ဆောင်းဦးရာသီကတော့ ဂျပန်နိုင်ငံကို လည်ပတ်ဖို့ရန်အတွက် အကောင်းဆုံး ရာသီတစ်ခုဖြစ်ပါတယ်။ ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံတခွင်လုံးမှာ အရွက်တွေလဲ အရောင်းပြောင်းလဲကြပါတယ်။ ရာသီဥတုကလဲ နေသက်ထိုင်သာကောင်းတဲ့ အတွက်ကြောင့်မို့လို့ ခရီးသွားရတာလဲ ပိုပြီးတော့ လွယ်ကူနိုင်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဆောင်းဦးရာသီကိုရောက်တဲ့ အချိန်မှာ အရွက်ပြောင်းတဲ့အကြောင်းတွေနှင့် နာမည်ကြီးတဲ့ နေရာတချို့ကိုဖော်ပြလိုက်ပါတယ်။ နောက်ပြီးတော့ သစ်ရွက်တွေ ပြောင်းတဲ့ အချိန်ကိုပါဖော်ပြသွားမှာဖြစ်ပါတယ်။
မာတိကာ
ဂျပန်ဆောင်းဦးအရွက်များ။
ဂျပန်မှာ ဆောင်းဦးရာသီ အရွက်တွေကို အောက်ပါအတိုင်း အမျိုးမျိုးဖော်ပြလေ့ရှိကြပါတယ်။ Kanji ချင်းတူပေမယ့် အသံထွက်မတူတာနဲ့ အသံထွက်ချင်းတူပေမယ့် Kanji မတူတဲ့ စကားလုံးတွေရှိကြပါတယ်။ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။
-
黄葉 (Kouyou) :အရွက်များ ရွှေဝါရောင်သို့ပြောင်းခြင်း။ (အများအားဖြင့်Ginkgo ရွက် ကိုဖော်ပြတဲ့ အချိန်မှာသုံး )
-
紅葉 (Kouyou) : အရွက်များအနီရောင်သို့ပြောင်းခြင်း။
-
紅葉 (Momiji) :မေပယ်လ်ရွက် ကိုပြောခြင်းဖြစ်ပြီး ဆောင်းဦးရာသီမှာ အရွက်အရောင်းပြောင်းခြင်း၊ (Hiraganaဖြင့် もみじလို့ရေးလေ့ရှိ။)
-
紅葉狩り (Momiji-gari) :မေပယ်ရွက်အရောင်ပြောင်းတာကိုကြည့်ခြင်း။
ဒီလိုမျိုး ဆောင်းဦးရာသီမှာ အရွက်တွေ အရောင်ပြောင်းတာကိုကြည့်တဲ့ အလေ့အထကိုတော့ ဂျပန်နိုင်ငံမှာ ရှေးယခင်ကတည်းကရှိခဲ့ပါတယ်။ သမိုင်းကြောင်းများအရ ဂျပန်နိုင်ငံရဲ့ Nara ခေတ်ကတည်းက ရှိတဲ့ အလေ့အထဖြစ်ပြီးတော့ နာမည်ကြီးလာတာကတော့ Heian ခေတ်မှာဖြစ်ပါတယ်။
Momiji (紅葉)/ ပေမယ်လ်ရွက်
Momij ကတော့ ဂျပန်လိုမေပယ်ရွက်ကို ဆိုလိုတာဖြစ်ပြီးတော့ カエデ (kaede) လို့လဲခေါ်ကြပါတယ်။ နောက်ပြီးတော့ Momij အရက်တွေက အနီရောင်ဖြစ်ပြီးတော့ ဆောင်းဦးရာသီရဲ့ သင်္ကေတအဖြစ် လူသိများပြီးတော့ ဆောင်းဦးရာသီရောက်တဲ့ အချိန်မှာ အစိမ်းရောင်ကနေပြီးတော့ အဝါရောင်၊ အဝါရောင်ကနေပြီးတော့ အနီရောင်ကိုပြောင်းလဲပါတယ်။ အရောင်ပြောင်းတဲ့ အချိန်ကတော့ ရာသီဥတု၊ နှင့် အပင်ရဲ့ အမျိုးစိတ်အပေါ်မှာမူတည်ပါတယ်။
chou (イチョウ) / Ginkgo ရွက်
