ဂျပန်ရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Japanese wedding)

ဂျပန်ရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးအခုနောက်ပိုင်းမှာလည်းရှေးရိုးရာအစဥ်အလာအတိုင်းဆောင်ကြလေ့ရှိပါတယ်။ရှေးရိုးရာပုံစံဆောင်ချင်တဲ့သူတွေကဂျပန်ရဲ့ဘုရားကျောင်းများမှာဆောင်ကြလေ့ရှိပါတယ်။အခုနောက်ပိုင်းဆောင်တဲ့ထဲမှာအနောက်တိုင်းပုံစံဆောင်ကြလေ့ရှိပြီး၊ခရစ်ယန်ဘုရားကျောင်းများတွင်လည်းဆောင်ကြလေ့ရှိပါတယ်။ရိုးရာင်္ဂလာဆောင်မှာဝတ်ဆင်ရတဲ့ကီမိုနိုအမျိုးအစားကဒီပြင်အမျိုးအစားနဲ့တူညီမှုမရှိဘဲသီးသန့်ကီမိုနိုအမျိုးအစားကိုဝတ်ဆင်ရပါတယ်။မင်္ဂလာပွဲနဲ့ပတ်သက်လို့အစီအစဥ်တကျပြုလုပ်ရပြီး၊သီးသန့်အချိန်ပေးရတာဖြစ်ပါတယ်။ဘယ်အချိန်ကနေဘယ်အချိန်ထိတစ်ခုကိုဘယ်လောက်အချိန်ယူမယ်ဆိုပြီးသတ်မှတ်ထားပါတယ်။ရိုးရာမင်္ဂလာဆောင်အနေနဲ့လည်းဘုရားကျောင်းရှေးခေတ်ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ပြီးလှည့်လယ်ပြီးဓလေ့ရိုးရာအတိုင်းပြုလုပ်ရပါတယ်။ရှေးတုန်းကနေယခုခေတ်မင်္ဂလာဆောင်ကျင်းပတဲ့အချိန်ရော၊ပုံစံရောမတူညီကြဘဲတဖြည်းဖြည်းပြောင်းလဲလာပါတယ်။

ဂျပန်မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး

မင်္ဂလာဆောင်များကိုအစီအစဥ်အတိုင်းပြုလုပ်ရပါတယ်။ပထမဦးဆုံးအနေနဲ့သတို့သား၊သတို့သမီးတွေ့ဆုံမှုပုံစံလုပ်ရပြီး၊ဒုတိယအနေနဲ့မင်္ဂလာဆောင်နေရာမှာဓါတ်ပုံရိုက်ကူမှုများပြုလုပ်ရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့မင်္ဂလာဆောင်အစမ်းလေ့ကျင့်ရမှာဖြစ်ပါတယ်။ဆက်လက်ပြီးဆွေးမျိုးများမိတ်ဆက်ပေးမှာပြုလုပ်ရမှာဖြစ်ပြီး၊နောက်ဆုံးမှာတကယ့်မင်္ဂလာဆောင်ကျင်းပမှာဖြစ်ပါတယ်။အဲဒါပြီးသွားရင်ဧည့်ခံပွဲကျင်းပမှာဖြစ်ပြီး၊သူငယ်ချင်း၊မိတ်ဆွေများအတွက်သီးသန့်ပါတီပြုလုပ်ပေးရတာဖြစ်ပါတယ်။မိသားစုမိတ်ဆက်တာကိုနာရီဝက်လောက်ပြုလုပ်ပြီး၊အကုန်လုံးနှစ်နာရီခွဲလောက်ကျင်းပရတာဖြစ်ပါတယ်။အသက်အရွယ်အားဖြင့်လည်းယောက်ျားလေးများအနေဖြင့်ဆယ့်ရှစ်နှစ်၊မိန်းကလေးများအနေနဲ့ဆယ့်ခြောက်နှစ်မှစတင်ပြီးအိမ်ထောင်ပြုလို့ရပါတယ်။မင်္ဂလာဆောင်လက်ဖွဲ့မယ်ဆိုရင်စုံဂဏန်းနဲ့ပတ်သက်တဲ့ပိုက်ဆံကိုလက်မဖွဲ့ရပါဘူး။ပိုက်ဆံအနေနဲ့မဂဏန်းနဲ့သာလက်ဖွဲ့ရပါတယ်။ဥပမာနှစ်သောင်း၊လေးသောင်း၊ခြောက်သောင်းအစရှိသဖြင့်မရဘဲမဂဏန်းငါးထောင်တန်နှစ်ရွက်၊တစ်သောင်းတန်တစ်ရွက်၊စုစုပေါင်းသုံးရွက်ဆိုလည်းရပါတယ်။လေးသောင်း၊ကိုးသောင်းကိုလည်းလက်ဖွဲ့ပေးလို့မရပါဘူး။ဂျပန်မှာမကောင်းတဲ့အယူအဆရှိတာကြောင့်ဖြစ်ပါတယ်။

