျောင်းနေ့လယ်စာအတွက် ကျောင်းတိုင်းကို ထောက်ပံ့ကြေးကို တွက်ချက်ပြီး ပေးပါတယ်။ နေ့လယ်စာအတွက် မိဘတွေဟာ ကလေးတစ်ယောက်အတွက် တစ်လကို ယန်း ၄၀၀၀ ကနေ ယန်း၅၀၀၀ကြားပေးသွင်းရပါတယ်။အဲဒီပမာဏဟာမိဘတိုင်းတတ်နိုင်တဲ့ပမာဏပါ။ဝင်ငွေကောင်းတဲ့မိသားစုက ကလေးပဲဖြစ်ဖြစ် ၊ ဝင်ငွေမကောင်းတဲ့မိသားစုက ကလေးပဲ ဖြစ်ဖြစ် အနည်းဆုံးတစ်နပ်တော့ လိုအပ်တဲ့အာဟာရအပြည့်အဝစားနိုင်အောင်လုပ်ထားတဲ့စနစ်ဖြစ်ပါတယ်။ကလေးတွေကျောင်းသွားတဲ့အခါ မပါမဖြစ်သယ်သွားရတဲ့ အရာတွေထဲမှာသောက်ရေခွက်သွားပွတ်တံသွားတိုက်ဆေးတို့ ပါပဲ။ နေ့လယ်စာ စားသောက်ပြီးတဲ့အခါ သွားနဲ့ ခံတွင်း သန့်ရှင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျောင်းမှာ သေသေချာချာသင်ပေးပါတယ်။ဂျပန်က အခြေခံပညာကျောင်းတွေဟာ ကလေးတွေကို ငယ်ငယ်လေးကတည်းကအခြေခံကောင်းတွေကိုငယ်ငယ်ကတည်းကလေ့ကျင့်ပြုစုပျိုးထောင်တဲ့စနစ်ကောင်းဖြစ်ပါတယ်။

ဂျပန်၏ပညာရေးအကြောင်းသိကောင်းစရာ(Japanese education)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လူမှုရေးဆိုင်ရာ (လက်ထပ်ခြင်း၊ ကလေးစောင့်ရှောက်ခြင်း၊ အသုဘအခမ်းအနား)/ ဂျပန်ကျောင်းတွေရဲ့အစားအစာဆိုင်ရာပညာပေးမှုများ(School lunch in Japan)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