ဂျပန်ရဲ့သယ်ယူပို့ဆောင်ရေးအနေနဲ့ပထမအသုံးအများဆုံးအနေနဲ့ရထားကိုအသုံးများကြပါတယ်။နောက်တစ်ခုအနေနဲ့ဘတ်စ်ကားအသုံးပြုကြပါတယ်။သွားရလာရအဆင်မပြေတဲ့တစ်ချို့နေရာတွေနဲ့ရထားနဲ့အဆင်မပြေတဲ့နေရာတွေကကားကိုအသုံးပြုကြပါတယ်။ဂျပန်ရဲ့နယ်ဒေသတစ်ချို့နဲ့တောတောင်များပြီးသွားရလာရခက်ခဲသောနေရာမျိုးတွင်ပြေးဆွဲပေးသောဘတ်စ်ကားများစွာရှိပါတယ်။တိုကျိုမြို့တွင်းတစ်နေရာကနေနောက်တစ်နေရာကိုအလွယ်တကူသွားလို့ရတဲ့ဘတ်စ်ကားများနဲ့ခရီးသွားဘတ်စ်ကားများစွာရှိပါတယ်။ဟိုတယ်များနဲ့ချိတ်ဆက်ပြီးပြေးဆွဲပေးသာဘတ်စ်ကားများနဲ့တစ်မြို့နဲ့တစ်မြို့အမြန်ပြေးဆွဲပေးတဲ့ဘတ်စ်ကားများစွာရှိပါတယ်။ဂျပန်ဘတ်စ်ကားရဲ့အချိန်တိကျမှုနဲ့သွားလိုတဲ့နေရာကိုအချိန်တိကျစွာရောက်ရှိမှုဝန်ဆောင်မှုကအံ့ဘြဖွယ်ကောင်းလှပါတယ်။
မာတိကာ
- ဂျပန်ပြည်တွင်းဘတ်စ်ကားများ
- အမြန်ဘတ်စ်ကားများနဲ့ပတ်သက်ပြီး
- မြို့ပတ် ဘတ်စကားစီးပုံစီးနည်း။
- မြို့ပတ်ရထားမစီးခင်သိရမယ့် အရာများ။
- အကျဥ်းချုပ်
ဂျပန်ပြည်တွင်းဘတ်စ်ကားများ
အထွေထွေသယ်ယူပို့ဆောင်ရေးဘတ်စ်ကားများစွာထဲမှ(ターミナルの連絡バス路線)အရွယ်အစားကြီးမားပြီးပုံမှန်ဘတ်စ်ကားထက်ခရီးသည်များစွာတင်ဆောင်နိုင်တဲ့ကားဖြစ်ပါတယ်။လေဆိပ်အတွင်းတစ်နေရာကနေနောက်တစ်နေရာကိုသွားလာတဲ့အခါမျိုးမှာလည်းခရီးသည်ငါးဆယ်ကနေတစ်ရာအထိလူအများကြီးသယ်ယူပို့ဆောင်နိုင်ပါတယ်။(コミュニティバス)ကတော့နယ်ဒေသတွေမှာအဓိကအသုံးပြုပါတယ်။သယ်ယူပို့ဆောင်ရေးအတွက်အခက်အခဲရှိသူများနဲ့သက်ကြီးရွယ်အိုများ၊ကျောင်းသားများနဲ့ခန္ဓာကိုယ်အားနည်းနေတဲ့အတွက်အသုံးပြုတဲ့ဘတ်စ်ကားဖြစ်ပါတယ်။(都営バス)ကတော့တိုကျိုမြို့ထဲအဓိကပြေးဆွဲပေးသောဘတ်စ်ကားဖြစ်ပါတယ်။လူနေရပ်ကွက်များနဲ့ဘူတာနဲ့အိမ်ရာတွေကြားသွားရကွာဝေးတဲ့နေရာတွေမှာပြေးဆွဲပေးပါတယ်။(深夜バス)ကတော့ရထားမရှိဘဲအိမ်ပြန်ဖို့အခက်အခဲရှိနေသူများအတွက်ပြေးဆွဲပေးပါတယ်။ပုံမှန်က၁၁နာရီကနေနောက်နေ့မနက်၃နာရီအထိပြေးဆွဲပေးပါတယ်။ပုံမှန်ဘတ်စ်ကားများထက်စျေးပိုပေးရပါတယ်။ကုမ္မဏီဝန်ထမ်းတွေအနေနဲ့အချိန်ပိုဆင်းရခြင်းကြောင့်နောက်ကျတဲ့အချိန်မှပြန်တဲ့သူတွေအတွက်အဆင်ပြေပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
