တိုကျို မှာရှိတဲ့ အပန်းဖြေနားယူနိုင်မယ့် ပန်းခြံများ

ပန်းခြံတွေကတော့ သဘာဝ တရားကိုခံစားလို့ရမယ့် ပန်းဖြေလို့ရမယ့် အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရာသီလေးခုစလုံးမှာ အလှကိုယ်စီရှိပြီး ဒီအလှတွေကို သေသေချာချာ ခံစားနိုင်မယ့် နေရာကတော့ ပန်းခြံတွေဖြစ်ပါတယ်။ ပန်းခြံတွေကတော့‌ အကုန်ကျသက်သာနဲ့ အပန်းဖြေနည်းလို့လဲ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အေးအေးဆေးနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ဖို့အတွက် အပန်းဖြေနိုင်မယ့် ပန်း‌ခြံတွေကို ဖော််ပြလိုက်ပါတယ်။ 

မာတိကာ

ဂျပန်နိုင်ငံရဲ့ ပန်းခြံများ။

နွေရာသီရောက်လာရင်တော့ ပန်းခြံတွေအတွင်းမှာ အေးဆေး ပန်းဖြေချင်တဲ့ သူတွေ များလာကြပါတယ်။ ဂျပန်မှာတော့ ပန်းခြံအကျယ်ကြီးတေ အများကြီးရှိပြီးတော့ ပန်းခြံအတွင်းမှာ လာရောက်အပန်းဖြေတဲ့ သူတွေလဲ အများကြီးရှိပါတယ်။ ပန်းခြံတွေက ကျယ်တဲ့ အပြင် တိုကျိုတို့လို့ မြို့ပြအတွင်းမှာတင် သစ်ပင်ပန်းမင်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ အတွက်ကြောင့်မို့လို့ အပန်းပြေစေမှာဖြစ်ပါတယ်။ သဘာဝတရားကြီးနဲ့ လဲ ထိတွေ့နိုင်တဲ့ အရမ်းကိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်လို့လဲဆိုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပိတ်ရက်မှာဖြစ်စေ စိတ်ထွက်ပေါက်အနေနဲ့ သွားချင်ရင်တော့ ပန်းခြံတွေကို ‌ရွေးချယ်စရာတစ်ခုအနေနဲ့ ညွှန်းပေးပါရစေ။ ပန်းခြံတွေ အတွင်းမှာတော့ ချယ်ရီပန်း၊ မိုးရာသီ မိုးဦးကျပန်း၊ ဆောင်းဦးရာသီ မေပယ်ရွက် အစသဖြင့် သေသေချာချာ ခံစားနိုင်ပါတယ်။ 

ပန်းခြံဝင်ကြေးများ။ 

ပန်းခြံတွေ အပေါ်မူတည်ပြီးတော့ ဝင်ကြေးရှိတဲ့ ပန်းခြံရှိသလို ဝင်ကြေးပေးစရာမလိုတဲ့ ပန်းခြံတွေလဲရှိပါတယ်။ တချို့ပန်းခြံတွေမှာတော့ ပွဲလမ်းသဘင်တွေကိုလဲ ကျင်းပလေ့ရှိပြီးတော့ တချို့ပွဲတွေကတော့ ဝင်ကြေးပေးရတာမျိုးတွေရှိပါတယ်။ ဝင်ကြေးတွေကလဲ အမျိုးမျိုးသတ်မှတ်ထားတာမျိုးတွေရှိပါတယ်။ နောက်ပြီးတော့ ဝင်ကြေးရှိတဲ့ ပန်းခြံဆိုရင်လဲ ရာသီအပေါ်လိုက်ပြီးတော့ တချို့ရာသီတွေမျိုးမှာဆိုရင် ဝင်ကြေးပိုပေးရတာမျိုးတွေလဲရှိတတ်ပါတယ်။ ပန်းခြံတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုဖို့ကိုအကြံပေးချင်ပါတယ်။ 

ပန်းခြံရဲ့ စည်းမျဥ်းစည်းကမ်းများ။

ပန်းခြံတွေကို သွားတဲ အချိန်မှာလဲ စည်းမျဥ်းစည်ကမ်းတွေကိုသေချာ လိုက်နာဖို့အရေးကြီးပါတယ်။ ပန်းခြံအပေါ် မူတည်ပြီးတော့ စည်းမျဥ်းစည်းကမ်းတွေရှိပါတယ်။ အတွေ့ရများတဲ့ အခြေခံစည်းမျဥ်းစည်းကမ်းတွေကိုဖော်ပြသွားပါ့မယ်။

