အိုကီနာဝါမှာဆိုရင်တော့ အပြာရောင် ပင်လယ်ကြီးနဲ့ သစ်တောကျယ်ကြီးနဲ့ ထူးခြားဆန်းပြားတဲ့ ဟင်းလျာတွေနဲ့ အတူနာမည်ကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပျော်စရာတွေလဲ အများကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ခရီးသွားတဲ့သူတွေကြားထဲမှာလဲ နာမည်ကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ အိုကီနာဝါရဲ့ နာမည်ကြီးတဲ့ နေရာတွေအပြင် ဆွဲဆောင်မှုတွေအကြောင်းကိုပါ ရှင်းလင်းဖော်ပြသွားပါမယ်။
မာတိကာ
- အိုကီနာဝါရဲ့ သမိုင်းနှင့် ပထဝီ။
- အိုကီနာဝါရဲ့ဆွဲဆောင်မှုအဆင့်။
- အိုကီနာဝါရဲ့ ဆွဲဆောင်မှု ၆ ခု။
- အိုကီနာဝါရဲ့ နာမည်ကြီး နေရာများ။
အိုကီနာဝါရဲ့ သမိုင်းနှင့် ပထဝီ။
အိုကီနာဝါခရိုင်ကတော့ ရှေးယခင်တုန်းကတော့ Ryūkyū ဘုရင့်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံအတွင်းမဟုတ်ဘဲ သီးခြားနိုင်ငံအနေနဲ့တည်းထောင်ထားခဲ့ပါတယ်။ ယခုလက်ရှိအချိန်အထိ Ryūkyū ဘုရင့်နိုင်ငံရဲ့ အကြွင်းအကျန်တွေကျန်ရှိနေဆဲဖြစ်ပါတယ်။
အိုကီနာဝါကနေ အပူပိုင်းဒေသဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တစ်နှစ်ပတ်လုံးပူပါတယ်။ အိုကီနာဝါခရိုင်ရဲ့ ရိုးရာအဆောင်အအုံတွေကတော့ အပူဒဏ်ကိုခံနိုင်ရည်ရှိဖို့အတွက် တီထွင်ဆောက်လုပ်ထားတာမျိုးဖြစ်ပြီးတော့ လက်ရှိအချိန်မှာလဲ ကဖေးတွေနဲ့ တည်းခိုအခန်းအနေနဲ့ အသုံးပြုလျက်ရှိပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
အိုကီနာဝါရဲ့ဆွဲဆောင်မှုအဆင့်။
၂၀၂၃ ခုနှစ်မှာ Brand Research Institute (BRI) ကထုတ်ပြန်တဲ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားဒေသတွင်းမှာ ဆွဲဆောင်မှု အဆင့်ထဲမှာ အဆင့်၃ ဖြစ်ပါတယ်။ ဒီလို အဆင့်၃ အနေနဲ့ ထုတ်ပြန်ခဲ့ရတဲ့ အကြောင်းပြချက်ကတော့ အိုကီနာဝါခရီုင်ရဲ့ ကျယ်ပြောပြာလွင်နေတဲ့ ပင်လယ်၊ အစားအသောက်တွေကရဲ့ ထူးခြားမှု၊ တို့နဲ့ ဆွဲဆောင်မှုတွေပြည့်နှက်နေတဲ့ အချက်ကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ကမ်းခြေတွေနဲ့မှာ လူတွေ အများအပြားလာရောက်လေ့ရှိကြပါတယ်။
အိုကီနာဝါရဲ့ ဆွဲဆောင်မှု ၆ ခု။
ဒါဆိုရင် အိုကီနာဝါခရိုင်ရဲ့ ဆွဲဆောင်မှု ၆ခုကို အသေးစိတ်ကြည့်လိုက်ကြရအောင်။
ပြာလွင်လွင်ပင်လယ်ကြီး
အိုကီနာဝါလို့ပြောလိုက်တာနဲ့ ပြာလွင်လွင် ပင်လယ်ကြီးကိုတော့ လူတိုင်းပြေးမြင်ကြမှာဖြစ်ပါတယ်။ ပြာလွင်လွင်နဲ့ ပင်လယ်ရဲ့ အောက်ခြေအထိမြင်နိုင်လောက်အောင် ကြည်လင်နေပါတယ်။ နောက်ပြီးတော့ သဲသောက်ပြင်ကြီးကလဲ ဖြူဖွေးနေတဲ့ အတွက်ကြောင့်မို့လို့ ပြာလွင်လွင်နဲ့ အရမ်းကိုကိုက်ညီပါတယ်။