အမြန်ဘတ်စ်ကားများနဲ့ပတ်သက်ပြီး
ခရီးသွားကားများအဖြစ်လည်းအသုံးပြုကြပါတယ်။အဲဒီအထဲကမှ(貸切バス)သီးသန့်ဘတ်စ်ကားများအနေနဲ့လည်းအသုံးပြုကြပါတယ်။ကျောင်းကားအဖြစ်၊ကုမ္မဏီအတွက်သီးသန့်နဲ့ပွဲတော်များအတွက်အထူးသီးသန့်အသုံးပြုကြပါတယ်။ခရီးသွားကုမ္မဏီများအတွက်လည်းခရီးသွားကားများအဖြစ်အသုံးပြုကြပါတယ်။(定期観光バス)များအနေနဲ့များသောအားဖြင့်ခရီးသွားဝန်ဆောင်မှုပေးတဲ့ကားများဖြစ်ပါတယ်။သတ်မှတ်ထားတဲ့ခရီးစဥ်များအလိုက်ပြေးဆွဲပေးတဲ့ဘတ်စ်ကားဖြစ်ပါတယ်။(ジェイアールバス)ကတော့မြို့ကြီးများကိုအကြောင့်အမျိုးမျိုးကြောင့်သွားရောက်လိုသောခရီးသည်များအတွက်ပြေးဆွဲပေးပါတယ်။ဖူခုရှိမား၊နဂနို၊ဖုခုအိုကာ၊တိုကျိုနဲ့အခြားမြို့ကြီးများကိုပြေးဆွဲပေးပါတယ်။အဲထဲကမှ(高速バス)အစရှိသဖြင့်မြို့ကြီးများအကြားပြေးဆွဲပေးတဲ့ကားများရှိပြီး၊နေ့ခင်းနဲ့ညပိုင်းအချိန်သွားတဲ့ကားများရှိပါတယ်။(空港連絡バス)ကတော့လေဆိပ်ကိုသွားဖို့အတွက်အခက်အခဲရှိသောနေရာများနဲ့မြို့များနဲ့အလှမ်းဝေးသောကျေးလက်ဒေသများတွင်အသုံးများကြပါတယ်။
မြို့ပတ် ဘတ်စစ်ကားစီးပုံစီးနည်း။
မြို့ပတ်ရထားတွေကိုတော့ 「路線バス rosen basu」လို့ခေါ်ပါတယ်။ မြို့ပတ်ရထားစီးပုံစီးနည်းကတော့ တမြို့နဲ့ တမြို့မတူပါဘူး။ ဒါကြောင့်မို့လို့ ဂျပန်မှာ ပထမဆုံး ဘတ်စကားစီးတာဖြစ်စေ၊ ဒါမှမဟုတ် မြို့တစ်ခုမှာ ပထမဆုံး ဘတ်စကားစီးတာမျိုးဆိုရင်တော့ တခြားလူတွေ စီးတာကိုကြည့်ပြီးဖြစ်စေ၊ ဒါရိုင်ဘာကို မေးပြီးတော့ ဖြစ်စေ စီးတာက အကောင်းဆုံးဖြစ်ပါတယ်။ ဘတ်စ်ကားစီးတဲ့ အချိန်၊ ပိုက်ဆံပေးတဲ့ အချိန် အစတဲ့ ပုံစံတွေက ပုံစံ အမျိုးမျိုးရှိကြပါတယ်။ ဒါကြောင့်မို့လို့ တချို့ ပုံစံတွေကို မိတ်ဆက်ပေးသွားပါ့မယ်။
အနောက်တံခါးကနေ တက်ပြီး ဆင်းတဲ့ အချိန်ပိုက်ဆံပေးခြင်း။
ဘတ်စ်ကားစီးတဲ့ အချိန်မှာတော့ အနောက်တံခါးကနေ တက်ပြီးတော့ အရှေ့ပေါက်ကနေ ပိုက်ဆံပေးပြီးဆင်းရတာကတော့ အတွေ့ရအများဆုံးဖြစ်ပါတယ်။