အမှိုက်တွေကို နေရာတကျပစ်ပါ။

ပထမဆုံးတချက်ကတော့ အမှိုက်တွေကို စည်းကမ်းမဲ့ မပစ်ဖို့ဖြစ်ပါတယ်။ တချို့ ပန်းခြံတွေမှာတော့ အမှိုက်ပုံတွေရှိပေမယ့် အမှိုက်ပုံမတွေ့ဘူးဆိုရင်လဲ အိမ်ကိုယူပြီးပြန်ဖို့တိုက်တွန်းချင်ပါတယ်။ အမှိုက်တွေ စနစ်တကျစွန်ပစ်ခြင်းမရှိဘူးဆိုရင်တော့ ပန်းခြံတွင်းမှာရှိတဲ့ သန့်ရှင်းမှုနဲ့ နေထိုင်တဲ့ သတ္တဝါတွေ အပေါ်ပါ ထိခိုက်မှုရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့ အထူးသတိပြုဖို့လိုအပ်ပါတယ်။ 

ပန်းတွေနဲ့ သစ်ပင်တွေကို စနစ်တကျကြည့်ရှုပါ။

ပန်းခြံထဲမှာတော့ ပန်းမန်သစ်ပင်တွေအများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီသစ်ပင်ပန်းမန်တွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်ထိတွေ့တာမျိုးတွေရှောင်ရှားဖို့လိုအပ်ပါတယ်။

သတ္တဝါတွေကို ခွင့်ပြုချက်မရှိ အစာမကျွေးပါနဲ့။

နောက်သတိထားစရာတစ်ခုကတော့ ပန်းခြံတွေထဲမှာရှိတဲ့ သတ္တဝါအကောင်လေးတွေကို အစားစာကျွေးခြင်းရှောင်ကြည်ရပါမယ်။ ပန်းခြံတွင်းမှာတော့ အများအားဖြင့် စာမကျွေးရ ဆိုပြီးတော့ ကပ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ခွင့်ပြုချက်မရှိဘဲ အစာကျွေးတာမျိုးတွေ မလုပ်ဖို့ သတိထားရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အကောင်လေးတွေကို ခြောက်လှန့်တာမျိုးတွေ မလုပ်ဖို့လဲ သတိပြုရမှာဖြစ်ပါတယ်။ 

အသံအကျယ်ကြီးတဲ့ အော်ဟစ်ခြင်း၊ သီချင်းနားထောင်ခြင်းမပြုလုပ်ပါနဲ့။

သဘာဝ ပန်းခြံတွေမှာဆိုရင်တော့ သဘာဝရဲ့ ကျေးငှက်တေးသံတွေကိုခံစားဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပန်းခြံထဲမှာ လာရောက်ပန်းဖြေတွေ သူတွေလဲ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တခြားသူတွေကို အနှောက်အယှက်မဖြစ်စေဖို့အတွက် အသံကျယ်ကြီးအော်ဟစ်ခြင်း၊ သီချင်းသံအကျယ်ကြီးဖွင့်ခြင်းတို့ကို မပြုလုပ်ဖို့ သတိပေးချင်ပါတယ်။ 

ဂေဟ စနစ်ပျက်စီးစေမယ့် သတ္တဝါများကို ဘေးမဲ့ လွှတ်ခြင်းရှောင်ကြင်ပါ။ 

နောက်ပြီးတော့ ပန်းခြံတွေနဲ့ ဘဘာဝရေကန်တွေကိုသွားတဲ့ အချိန်မှာ ရှိပြီးသား ဂေဟစနစ်ကို မထိခိုက်စေဖို့အတွက် ဂေဟစနစ်ကိုဖျက်စီးမယ့် သတ္တဝါကောင်တွေကို လွှတ်ခြင်းကို ရှောင်ကြည်ရပါမယ်။ ကိုယ်လွှတ်လိုက်တဲ့ သတ္တဝါကြောင့် တခြားနေထိုင်တဲ့ သတ္တဝါလေးတွေ ဒုက္ခရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ အထူးသတိထားပါ။

တိုကျိုမြို့တွင်းရှိနာမည်ကြီးပန်းခြံများ။

တိုကျိုမြို့တွင်းလူသိများတဲ့ ပန်းခြံတွေ အများကြီးရှိပါတယ်။ တချို့ပန်းခြံတွေကတော့ ဝင်ကြေးအခမဲ့ဖြစ်သလို တချို့ပန်းခြံတွေကိုတော့ ဝင်ကြေးပေးရတာမျိုးတွေရှိပါတယ်။ ပန်းခြံတွေသွားရလွယ်ပြီးတော့ ဝင်ကြေးအခမဲ့ ဝင်ရတဲ့ ပန်းခြံတွေမှာတော့ အများအားဖြင့် ပွဲလန်းသဘင်အမျိုးမျိုးကိုကျင်းပတဲ့နေရာလဲဖြစ်ပါတယ်။ တိုကျိုမြို့တွင်း လူသိများတဲ့ ပန်းခြံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