ပင်လယ်အတွင်းမှာဆိုရင်လဲ သန္တာကျောက်တန်းကြီးတွေနဲ့ ငါးလေးတေနေထိုင်တဲ့ အတွက်ကြောင့်မို့လို့ရေအောက်ပင်လယ် ကမ္ဘာကြီးလဲ အရမ်းကိုလှပါတယ်။ နွေရာသီပိတ်ရက်မှာတော့ရေငုပ်တာတို့ကိုလဲ လုပ်နိုင်ပါတယ်။
သဘာဝတရားကြီးနဲ့ထိတွေ့နိုင်
နောက်ထပ်ပင်လယ်အပြင် အပူပိုင်းဒေသဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းကိုလှတဲ့ သစ်တောကြီးလဲ ကျယ်ပြောလှပလျက်ရှိပါတယ်။ အထူးသဖြင့် ကျွန်းဆွယ်နှင့် ကျွန်းမကြီးရဲ့ မြောက်ပိုင်းမှာဆိုရင် သဘာဝတရားကြီးက တခြားခရိုင်တွေမှာ မတွေ့နိုင်ထူးခြားတဲ့မြင်ကွင်းတွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီရေတောနှင့် အပူပိုင်းသစ်တောတွေပါဝင်တဲ့ အချက်ကလဲ ထူးခြားတဲ့ အချက်ဖြစ်ပါတယ်။
ထူးခြားတဲ့ အစားအသောက်
အိုကိုနာဝါက အစားအသောက်တွေကတော့ ပုံမှန်ဂျပန်ရိုးရာအစားအသောက်တွေနဲ့ မတူညီပဲ ကွဲပြားပါတယ်။ ကြက်ဟင်းခါသီးဟင်း၊ အိုကီနာဝါခေါက်ဆွဲ၊ ပေါင်မုန့်ကြော် အစသဖြင့် အိုကီနာဝါရဲ့ ဟင်းတွေ အများကြီးရှိပါတယ်။ အိုကီနာဝါရဲ့ ဒေသထွက် စားသောက်ကုန်ပစ္စည်းနဲ့ ဟင်းရွက်တွေကို အသုံးပြုပြီးတော့ ပြုလုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ ကျန်းမာရေးနဲ့ ညီညွှတ်သလို ထူးလဲထူးခြားပါတဘ်။
ဒေသခံတွေရဲ့ ဖော်ရွေမှု
အိုကီနာဝါခရိုင်ရဲ့ ဒေသခံတွေကလဲ ဖော်ရွေပြီးတော့ ဧည့်ဝတ်ကျေပွန်ကြပါတယ်။ အချင်းအချင်ရိုင်းပင်ကူညီလေ့ရှိတဲ့ အကျင့်နှင့် ဓလေ့တွေလဲရှိပါတယ်။ ဒေသခံအချင်းချင်းလဲ ကူညီတတ်ကြသလို ခရိးသွားဧည့်သည်တွေကိုလဲ ဖော်ရွေပျူငှာကြပါတယ်။
ထူးခြားတဲ့ အပင်၊ သတ္တဝါတို့နဲ့ တွေ့နိုင်
အိုကီနာဝါရဲ့ ဆွဲဆောင်မှု နောက်တစ်ခုကတော့ ထူးခြားတဲ့ အပင်၊ သတ္တဝါတို့ကိုကြည့်ရှုနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အိုကီနာဝါမှာသာရှိပြီး တမ္ဘာလုံးဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ အရာတွေကိုကြည့်ရှုမြင်တွေ့နိုင်ပါသေးတယ်။
တခြားကျွန်းဆွယ်တွေကိုပါသွားရောက်နိုင်ခြင်း
အိုကီနာဝါမှာတော့ ပင်မကျွန်းကြီးကနေပြီးတော့ တခြားကျွန်းဆွယ်တွေကိုလဲ အလွယ်တကူသွားရောက်နိုင်ပါသေးတယ်။ Miyakojima Ishigakijima Irimotejima Taketomijima အစရှိတဲ့ ကျွန်းတွေကတော့ အရမ်းလှပြီးနာမည်ကြီးတဲ့ အပြင် ပင်မကျွန်းကနေပြီးတော့ သွားရလွယ်ကူတဲ့ နေရာမျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ ၁၅ မိနစ်လောက်နဲ့သွားနိုင်တဲ့ ကျွန်ဆွယ်တွေမှာတောင်မှာ အေးဆေးပျော်ပြားနိုင်ပါတယ်။
