ဂျပန်ရိုးရာ မု့န်ချိုတွေမှာတော့ သမိုင်းကြောင်းတွေရှိတဲ့ အပြင် အရမ်းအရသာရှိပါတယ်။ မုန့်အမျိုးအစားတွေကလဲ စုံလင်လှပြီးတော့ ဂျပန်ပြည်တွင်းမှာတီထွင်ခဲ့တဲ့ မုန့်တွေရှိသလို၊ နိုင်ငံခြားကနေပြီးတော့ ဂျပန်ပြည်တွင်းကိုဝင်လာတဲ့ ရိုးရာမုန့်တွေလဲရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဂျပန်ရိုးရာ မု့န်ချိုတွေအကြောင်းနှင့် ဂျပန်ရိုးရာလက်ဖက်ရည်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။
မာတိကာ
- ဂျပန်ရိုးရာ မု့န်ချို 和菓子 (wagashi) ဆိုတာ။
- ဂျပန်မှာနာမည်ကြီးတဲ့ ရိုးရာမုန့်ချိုများ။
- လက်ဖက်ရည်နဲ့ တွဲသောက်လေ့ရှိတဲ့ ရိုးရာမုန့်များ။
- ပွဲတော်တွေမှာစားလေ့ရှိတဲ့ မုန့်ချိုများ။
- အကျဥ်းချုပ်
ဂျပန်ရိုးရာ မု့န်ချို 和菓子 (wagashi) ဆိုတာ။
🍘🍡🍧ဒီတခေါက်မှာတော့ ဂျပန်နိုင်ငံရဲ့ရိုးရာမုန့်တွေကိုဖော်ပြလိုက်ပါတယ်။ ဂျပန်ရိုးရာမုန့်တွေကတော့ ပြည်တွင်းမှာသာမက...
Posted by WeXpats Myanmar on Saturday, March 30, 2024
和菓子 (wagashi) ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ ရှေးယခင်ကတည်းက ပြုလုပ်ပြီးစားသောက်လာခဲ့တဲ့ မုန့်အမျိုးအစားကိုဆိုလိုတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းမှာ ရရှိနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့သာမက ဂျပန်နိုင်ငံရဲ့ ယဥ်ကျေးမှု ပုံစံမျိုးတွေကိုပါ ထည့်သွင်းပြီးပြုလုပ်ထားတဲ့ အတွက်ကြောင့်မို့လို့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကိုပါ မုန့်မှာတွေ့မြင်နိုင်တဲ့ အတွက်ကြောင့်မို့လို့ လက်ခေတ်မှာလဲ ဂျပန်ပြည်တွင်းမှာသာမက ဂျပန်ပြည်ပမှာပါ ဂျပန်ရိုးရာမုန့်ချိုကိုကြိုက်နှစ်သက်တဲ့ သူတွေ အများကြီးရှိပါတယ်။
ဂျပန်ရိုးရာ မု့န်ချို 和菓子 (wagashi) ရဲ့ သမိုင်း။
ဂျပန်ရိုးရာ မုန့်ချိုရဲ့ အစကတော့ 縄文時代 Jumon ခေတ်မှာစတင်တယ်လို့ပြောကြပါတယ်။ ဂျပန်ရိုးရာ မုန့်ချိုရဲ့တစ်မျိုးဖြစ်တဲ့ 団子(だんご - dango)လို့ခေါ်တဲ့မုန့်ချိုလုံးရဲ့အစကတော့ အဲ့ဒီခေတ်မှာ အသီးတွေကို အဆိပ်ထုတ်ပြီးတော့ လုံးပြီးလုပ်တာကနေ စခဲ့တယ်လို့ဆိုကြပါတယ်။ နောက်ပြီးတော့ 弥生時代 - Yayoi ခေတ်မှာတော့ သစ်သီးတွေကို အဆာပြေစားတာကနေဖြစ်ပြီးတော့ နောက်ပိုင်းမှာတရုတ်နိုင်ငံကနေပြီးတော့ သစ်သီးတွေကိုမုန့်လုပ်နည်းတွေ ရရှိလာပြီး ဂျပန်ရိုးရာမုန့်တွေလဲ ပိုမိုတိုးပွားလာခဲ့ပါတယ်။ 鎌倉・室町時代 Kamakura/ Muramachi ခေတ်တွေကိုရောက်လာပြီးတဲ့နောက်မှာတော့ လက်ဖက်ရည်ယဥ်ကျေးမှု ထွန်းကားလာတဲ့ အတွက်ကြောင့်မို့လို့ ဂျပန်ရိုးရာမုန့်တွေပိုမိုတိုးတက်လာပြီးတော့ 饅頭(まんじゅう-Maju)နှင့် 羊羹(ようかん-Yokan)မုန့်တွေပေါ်ထွက်လာခဲ့ပါတယ်။ 江戸時代 Edo ခေတ်မှာတော့ သကြားတင်သွင်းမှုလဲ ပိုပြီးများပြားလာပြီးတော့ သာမန်လူတန်းစားတွေကြားထဲမှာလဲ ဂျပန်ရိုးရာမုန့်ချို့ကိုစားတဲ့သူများပြားလာခဲ့ကြပါတယ်။
ဂျပန်ရိုးရာ မု့န်ချို 和菓子 (wagashi) ရဲ့ဆွဲဆောင်မှုများ။
ဂျပန်ရိုးရာမုန့် လေးတွေကတော့ ဂျပန်လးမျိုးတွေကြားထဲမှာသာမက နိုင်ငံခြားသားတွေကြားထဲမှာပါနာမည်ကြီးပြီးဆွဲဆောင်မှုရှိပါတယ်။
ပထမဆုံး ဆွဲဆောင်မှုကတော့ သဘာဝနှင့် ရာသီကိုပါ ခံစားနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။ ဆောင်းဦးရာသီနှင့် နွေဦးရာသီ တို့မှာပွင့်တဲ့ပန်းတွေကို နမူနာယူပြီးတော့ပြုလုပါတဲ့ မုန့်တွေအများကြီးရှိပါတယ်။
ဒီလိုမျိုး ရာသီအလိုက် ထူးခြားမှုတွေကိုထည့်သွင်းပြုလုပ်တာကလဲ ဂျပန်ရိုးရာမုန့်ရဲ့ ဆွဲဆောင်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။
ဒုတိယမြောက်ဆွဲဆောင်မှုကတော့ အနောက်တိုင်းမုန့်တွေနဲ့ယှဉ်လိုက်ရငါ ကယ်လိုရီနည်းပြီးတော့ ကျန်းမာရေးနဲ့လဲပိုပြီးတော့ ညီညွှတ်ပါတယ်။
တတိယအချက်ကတော့ အမျိုးအစားများပြားခြင်းဖြစ်ပါတယ်။ ဂျပန်ရိုးရာမုန့်တွေက ရှေးယခင်ကတည်းက စားသုံးလာကြပြီး သမိုင်းအစဉ်အလာရီိတဲ့မုန့်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ မုန့်အမျိုးအစားပေါင်းတွေလဲ စုံလက်ပြည့်စုံလှပါတယိ။ ခေတ်အဆက်ဆအက် ခေတ်နဲ့အညီ တီထွင်ဖန်တီးလာတဲ့အတွက်ကြောင့်မို့လဲ အမျိုးအစားတွေများပြားလာရခြင်းဖြစ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဂျပန်မှာနာမည်ကြီးတဲ့ ရိုးရာမုန့်ချိုများ။
ဂျပန်နိုင်ငံမှာတော့ ရှေးယခင်ကတည်းက ရိုးရာယဥ်ကျေးမှုနည်းလမ်းတွေဖြစ်တဲ့ နယ်ခြင်း၊ ပေါင်းခြင်း၊ ပြုတ်ခြင်းအစရှိတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာလဲ လက်လုပ်ရိုးရာမုန့်တွေ အများကြီးကိုပျော်ရွှင်ခံစားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာနာမည်ကြီးတဲ့ ရိုးရာမုန့်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
大福 (Daifuku)
မိုချိလို့အများသိကြတဲ့ ကောက်ညှင်းမုန့်လုံးလေးတွေကတော့ လူသိများကြပါတယ်။ မိုချိအပြင် တခြားအစားစာတွေလဲ အများကြီးရှိပါတယ်။...