代々木公園 - Yoyogi ပန်းခြံ 

Yoyogi ပန်းခြံ ကတော့ တိုကျိုမြို့တွင်းမှာရှိတဲ့ နာမည်ကြီးပန်းခြံတစ်ခုဖြစ်ပြီး ပွဲလမ်းသဘင်တွေလဲ ခဏခဏ ကျင်းပလေ့ရှိတဲ့ ပန်းခြံဖြစ်ပါတယ်။ ပန်းခြံတွင်းမှာတော့ စိမ်းလမ်းစိုပြေနေတဲ့ သစ်ပင်ပန်းမန်တွေ အမျိုးမျိုးရှိပြီးတော့ ချယ်ရီပန်း၊ မေပယ်ရွက် အစရှိတဲ့ ပန်းပွင့်တဲ့ ရာသီမှာဆိုရင် နာမည်ကြီးတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ Yoyogi ပန်းခြံ မှာတော့ အမြဲတမ်းလးမပြတ်လာရောက်လည်ပတ်‌လေ့ရှိပြီးတော့ ပန်းခြံကြီးကလဲ အကျယ်ကြီးဖြစ်ပါတယ်။ နောက်ပြီးတော့ ထိုင်စရာခုံးလေးတွေလဲရှိပါတယ်။ 

日比谷公園 - Hibiya ပန်းခြံ 

  • ဝင်ကြေး - အခမဲ့။
  • နေရာ - 1-6 Hibiya Koen, Chiyoda-ku,Tokyo
  • ဝက်ဘ်ဆိုက် - https://www.tokyo-park.or.jp/park/hibiya/

Hibiya ပန်းခြံ ကလဲကျယ်ဝန်းတဲ့အပြင် ပွဲလမ်းသဘင်တွေများပြားတဲ့ပန်းခြံ တစ်နေရာဖြစ်ပါတယ်။ ဒီပန်းခြံမှာဆိုရင်တော့ ပွဲလမ်းသဘင်တွေကိုလဲ ကျင်းပလေ့ရှိပါတယ်။ နောက်ပြီးတော့ Hibiya ပန်းခြံ ကတော့ နန်းတော် အနီးနားမှာရှိတဲ့ အတွက်ကြောင့်မို့လို့ နေရာ အနေအထားအရလဲ အရမ်း‌ကောင်းတဲ့ နေရာဖြစ်ပြီးတော့ လည်ပတ်စရာနေရာတွေလဲ ပေါတဲ့နေရာဖြစ်ပါတယ်။ Hibiya ပန်းခြံ က ဂျပန်နိုင်ငံရဲ့ ပထမဆုံး အနောက်တိုင်းစတိုင်လ် ပန်းခြံလဲဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ဆိုပေမယ့် တချို့နေရာတွေကိုဝင်ဖို့အတွက် ဝင်ကြေးကုန်ကျတာမျိုးတွေရှိပါတယ်။ 

墨田公園 - Sumida ပန်းခြံ 

  • ဝင်ကြေး - အခမဲ့။
  • နေရာ - Mukojima, Sumida-ku,Tokyo

တိုကျိုမှာ မြစ်လေးနံဘေးနားမှာထိုင်ပြီးတော့ ပန်းခြံမှာအေးဆေးနားချင်တယ်ဆိုရင်တော့ Sumida ပန်းခြံ က အရမ်းကိုအဆင်ပြေတဲ့နေရာဖြစ်ပါတယ်။ Sumida ပန်းခြံ ကတော့ Sumida မြစ်နားမှာရှိပြီးတော့ Sumida မြစ်နှင့် ပန်းခြံကတော့ မိးပန်းပွဲနဲ့ လူသိများကျော်ကြားပါတယ်။ ချယ်ရီပန်းတွေ အများကြီးရပြီးတော့ ချယ်ရီပန်းပွင့်တဲ့ အချိန်ဆိုလဲ နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။ နောက်ပြီးတော့ တိုကျို စကိုင်းထရီးနှင့် Asakusa တို့နဲ့လဲ နီးတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သွားရအဆင်ပြေတဲ့ နေရာလဲဖြစ်ပါတယ်။ 

昭和記念公園 - Showakinen ပန်းခြံ 

  • ဝင်ကြေး - အခြေအနေအပေါ်မူတည်ပြီး အမျိုးမျိုးကွာ။ (အသေးစိတ်ကို ဝက်ဆိုက်မှာဝင်ကြည့်ရန်)
  • နေရာ - 1-6 Hibiya Koen, Chiyoda-ku,Tokyo
  • ဝက်ဘ်ဆိုက် - https://www.showakinen-koen.jp/