အိုကီနာဝါရဲ့ နာမည်ကြီး နေရာများ။
ဆက်လက်ပြီးတော့ အိုကီနာဝါရဲ့ နာမည်ကြီး နေရာတွေကိုကြည့်လိုက်ကြရအောင်။
အိုကီနာဝါခရိုင် တောင်ပိုင်းနှင့် အလယ်ပိုင်း
ခရိုင်ရဲ့ တောင်ပိုင်းကတော့ စီးပွားရေးနှင့်နိုင်ငံရေးတို့ အခြေချရာနေရာဖြစ်တဲ့ Naha လို့ခေါတဲ့မြို့တည်ရှိရာမြို့ဖြစ်ပါတယ်။ နောက်ပြီးတော့ အမေရိကန်စစ်တပ်လဲရှိပြီးတော့ စျေးရောင်းတဲ့ နေရာတွေ အများကြီးရှိတဲ့ နေရာလဲဖြစ်ပါတယ်။
首里城公園 - Jurijō ပန်းခြံ
Jurijō ပန်းခြံ ကတော့ အိုကီနာဝါရဲ့ နာမည်ကြီး ခရီးသွားဒေသတစ်ခုဖြစ်ပြီးတော့ ရှေးယခင် ဘုရင်လက်ထပ်ကတည်းက ယဥ်ကျေးမှုတွေ ဆွဲကျန်ခဲ့တဲ့ နေရာတစ်နေရာလဲဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အအုံတွေလဲ များပြားတဲ့ အတွက်ကြောင့်မို့လို့ သမိုင်းနဲ့ ပတ်သက်ပြီးလေ့လာချင်တဲ့ သူတွေ အတွက်လဲ သင့်တော်ပါတယ်။ နောက်ပြီးတော့ ဒေသတွင်းအစားအသောက်တွေကို မြည်းစမ်းနိုင်မယ့် စားသောက်ဆိုင်တွေလဲ အများကြီးရှိပါတယ်။ ဒါ့အပြင် လက်ဆောင်ပစ္စည်းဝယ်နိုင်မယ့်နေရာတွေလဲ အများကြီးရှိပါတယ်၊ တစ်ချို့နေရာတွေမှာတော့ပိုက်ဆံပေးပြီးဝင်ရပေမယ့် အခမဲ့ ကြည့်ရှုနိုင်တဲ့နေရာတွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ အချိန်ရရင် လမ်းလျှောက်ရင်းလျှောက်ပတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
識名園 - Shikinaen ပန်းခြံ
Shikinaen ပန်းခြံ ကတော့ ဘုရင့်ပန်းခြံကြီးဖြစ်ခဲ့ပြီးတော့ ယနေ့ခေတ်မှာတော့ ကမ္ဘာ့ ယဥ်ကျေးမှု အမွေအနှစ်အဖြစ်လဲ စာရင်းသွင်းခြင်းခံထားရပါတယ်။အရင်တုန်းကတော့ ဧည့်သည်တော်တွေလာတဲ့ အချိန်မှာ ဧည့်ခံဖို့အတွက် အသုံးပြုပါတယ်။ နောက်ပြီးတော့ ရာသီအပေါ်လိုက်ပြီးတော့ ရှုခင်းတွေအမျိုးမျိုးကိုလဲ ကြည့်ရှုခံစားနိုင်ပါတယ်။
国際通り - နိုင်ငံတကာလမ်း
အိုကီနာဝါခရိုင်၊ Naha မြို့ရဲ့ အဓိကလမ်းသွယ်ဖြစ်တဲ့ 国際通り - နိုင်ငံတကာလမ်း ကတော့ လမ်းလျှောက်ရင်း စျေးပတ်ဝယ်လို့ရတဲ့ နေရာမျိုးဖြစ်ပါတယ်။ စားသောက်ဆို်တွေနဲ့ တည်းခိုစရာနေရာတွေများတဲ့ အတွက်ကြောင့်မို့လို့ ဒီနေ့ရာကိုလှည့်ပတ်ကြည့်ရှုသင့်ပါတယ်။ ပိုက်ဆံလှဲ့နေရာတွေ၊ Coin - Locker တွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ပစ္စည်းအပ်တာတို့ငွေလဲတို့ဖို့လဲ အဆင်ပြေပါတယ်။
波上宮 - Naminouegū