Posted by WeXpats Myanmar on Saturday, October 7, 2023
Daifuku ဆိုတာကတော့ပဲကို ကောက်ညှင်း အထဲမှာ ပဲကိုထောင်းပြီးထည့်ထားတဲ့ မုန့်ချို့ တစ်မျိုးဖြစ်ပါတယ်။ ပဲနဲ့ ကောက်ညှင်း တချို့စားညီပြီးတော့ အချိုကြိုက်တဲ့ သူတွေအတွက်ရော မကြိုက်တဲ့ သူတွေအတွက်ပါ အကြိုက်တွေ့စေမယ့် မုန့်ဖြစ်ပါတယ်။ နောက်ပြီးတော့ ပဲကိုအစားထိုးပြီး သစ်သီးတွေ ထည့်ပြီးတော့ ပြုလုပ်တဲ့ Daifuku တွေလဲ ရှိတဲ့ အတွက်ကြောင့်မို့လို့ ရာသီအလိုက် အပြောင်းအလဲ အနေနဲ့ စားသုံးနိုင်ပါတယ်။ ခရင်မ်တွေ ညှပ်ပြီးစားလေ့ရှိပြီး ခရင်မ် Daifuku တွေကလဲ တွေ့နိုင်ပါသေးတယ်။ ဒီလိုမျိုး Daifuku မှာတော့ အမျိုးအစားတွေ စုံလှတာကလဲ သူရဲ့ ထူးခြားမှုဖြစ်ပါတယ်။
どら焼き (Dorayaki)
どら焼き (Dorayaki) ကတော့ ဂျူံ၊ သကြားနှင့် ကြက်ဥတို့ကို အပြားပုံစံကင်ပြီးတော့ အလယ်မှာ ပဲညှပ်ထားတဲ့ ပန်ကိတ်ပုံစံ ရိုးရာမုန့်တစ်မျိုးဖြစ်ပါတယ်။ အဲဒိုခေတ်မှာတုန်းကတော့ တစ်ချပ်တည်းကို ပဲသုပ်ပြီးစားခဲ့ပေမယ့် တိုင်းရှောခေတ်မှာတော့ မုန့် နှစ်ချပ်ညှပ်ပြီးစားလာခဲ့ကြပါတယ်။ အထဲကစာကိုတော့ ပဲအပြင် တခြားအစာတွေကိုညှပ်ပြီးတော့လဲ စားလေ့ရှိကြပါတယ်။
カステラ (Kasytera)
カステラ (Kasytera) ဆိုတာကတော့ ဂျူံ၊ သကြားနှင့် ကြက်ဥတို့ကို ရောပြီးတော့ လေးထောင့်ပုံစံ ဖုတ်ထားတဲ့ ပေါင်မုန့်ဖြစ်ပါတယ်။ ဒါပေမယ့် ထောပတ်တော့မပါပါဘူး။ ယနေ့ခေတ်မှာလဲ Nagasaki ခရိုင်ရဲ့ ဒေသထွက်လက်ဆောင်အနေနဲ့ ကျော်ကြားပါတယ်။ ချောကလက်၊ လက်ဖက်စိမ်း အစသဖြင့် အရသာအမျိုးမျိုးရှိပါတယ်။
最中 (Monaka)
最中 (Monaka) အပြင်အကာကိုတော့ ဆန်ကိုကြိုက်ပြီးပေါင်းထားပြီး အတွင်းသားကို ကြိုတ်ထားတဲ့ ပဲ နဲ့ စားသုံးတဲ့ မုန့်အမျိုးအစားဖြစ်ပါတယ်။ အစားအဖြစ် တခြားအရာတွေကိုလဲ အသုံးပြုလေ့ရှိကြပါတယ်။ 最中 (Monaka) ကို စတင်ပြီးပြုလုပ်ခဲ့ကြကတော့ ဟဲအန်းခေတ်မှာ စတင်ပြီးတော့စားသုံးခဲ့ကြတဲ့ မုန့်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီခေတ်တုန်းကတော့ သကြားကိုအစာသွပ်စားခဲ့ပြီးတော့ ပဲကို အစာသွပ်ပြီးစားလေ့ရှိတာကတော့ အဲဒိုခေတ်ရောက်ပြီးနောက်ပိုင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအတိုင်းအဝိုင်းပုံစံတစ်မျိုးတည်းမဟုတ်ဘဲနဲ့ပန်းပုံစံလေးတွေ၊သတ္တဝါပုံစံလေးတွေကိုပါဖန်တီးလာကြပါတယ်။
あんみつ (Anmitsu)