မင်္ဂလာဆောင်အမျိုးအစားများနဲ့စိတ်ဝင်စားစရာများ

မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့အမျိုးမျိုးသတ်မှတ်ထားပါတယ်။(人前式)ဆိုပြီးဟိုတယ်၊ခန်းမမှာလက်ထပ်တာဖြစ်ပါတယ်။အနောက်တိုင်းပုံစံနဲ့ထုံတမ်းအစဥ်အလာပုံစံလက်ထပ်တဲ့ပုံစံရှိပါတယ်။နောက်တစ်ခုက(神前式)ဘုရားကျောင်းမှာလက်ထပ်ခြင်းဖြစ်ပါတယ်။ရိုးရာဓလေ့နဲ့ပတ်သက်တဲ့ဝတ်စုံကီမိုနိုအကောင်းစားကိုဝတ်ဆင်ပြီးဒီပြင်အခမ်းအနားနဲ့မတူတဲ့အပြင်အဆင်၊အပြင်ကဂျပန်ရိုးရာအဝတ်ဖြူနဲ့ခေါင်းမှာလည်းအဖြူရောင်ခေါင်းစွပ်ကိုဆောင်းထားရပါတယ်။လက်ထဲမှာအဆောင်ကိုကိုင်ထားရပြီး၊ဘုရားကျောင်းထဲကိုလှည့်လည်ရပါတယ်။မိဘ၊ဆွေမျိုးများကလည်းကီမိုနိုဝတ်စုံနဲ့လှည့်လှည်ပေးရတဲ့သူတွေကရှေးတုန်းကဝတ်စုံဝတ်ဆင်ထားရပါတယ်။အမျိုးသားများကလည်းအပေါ်ဝတ်ကီမိုနိုအမည်းရောင်နဲ့သပ်ရပ်စွာဝတ်ဆင်ရပါတယ်။ဆက်လက်ပြီး(仏前式)ဗုဒ္ဓဘာသာအရလက်ထပ်ခြင်းဖြစ်ပါတယ်။ဘုရားကျောင်းထဲဘုရားရှေ့မှာပြုလုပ်တဲ့ထုံတမ်းအစဥ်အလာနဲ့ကျင်းပရပါတယ်။နောက်ဆုံးတစ်ခုကတော့(キリスト教式)ခရစ်ယာန်ကျောင်းမှာပြုလုပ်တဲ့မင်္ဂလာပွဲဖြစ်ပါတယ်။သင်းအုပ်ဆရာရှေ့မှာဂတိပြုတိုင်တည်ပြီးကျင်းပတဲ့ပုံစံဖြစ်ပါတယ်။ဘေးနှစ်ဖက်ခုံတန်းမှဧည့်သည်များဖြင့်ကျင်းပတဲ့ပုံစံဖြစ်ပါတယ်။

မင်္ဂလာဆောင်နဲ့ထုံတမ်းအစဥ်အလာ

ဂျပန်ရဲ့ယဥ်ကျေးမှုလည်းစိတ်ဝင်စားစရာများစွာရှိပါတယ်။မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးအယူအဆနဲ့လိုက်နာရမယ့်စည်းကမ်းလေးတွေလည်းရှိပါတယ်။ယခုနောက်ပိုင်းမှာတော့ဂျပန်မှာအနောက်တိုင်းပုံစံမင်္ဂလာဆောင်များပြားလာပါတယ်။အခုနောက်ပိုင်းမှာလည်းဘုရားကျောင်းထဲရိုးရာဝတ်စုံဖြင့်တဖက်မှာလည်းလူကြိုက်များလာတာလည်းရှိပါတယ်။ရိုးရာဝတ်စုံနဲ့ပတ်သက်ပြီးအဓိပ္ပယ်များစွာရှိပြီး၊ကောင်းတဲ့နိမိတ်အနေနဲ့လည်းလူကြိုက်များပါတယ်။ဟိုအရင်ခေတ်ကတည်းကအယူအဆများကိုအခုထိတိုင်ထိန်းသိမ်းထားပါတယ်။မင်္ဂလာဆောင်အတွက်ပြင်ဆင်မှုပုံစံနဲ့ဝတ်ဆင်ရမယ့်ဝတ်စုံကလည်းစျေးကြီးပြီး၊သားနားလှပါတယ်။ဂျပန်မှာလည်းနေရာဒေသပေါ်လိုက်ပြီးမင်္ဂလာဆောင်ပုံစံအနည်းငယ်ပြောင်းလဲမှုရှိပြီး၊မင်္ဂလာဆောင်အချိန်ကညနေကနေညအထိပြုလုပ်လေ့ရှိကြပါတယ်။နိုင်ငံခြားပုံစံနဲ့တစ်ချို့နေရာတွေမှာကွဲပြားမှုရှိနေနိုင်ပါတယ်။မင်္ဂလာဆောင်ပုံစံအမျိုးအစားကဒီပြင်နိုင်ငံထက်များပြားပြီးရိုးရာအစဥ်အလာနဲ့စနစ်တကျပြုလုပ်ခြင်းဖြစ်ပါတယ်။ယခုနောက်ပိုင်းလူငယ်များကလည်းပုံစံအမျိုးမျိုးပြောင်းလဲပြီးပြုလုပ်လာကြပါတယ်။

ဂျပန်ရိုးရာဝတ်စုံများ(Kimono, Yukata, Hakama, Furisode, Japanese traditional garment)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ လူမှုရေးဆိုင်ရာ (လက်ထပ်ခြင်း၊ ကလေးစောင့်ရှောက်ခြင်း၊ အသုဘအခမ်းအနား)/ ဂျပန်ရဲ့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးဗဟုသုတရစရာအကြောင်းအရာများ(Japanese wedding)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