Naminouegū ကတော့ 琉球八社 RyūKyūhasshaလို့ခေါ်တဲ့ နတ်ကွန်းထဲက တစ်ခုဖြစ်ပြီးတော့ အိုကီနာဝါမှာ နာမည်ကြီးတဲ့ နတ်ကွန်းလဲဖြစ်ပါတယ်။ အိမ်တွင်း အန္တရာယ်ကင်းရှင်းရေးနှင့် မကောင်းတဲ့ အရာတွေကိုဖယ်ရှားပေးတဲ့ စွမ်းရည် တွေရှိပါတယ်။ ဘုရားကျောင်းရဲ့ အနောက်ပိုင်းမှာဆိုရင်လဲ ပင်လယ်ပြာကြီး ရှိပြီးတော့ ဘုရားဖူးပြီးတော့ ကမ်းခြေကိုလည်ပတ်တာလဲ ကောင်းပါတယ်။
ガンガラーの谷 - Gangala တောင်ကြား
အိုကီနာဝါရဲ့ သဘာဝတရားကြီးကိုသေချာခံစားချင်ရင်တော့ Gangala တောင်ကြား ကအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း သိန်းချီသက်တမ်းရှိတဲ့ လှိုဏ်ဂူကြီးတွေကနေဖြစ်လာပြီးတော့ တောအုပ်တွေနဲ့ လှိုဏ်ဂူအစသဖြင့် သဘာဝကြီးကိုလေးလေးနက်နက်ခံစားနိုင်ပါတယ်။ Tour အစီအစဥ်တွေလဲရှိတဲ့ အတွက်ကြောင့်မိုလို့ သွားရအဆင်ပြေပါတယ်။ ဒါပေမယ့် Tour အစီအစဥ် တွေမှာ လူအကန့်အသတ်နဲ့ ဘိုကင်ကြိုတင်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ မသွားခင်ကြိုတင်ပြီးစီစဥ်ထားဖို့တော့ လိုအပ်ပါတယ်။
伊計島 - Ikeijima ကျွန်း
Ikeijima ကျွန်းကတော့ အိုကီနာဝါရဲ့ ပင်လယ်တွင်းလမ်းကြီးကိုဖြတ်ပြီးတော့ Henzajima ကျွန်းနှင့် MIyagijima ကျွန်းရဲ့အလွန်မှာတည်ရှိတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီရေအတက်အကျသိပ်ပြီးလွမ်းမိုးမှုမရှိတဲ့ Ikei ကမ်းခြေ၊ Oodomari ကမ်းခြေတို့လို နာမည်ကြီးလူကြိုက်များတဲ့ ကမ်းခြေတွေအများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ ပင်မကျွန်းအပြင် တခြားကျွန်းတွေကိုပါ ခရီးသွားချင်တဲ့ သူတွေအတွက် သင့်တော်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။
真栄田岬 - Miedamisaki အငူ
真栄田岬 - Miedamisaki အငူ ကတော့ အိုကီနာဝါပင်မကျွန်းအလယ်မှာရှိပြီးတော့ အရှ့တရုတ်ပင်လယ်ကို ထိုးထွက်နေတဲ့ အငူဖြစ်ပါတယ်။ ပင်လယ်ထဲမှာတော့ အပူပိုင်းငါးတွေနဲ့ သန္တာကျောက်တန်းတွေလဲ အများကြီးရှိပြီးတော့ ပင်လယ်အတွင်းမှာဆိုရင် အပြာရောင်လိုဏ်ဂူလို့ခေါ်ကြတဲ့ အပြာရောင်လင်းတန်းကျရောက်နေတဲ့ နေရာလေးရှိပြီးတော့ ရေငုပ်၊ ဒိုင်ဗင်ထိုးကြတဲ့ သူတွေကြိုက်တဲ့နေရာတစ်နေရာလဲဖြစ်ပါတယ်။
အိုကီနာဝါ မြောက်ပိုင်း
အိုကီနာဝါမြောက်ပိုင်းမှာဆိုရင်လဲ သဘာဝတရားကြီးပြည့်နှက်နေတဲ့နေရာတွေ သန္တာကျောက်တန်းလှလှလေးတွေတည်ရှိနေတဲ့ နေရာတွေ၊ တောင်တန်းကြီးတွေနဲ့ တောအုပ်ကြီးတည်ရှိရာနေရာလဲရှိပါတယ်။ အသေးစိတ်ကိုကြည့်လိုက်ကြရအောင်။
沖縄美ら海水族館 - Okinawa Churaumi ငါးပြတိုက်