銀杏 လို့ Kanji နဲ့ရေးလေ့ရှိတဲ့ Ichou ရွက်ကတော့ နှစ်တစ်ရာပင်တွေ အရောင်ပြောင်းတာကိုပြောပါတယ်။ အရောင်ကတော့ အဝါရောင်ဖြစ်ပြီးတော့ မေပယ်လ်အရွက်လိုမျိုး အမျိုးစိတ်နှင့် ရာသီဥတုအပေါ်မူတည်လေ့ရှိပါတယ်။ နောက်ပြီးတော့မေပယ်ရွက်ထက်ပိုပြီးစောပြီးတော့ အရောင်ပြောင်းလေ့ရှိပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်မှာ ဆောင်းဦး အရွက်ကို ကြည့်ဖို့ ကောင်းတဲ့ အချိန်။
ဂျပန်နိုင်ငံမှာ ဆောင်းဦးရာသီရောက်ပြီးတော့ အရောင်ပြောင်းတဲ့ အချိန်ကတော့ အများအားဖြင့် အောက်တိုဘာလ နောက်ပိုင်းဖြစ်ပါတယ်။ သို့သော် နေရာအပေါ်မူတည်ပြီးတော့ အသေးစိတ်အချိန်ကတော့ ကွဲပြားနိုင်ပါတယ်။
Japan Meteorological Corporation (JMC) ကနေပြီးတော့ ဆာကူရာပန်းပွင့်ချိန်နှင့် ဆောင်းဦးရွက်တွေ အရောင်ပြောင်းတဲ့ အချိန်ကို နှစ်စဥ် ဖော်ပြထုတ်ပြလေ့ရှိပါတယ်။ ခန့်မှန်းချက်တွေကို အကြိမ်အရေအတွက်အလိုက် ဖော်ပြလေ့ရှိပါတယ်။ အသေးစိတ်ကိုကြည့်ရှုဖို့အတက် အောက်ပါ လင့် ကနေ ပြီးတော့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဂျပန်မှာ ဆောင်းဦး အရွက်ကို ကြည့်ဖို့အတွက် ကောင်းတဲ့ နေရာများ။
ဒါဆိုရင် ဆောင်းဦးရာသီမှာ အရွက်အရောင်ပြောင်းတာကိုကြည့်ရှုနိုင်တဲ့ နေရာကောင်းတွေကို ဖော်ပြလိုက်ပါတယ်။
1.(တိုကျို) ရှောဝ အထိမ်းအမှတ်ပန်းခြံ (国営昭和記念公園)
Showa Kinen Koen ကတော့ ဂျပန်နိုင်ငံ တိုကျိုမှာတည်ရှိပြီးတော့ တိုကျိုမြို့ရဲ့ နာမည်ကြီးပန်းခြံ တစ်ခုဖြစ်ပါတယ်။ တိုကျိုမြို့တွင်းမှာရှိတဲ့ အကြီးဆုံးပန်းခြံတစ်ခုဖြစ်ပြီးတော့ ဒီပန်းခြံအတွင်းမှာဆိုရင်တော့ ရာသီအလိုက် အလှအပတွေကို ပန်းခြံတစ်ခုအတွင်းမှာ ကြည့်ရှုနိုင်ပါတယ်။
2.[Yokohama] Sankeien ဥယျာဥ် (三渓園)
ဂျပန်နိုင်ငံမှာ ဥယျာဥ်တွေ ပန်းခြံတွေ အများကြီးရှိပြီးတော့ ဒီအထဲမှာမှ Yokohama ရဲ့ ဥယျာဥ် တစ်ခုဖြစ်တဲ့ Sankeien ဥယျာဥ်မှာလဲ ဒီလိုမျိုး Momiji ရဲ့ အလှအပကိုခံစားနိုင်ပါတယ်။ Yokohama မှာကတော့ သမိုင်းဝင်အဆောက်အအုံရှိတဲ့နေရာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သဘာဝကြီးကိုကြည့်ရင်းနဲ့ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းကိုလဲ လေ့လာနိုင်မှာဖြစ်ပါတယ်။
3. [Yamanashi] Kawaguchi ရေကန် (河口湖もみじ回廊)
ဖူဂျီတောင်ကြီးနဲ့ Momiji အလှကို တခါတည်းကြည့်ချင်ပါသလား။ ဒီလိုမျိုး မြင်ကွင်းကိုမြင်ချင်တယ်ဆိုရင်တော့ Yamanashi ခရိုင်မှာရှိတဲ့ Kawaguchi ရေကန် မှာလာပြီးတော့ကြည့်ရှုနိုင်ပါတယ်။ ဆောင်းဦးရာသီအရွက်ပွဲတော်ကိုလဲ ကျင်းပပြီးတော့ ၂၀၂၄ ခုနှစ်မှာတော့ အောက်တိုဘာ ၂၆ ရက်နေ့ကနေပြီးတော့ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်.