အနောက်တံခါးကနေ တက်ပြီးတော့ လက်မှတ်ယူပြီးစီးပါ။ လက်မှတ်ကို သိမ်းထားပြီးတော့ ပြန်ဆင်းတဲ့ အချိန်မှာ လက်မှတ်နဲ့ အတူ ငွေပေးပြီးဆင်းပါ။ တကယ်လို့ IC Card နဲ့ ဘတ်စ်ကားခ ပေးလို့ရပါက လက်မှတ်ယူစရာမလိုဘဲ IC Card ကိုထိပြီးတော့ ပြန်ဆင်းတဲ့ အချိန်မှာ IC Card နဲ့ထိပြီးတော့ ပိုက်ဆံ ချေလို့ရပါတယ်။
နောက်ပြီးတော့ ဘတ်စ်ကားကိုစောင့်နေပြီး ဘတ်စ်ကားလာတဲ့ အချိန်မှာလဲ ဘတ်စ်ကားပေါ်က လူတွေကို အရင်ဆင်းခိုင်းပြီးမှ တက်ရပါမယ်။ တကယ်လို့ အရှေ့က တက်ရမလား၊ အနောက်ကတက်ရမလား မသေချာဘူးဆိုရင်တော့ ကားဘော်ဒီကိုကြည့်လိုက်ပါ၊ ကားဘော်ဒီရဲ့ အရှေ့ဘက်သို့မဟုတ် တံခါးမှာ ဘယ်လိုတက်ရမလဲ ရေးထားလေ့ရှိပါတယ်။ 「中乗り nakanori」လို့ရေးထားရင်တော့ အနောက်ပေါက်ကနေ တက်လို့ရပါတယ်၊။ ဒါမှမဟုတ် တချို့ဘတ်စကားတွေမှာတော့ ကားတံခါးမှာ「 いりぐち Iriguchi」လို့ရေးထားပြီးတော့ ပိုက်ဆံဘယ်လိုချေရမလဲဆိုတာတွေကိုပါရေးထားလေ့ရှိကြပါတယ်။
အရှေ့တံခါးကနေ တက်ပြီးတက်ပြီးတော့ အရှေ့တံခါးကနေ ပြန်ဆင်းခြင်း၊
တချို့ဘတ်စ်ကားတွေကတော့ တံခါးတပေါက်ပဲ ပါဝင်ပြီးတော့ အရှေ့ကနေ တက်ပြီးတော့ တက်ပြီး အရှေ့ကနေ ပြန်ဆင်းရလေ့ရှိကြပါတယ်။ ဒီလို မျိုးဘတ်စ်ကားတွေကိုတော့ ဂျပန်နိုင်ငံရဲ့ နယ်ဘက်တွေမှာတွေ့ရများလေ့ရှိကြပါတယ်။ ခရီးသည်နည်းတဲ့ ဘတ်စ်ကားတွေမှာဆိုရင် ဒရိုင်ဘာနဲ့ အရင်ကြိုပြီးတော့ ပြောထားပြီးတော့ ဘယ်မှတ်တိုင်မှာ ဆင်းမလဲဆိုတာကို အရင်ပြောထားမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပြေနဲ့ စီးနိုင်မှာဖြစ်ပါတယ်။
အရှေ့တံခါးကနေ တက်ပြီးတော့ အရှေ့တံခါးမှာ ပိုက်ဆံပေး။
တိုကျိုနဲ့ နာဂိုရာ တို့လို့နေရာတွေမှာတော့ အရှေ့တံခါးကနေတက်ပြီးတော့ အရှေ့တံခါးမှာ တခါတည်းပိုက်ဆံပေးရပါတယ်။ နောက်တံခါးကိုတော့ ဆင်းတဲ့ အချိန်မှာ အသုံးပြုရပါတယ်။ ဒီလို ဘတ်စ်ကားတွေကတော့ တမြို့လုံးပတ်စီး ဘတ်စ်ကားခ အတူတူပေးရတဲ့ ဘတ်စ်ကားတွေမျိုးမှာ ဒီလိုစနစ်မျိုးကို အသုံးပြုလေ့ရှိကြပါတယ်။ တကယ်လို့ တိုကျိုကိုအလည်သွားမယ်ဆိုရင်တော့ ကြိုတင်ပြီးတာ့ သိထားသင့်ပါတယ်။
မြို့ပတ်ရထားမစီးခင်သိရမယ့် အရာများ။