Okinawa Churaumi ငါးပြတိုက် ကတော့ kaiyohaku ပန်းခြံအတွင်းမှာရှိတဲ့ လေးထပ်ရှိတဲ့ ငါးပြတိုက်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှီငါးပြတိုက်ကြီးဖြစ်ပြီးတော့ ပင်လယ်သတ္တဝါတွေအကြောင်းကို သေချာလေ့လာနိုင်မယ့်နေရာတစ်နေရာလဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အိုကီနာဝါပင်လယ်အတွင်းမှာရှိတဲ့ ရေနေသတ္တဝါတွေအကြောင်းလေ့လာနိုင်မယ့် ပြပွဲတွေလဲရှိပါသေးတယ်။ ဒါ့အပြင် အဆောင်အအုံပြင်ပမှာဆိုရင် လင်းပိုင် ရှိုးပွဲတွေကိုပါကြည့်ရှုခံစားနိုင်ပါသေးတယ်။
オリオンハッピーパーク - Orion Happy Park
အိုကီနာဝါရဲ့ နာမည်ကြီးဘီယာဖြစ်တဲ့ Orion ဘီယာကိုထုတ်လုပ်တဲ့နေရာဖြစ်တဲ့ Orion Happy Park မှာတော့ ဘီယာထုတ်လုပ်တဲ့ အဆင့်တွေကိုသေချာလေ့လာနိုင်ပါတယ်။ လေလာပြီးနောက်မှာလဲ နောက်ဆုံးထွက်လာတဲ့ ဘီယာကို အစမ်းသောက်နိုင်ပါသေးတယ်။ ကားမောင်းတဲ့သူတွေနဲ့ အသက်မပြည့်သေးတဲံ သူတွေအနေနဲ့ကတော့ Soft Drink တွေကိုသောက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့လာနိင်ပါတယ်။
古宇利島 - Kourijima ကျွန်း
Kourijima ကျွန်းကတော့ အိုကီနာဝါရဲ့ ပင်မကျွန်းကြီးကနေပြီးတော့ Kourijima တံတားကြီးကိုဖြတ်ပြီးပြီးချင်းရောက်တဲ့ ကျွန်းကြီးဖြစ်ပါတယ်။ ကျွန်းကြီးမှာအာဒံနဲ့ ဧဝနဲ့ ဆင်တူတဲ့ အချစ်ဇာတ်လမ်းပုံပြင်တွေရှိတဲ အတွက်ကြောင့်မို့လို့ အချစ်ကျွန်းလို့လဲ ခေါ်တွင်လေ့ရှိကြပါတယ်။ နေဝင်တဲ့ အချိန်မှာလဲ အရမ်းလှပြီးတော့ ညဘက်မှာလဲ ကြယ်တွေကိုစုံအောင်ကြည့်နိုင်တဲ့ အတွက်ကြောင့်မို့လို့ အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ကျွန်းအဖြစ်လူသိများပါတယ်။
辺戸岬 - Hedo misaki အငူ
Hedo Misaki အငူ ကတော့ အိုကီနာဝါကျွန်းမှာရှိတဲ့ အငူဖြစ်ပြီးတော့ ကျွန်းရဲ့ အမြောက်ဘက်အစွန်းမှာရှိတဲ့ အငူဖြစ်ပါတယ်။ သဘာဝတရားပေါကြွယ်ဝတဲ့ အငူဖြစ်ပြီးတော့ ရာသီဥတုကကောင်းတဲ့နေမှာဆိုရင် ၂၂ ကီလိုမီတာလောက်ဝေးတဲ့ Kagoshima ခရိုင်က Yonron ကျွန်းကိုပါလှမ်းပြီးတော့ မြင်နိုင်ပါတယ်။
အိုကီနာဝါခရိုင်ကတော့ ရွေ့ပြောင်းနိုင်ထိုင်ဖို့နဲ့ ခရီးသွားတဲ့ သူတွေကြားထဲမှာ ရေပန်းစားတဲ့ နေရာဖြစ်ပါတယ်။ အိုကီနာဝါမှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ မတူကွဲပြားတဲ့ အစားအသောက်တွေလဲရှိပါတယ်။ ခရီးသွားတဲ့နေရာအနေနဲ့ဆိုရင်လဲ ပင်မကျွန်းကြီးအပြင် ပင်မကျွန်းကနေပြီးတော့ သိပ်မဝေးတဲ့ အရမ်းလှပတဲ့ နေရာတွေကိုလဲ လွယ်လွယ်ကူကူနဲ့ သွားရောက်နိုင်ပါတယ်။