あんみつ (Anmitsu)ဆိုတာကတောာ့ Mitsuto လို့ခေါ်တဲ့ ပဲနှင့် သစ်သီးတွေကို အချိုရည်တစ်မျိုးနဲ့ ပေါင်းပြီးတော့ထည့်ထားတဲ့ အချိုတစ်မျိုးကို ပဲပေါင်းထည့်ပြီးစားတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ပူတဲ့ အချိနိမှာ စားလေ့ရှိတဲ့ အစားစာဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်မှာပေါ်ပေါက်ခဲ့တဲ့ အစားအစာဖြစ်ပြီးတော့ တိုကျို Ginza ရဲ့ဆိုင်တစ်ဆိုင်ကနေပြီးတော့ တည်ထွင်ခဲ့တယ်ဆိုတာမျိုးလဲ ပြောလေ့ရှိကြပါတယ်။
လက်ဖက်ရည်နဲ့ တွဲသောက်လေ့ရှိတဲ့ ရိုးရာမုန့်များ။
လက်ဖက်ရည်ပွဲတွေမှာ အများဆုံးအတူတူတွဲစားလေ့ရှိတဲ့ စားတွေကတော့ အများအားဖြင့် 主菓子 (omogashi) 干菓子(higashi)ဆိုပြီးတော့ ၂ မျိုးရှိပါတယ်။ 主菓子 (omogashi) ကတော့ လက်ဖက်ရည်ပျစ်နဲ့ အတူတူတွဲစားလေ့ရှိပြီးတော့ အများအားဖြင့် ပဲကို ဂျုံအတွင်းမှာ အစာသွပ်ပြီးပြုလုပ်ထားတဲ့ မုန့်တွေနဲ့တွဲစားလေ့ရှိကြပါတယ်။ 干菓子(higashi)ဆိုကတော့ လက်ဖက်ရည်ဖျော့တာမျိုးနဲ့တွဲစားလေ့ရှိပြီးတော့ အများအားဖြင့် အရောင်ဆုံးမုန့်ခဲတွေကို အသုံးပြုလေ့ရှိကြပါတယ်၊။
ပွဲတော်တွေမှာစားလေ့ရှိတဲ့ မုန့်ချိုများ။
ဂျပန်နိုင်ငံကတော့ တစ်နှစ်ပတ်ကာလလုံး ပွဲလမ်းသဘင်တွေကျင်းပတဲ့ နိုင်ငံဖြစ်ပြီးတော့ ဒီလိုနေ့ကြီးရက်ကြီးတွေမှာဆိုရင်လဲ ဂျပန်ရိုးရာမုန့်ချို့တွေကိုစားသောက်လေ့ရှိကြပါတယ်။
နွေနှင့် နွေဦးရာသီပွဲတော်တွေမှာ တွေ့ရတဲ့ရိုးရာမုန့်များ။
မိန်းကလေးတွေရဲ့ ကျန်းမာရေးကို ဆုတောင်းတဲ့ အနေနဲ့ ကျင်းပတဲ့ မတ်လ ၃ ရက်နေ့မှာကျရောက်တဲ့ မိန်းကလေးပွဲတော်မှာဆိုရင်တော့ ဟိန နှင်းလုံးမုန်းတွေကို ကစားသောက်လေ့ရှိပြီး ကလေးများနေ့ဖြစ်တဲ့ မေလ ၅ရက်နေ့မှာတော့ Kashiwa ကောက်ညှင်းကို စားသောက်လေ့ရှိကြပါတယ်။ အိုဘွန်းပွဲတော်မှာဆိုရင်တော့ Rakugan ဆိုတဲ့ ပုံစံအမျိုးမျိုးနဲ့ မုန့်ကိုစားသောက်လေ့ရှိကြပါတယ်။
ဆောင်းဦးရာသီနှင့် ဆောင်းရာသီပွဲတော်တွေမှာ စားလေ့ရှိတဲ့ ရိုးရာမုန့်များ။
စက်တင်ဘာလမှာဆိုရင်တော့ လကြည့် ပွဲတော်ကိုကျင်းပလေ့ရှိပြီးတော့ လကြည့်မုန့်လုံးကိုစားသောက်လေ့ရှိပြီးတော့ နိုဝင်ဘာလမှာဆိုရင်တော့ ၃နှစ်နှင့် ၇နှစ်အရွယ် မိန်းကလေးနှင့် ၅ နှစ်အရွယ်ကလေးလေးတွေအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပတဲ့ ပွဲတော်ဖြစ်ပြီးတော့ 千歳飴 (chitoseame) ဆိုတဲ့ သကြားလုံးကိုစားလေ့ရှိကြပါတယ်။ နှစ်သစ်ကူချိန်ရောက်မှာတော့ ကောက်ညှင်းကိုစားလေ့ရှိတဲ့ အလေ့အထလဲရှိပါတယ်။
အကျဥ်းချုပ်
ဒီဆောင်းပါးမှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာ မုန့်အချိုတွေရဲ့ ရာဇဝင်အကြောင်းနှင့် ဆွဲဆောင်မှုတွေ အကြောင်းကို ရှင်းလင်းဖော်ပြခဲ့ပြီးတော့ လက်ရှိအချိန်မှာနာမည်ကြီးလူကြိုက်များတဲ့ မုန့်ချို့တွေအကြောင်းကိုပါ ဖော်ပြလိုက်ပါတယ်။