4. [Tochigi] Nasu တောင် (那須連山)
Tochigi ခရိုင်မှာရှိတဲ့ Nasu တောင် မှာလဲဆောင်းဦးရာသီရောက်ရင် ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဆောင်းရာသီရောက်ရင်တော့ ဒိနေရာမှာ စကိတ်စီးကွင်းအနေနဲ့ တွေ့ရှိနိုင်မှာဖြစ်ပြီးတော့ ဆောင်းရီးရာသီမှာဆိုရင်လဲ အရွက်တွေ အရောင်ပြောင်းတာနဲ့ နာမည်ကြီးပါတယ်။ gondola ကိုစီးပြီးတော့ ဆောင်းဦးရာသီ အရွက်တွေကို ရင်သတ်ရှုမောဖွယ်ကြည့်ရှုနိုင်ပါတယ်။ နောက်ပြီးတော့ တောင်တက်တဲ့ သူတွေကလဲ တောင်တက်ရင်းနဲ့ ဆောင်းဦးရာသီအရွက်တွေကို ကြည့်ရှုခံစားလေ့ရှိပါသေးတယ်။
နောက်ပြီးတော့ Tochigi ခရိုင်ရဲဲ့ Nikko ကလဲ ဆောင်းရာသီအရွက်တွေကိုကြည့်ဖို့အတွက် အရမ်းအဆင်ပြေတဲ့ နေရာဖြစ်ပါတယ်။ ဆောင်းဦးရာသီမှာ မေပယ်လ်ရွက်တွေကို ကြည့်ရှုခံစားပြီးတော့ ရေပူစမ်းကိုလဲ ဝင်ရောက်နိုင်တဲ့ အတွက်ကြောင့်မိုလို့ ဆောင်းဦးရာသီအတွက် အရမ်းကို သင့်တော်တဲ့ နေရာဖြစ်ပါတယ်။
5. [Kyoto]
ကျိုတိုမြို့ကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး သမိုင်းဝင် မြို့ဖြစ်ပြီးတော့ မေပယ်လ်ရွက်တွေ ဝေဝေဆာပြီးတော့ နာမည်ကြီးတဲ့ နေရာလဲဖြစ်ပါတယ်။ သဘာဝတရားရယ်၊ ဘုရားကျောင်း၊ နတ်ကွန်းတွေရဲ့ အလှကိုပါ တခါတည်းကြည့်ရှုနိုင်ပါတယ်။ ကျိုတိုမြို့မှာ ဆောင်းဦးရာသီခရီးသွားဖို့အတွက် ၃ ရက်တာ ခရီးစဥ်အကြောင်းကိုလဲ ဒီဆောင်းပါး ကနေပြီးတော့ ဝင်ဖတ်နိုင်ပါတယ်။
ဆောင်းဦးရာသီကိုရောက်ရင်တော့ အရွက်တွေအရောင်ပြောင်းပြီးတော့ ဂျပန်တနိုင်ငံလုံးမှာ ရှုခင်းအလှတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါကြောင်းမို့လို့ ဆောင်းဦးရာသီကိုရောက်ရင်တော့ ဂျပန်ရိုးရာနဲ့ အညီ ဂျပန်နိုင်ငံရဲ့ သဘာဝတရားရဲ့ အလှကို သေချာခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။