ဂျပန်မှာ ဘတ်စ်ကားစီးတဲ့ အချိန်မှာ သိထားသင့်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ရထားနှင် မြေအောက်ရထားတို့နဲ့ မတူဘဲနဲ့ ဂျပန်နိုင်ငံက ဘတ်စ်ကားတွေကတော့ အမြဲတမ်းလမ်းပိတ်တာနဲ့ကြုံလေ့ရှိပြီးတော့ ဘတ်စ်ကားနောက်ကျလေ့ရှိကြပါတယ်။ ဒါကြောင့် အမြန်လိုနေရင်တော့ ကြိုတင်ပြီးတော့ ဘတ်စ်ကားပြေးလမ်းကြောင်းကို ကြိုတင်ပြီးကြည့်ထားဖို့လိုအပ်ပါတယ်။ ဘတ်စ်ကားစီးတဲ့ အချိန်မှာ သိထားသင့်တဲ့ တခြားအချက်တွေကို ကြည့်လိုက်ကြရအောင်။
ဘတ်စ်ကားသွားမယ့်နေရာကို ဘတ်စ်ကားအရှေ့မှာကြည့်ပါ
မြို့ပတ်ကားတွေမှာတော့ ဘတ်စ်ကားသွားမယ့်နေရာတွေကို ဘတ်စကားရဲ့ အရှေ့ဘတ်နဲ့ အနောက်ဘက် လျှပ်စစ်ပြားမှာရေးထားလေ့ရှိပါတယ်။ ဒီလျှပ်စစ်ပြားပေါ်မှာ ဘယ်သွားမလဲဆိုတာကိုရေးထားလေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်သွားမယ့် နေရာမမှားရလေအောင်သေချာကြည့်ဖို့လိုအပ်ပါတယ်။ တချိုု့ ဘတ်စ်ကားတွေမှာတော့ အဓိက ကားမှတ်တိုင်နဲ့ နောက်ဆုံးကားမှတ်တိုင်တွေကို ရေးထားလေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့် မှတ်တိုင်ရှိမရှိဆိုတာကိုတော့ ဒရိုင်ဘာကိုမေးကြည့်တာ အကောင်းဆုံးပါ။
ဘတ်စကားပေါ်ကနေ ဆင်းတဲ့ အချိန်မှာ အချက်ပေးခလုတ်ကိုနိုပ်ပါ။
ပုံမှတ်အားဖြင့် ဘတ်စ်ကတော့ ဘတ်စ်ကားပေါ်ကနေ ဆင်းမယ့်သူမရှိရင် ရပ်လေ့မရှိကြပါဘူး။ ဒါကြောင့်မို့လို့ ဆင်းမယ့် မှတ်တိုင်ရောက်ရင် ကြိုတင်ပြီးတော့ ဘဲလ်တီးဖို့လိုအပ်ပါတယ်။ ဘတ်စ်ကားရဲ့ အရှေ့တံခါးအနား ၊ ဒရိုင်ဘာရဲ့ ကြောဘက်မှာ မော်နီတာရှိပြီးတော့ ဒီမော်နီတာပေါ်မှာ နောက်ရပ်မယ့် မှတ်တိုင်ကိုဖော်ပြထားလေ့ရှိကြပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်တော့မယ်ဆိုရင် ကြိုတင်ပြီးတော့ ဘဲလ်တီးထားလိုက်ရင်အဆင်ပြေပါတယ်။ နောက်ပြီးတော့ ဘဲလ်တီးပြီး မှတ်တိုက်ရောက်ပြီး ကားရပ်မှဆင်းပါ။ မှတ်တိုင်မရောက်ခင်ကြိုပြီးတော့ မတ်တပ်ရပ်စရာမလိုပါဘူး။ အတက်အဆင်းလုပ်တဲ့ တံခါးအဝအနားမှာလဲ ပိတ်ပြီးတော့ ရပ်မမိအောင် သတိထားကြပါ။ တီးရမယ့် ဘဲလ် ကနေ သံတိုင်တွေနှင့် မိမိ ထိုင်နေတဲ့ ထိုင်ခုံအနီးတဝိုက်မှာတွေ့နိုင်ပါတယ်။
လက်မှတ်ကို မပျောက်စေနဲ့ ။
ဆင်းတဲ့ အချိန်မှာ ပိုက်ဆံပေးရတဲ့ ဘတ်စ်ကားတွေကို စီးတဲ့ အချိန်မှာ ဘတ်စ်ကားပေါ်တက်တုန်းကယူထားတဲ့ လက်မှတ်ကို မပျောက်အောင်သေချာထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။ ငွေသားနဲ့ ပေးထားတဲ့ အချိန်မှာ ဒီလက်မှတ်ကလိုအပ်ပါတယ်။ ဒါကြောင့်မိုလို့ ပျောက်သွားလို့မဖြစ်ပါဘူး။ တကယ်လို့ပျောက်သွားရင်တော့ ဆင်းတဲ့ ဘူတာကိုမူတည်ပြီးတော့ အနည်းငယ် ပိုပြီး ဒါမှတ်မဟုတ် အမြင့်ဆုံး နှုန်းထားနဲ့ ပေးချေရနိုင်ပါတယ်။
ပိုက်ဆံကို ဘတ်စ်ကားခ ဗုံးထဲ ထည့်ပါ။
ဘတ်စ်ကားခကို ငွေသားနဲ့ ပေးမယ်ဆိုရင်တော့ ဘတ်စ်ကားခထည့်တဲ့ ဗုံထဲကိုထည့်ရမှာဖြစ်ပါတယ်။ (運賃箱 unchin bako) လို့ခေါ်ပြီးတော့ ဒါရိုက်ဘာရဲ့ နံဘေးမှာရှိပါတယ်။ ဘေးချင်ကပ်ရက်မှာ ငွေလှဲစစ်တွေရှိတဲ့ အတွက်ကြောင့်မိုလို့ မှားပြီးတော့ မထည့်မိဖို့ သေချာဂရုစိုက်ပါ။ တချို့နေရာတွေကလွဲ့လို့ တော်တော်များများမှာ ငွေ အပိုထည့်မိသွားရင် ပြန်အမ်းလေ့မရှိပါဘူး။ တချို့ဘတ်စ်ကားတွေမှာတော့ ပိုက်ဆံကြိုပြီးတော့ ကွက်တိထုတ်ထားဖို့ အကြံပေးလေ့ရှိကြပါတယ်။ တကယ်လို့ ပိုပြီးထည့်မိသွားတယ်ဆိုရင်တော့ ဒါရိုင်ဘာကိုပြောပါ။ ဒါရိုင်ဘာကနေပြီးတော့ ပိုက်ဆံ ပြန်အမ်းတာမျိုးဖြစ်ဖြစ် ဘတ်စ်ကူပွန်အဖြစ်ပြောင်းပေးတာမျိုးလုပ်ပေးလေ့ရှိပါတယ်။
IC cards တွေကိုလဲ အသုံးပြုနိုင်ပါတယ်။
ဘတ်စကားပေါ်မှာ IC card တွေနဲ့လဲ အသုံပြုနိုင်ပါတယ်။ IC card နဲ့ ပေးမယ်ဆိုရင်တော့ အကြွေစေ့တွေကို ကြိုလှဲထားစရာမလိုတဲ့အတွက်ကြောင့်မို့လို့ အလုပ်ရှုပ်သက်သာပါတယ်။ IC cardတွေကိုတော့ အတက်မှာတကြိမ်၊ အဆင်းမှာ တကြိမ် သို့မဟုတ် အဆင်းတကြိမ်တည်းသာထိပြီးတော့ ပိုက်ဆံပေးနိုင်ပါတယ်။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာတော့ ဘတ်စ်ကားစီးတဲ့ အချိန်မှာ သိထားသင့်တဲ့ အချက်တွေနဲ့ ဂျပန်နိုင်ငံက ဘတ်စ်ကားတွေရဲ့ ထူးခြားချက်တွေကိုဖော်ပြလိုက်ပါတယ်။ ဘတ်စ်ကားစီးတဲ့ အချိန်မှာ ဒီအချက်တွေကို ကြိုတင်ပြီးတော့ သိထားမယ်ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူမှာဖြစ်ပါတယ်။