တိုကျိုအနောက်ဘက် Tachikawa မှာရှိတဲ့ Showakinen ပန်းခြံ ကတော့ ၁၆၀ ဧကကျယ်ပြီးတော့ သစ်ပင် ပန်းမန်တွေနဲ့ ပြည့်နှက်နေတဲ့ ပန်းခြံဖြစ်ပါတယ်။ လူကြီးတွေ အတွက်သာမက ကလေးတွေအတွက်ပါ ကစားဖို့အတွက်နေရာတွေအများကြီးရှိပါတယ်။ နောက်ပြီးတော့ ရာသီအလိုက် ပန်းတွေနှင့် ရှုခင်းတွေလဲ လှပနေတဲ့ အတွက်ကြောင့် ဘယ်အချိန်သွားသွား အပန်ပြေစေတဲ့ နေရာလေးဖြစ်ပါတယ်။ ပန်းခြံအတွင်းမှာဆိုရင်တော့ စက်ဘီးစီးတာတို့လမ်းလျှောက်တာတို့လဲ လုပ်နိုင်ပါသေးတယ်။ 

上野公園 - Ueno ပန်းခြံ။ 

Ueno ပန်းခြံကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပန်းခြံဖြစ်တဲ့ အပြင် အရှေးကျဆုံးပန်းခြံတစ်ခုလဲဖြစ်ပါတယ်။ ပန်းခြံထဲမှာတော့ နွေဦးရာသီမှာ ချယ်ရီပန်းပွင့်တဲ့ အချိန်ကလွဲလို့ သစ်ပင်ပန်းမန်တွေ အများကြီးမရှိပါဘူး။ ဒါပေမယ့် ယဥ်ကျေးမှု၊ အနုပညာတွေနဲ့ ပတ်သက်တဲ့ ပြခန်းတေ အများကြီးရှိတဲ့ ပန်းခြံဖြစ်ပါတယ်။ ဒါ့အပြင် Ueno တိရစ္ဆာန်ဥယျာဥ် လဲရှိပါတယ်။ 

新宿御苑 - Shinjuku Gyoen ဥယျာဥ်။

  • ဝင်ကြေး - ယန်း ၅၀၀။
  • နေရာ - 11 Naito-machi, Shinjuku-ku, Tokyo 160-0014, Japan
  • ဝက်ဘ်ဆိုက် - https://fng.or.jp/shinjuku/en/

Shinjuku Gyoen ဥယျာဥ်ကတော့ ပန်းခြံပုံစံမဟုတ်ဘဲနဲ့ ဥယျာဥ်ပုံစံမျိုးဖြစ်ပါတယ်။ ဥယျာဥ်ကြီးထဲမှာ ပန်းပင်တွေနဲ့ လှပတဲ့ ပန်းလေးတွေ အများကြီးရှိတဲ့နေရာလေးဖြစ်ပြီးတော့ Shinjuku ဘူတာအနီးမှာရှိတဲ့ အတွက်ကြောင့်မို့လို့ သွားရလွယ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ ရာသီအလိုက်ချယ်ရီပန်းနှင့် မေပယ်ရွက် တို့နာမည်ကြီးတဲ့ နေရာလဲဖြစ်ပါတယ်။ 

水元公園 - Mizumoto ပန်းခြံ။

ဒီပန်းခြံကတော့ တိုကျိုနဲ့ စိုင်းတမ ကြားမှာရှိတဲ့ပန်းခြံဖြစ်ပါတယ်။ ဒီပန်းခြံမှာတော့ လူလာနည်းပြီးတော့ ကျယ်ဝတဲ့ အပြင် သဘာဝတရားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းဦးရာသီရောက်ရင်တော့ သစ်ရွက်တွေ အရောင်ပြောင်းပြီးတော့ သစ်တောကြီးတစ်ခုလုံးလှပနေတဲ့ နေရာဖြစ်ပါတယ်။ 

小金井公園 - Koganei ပန်းခြံ။

Koganei ပန်းခြံကနေ ချယ်ရီပန်းရာသီမှာလူကြိုက်များတဲ့ ပန်းခြံဖြစ်ပြီးတော့ ရာသီအလိုက် ပန်းတွေ အမျိုးမျိုးပွင့်လန်းတဲ့ ပန်းခြံတစ်ခုဖြစ်ပါတယ်။ Shinjuku ဘူတာကနေပြီးတော့၂၅ မိနစ်လောက်ရထားစီးလိုက်ရင်ရောက်တဲ့ နေရာဖြစ်ပြီးတော့ ကျယ်ပြီးကလေးတွေအတွက်ပါ အရမ်းကောင်းမွန်တဲ့နေရာဖြစ်ပါတယ်။

အကျဥ်းချူပ် 

ဒီဆောင်းပါးမှာတော့ တိုကျိုအတွင်းမှာ အေးဆေးအပန်းဖြေနိုင်မယ့် ပန်းခြံတွေကိုဖော်ပြလိုက်ပါတယ်။ ပန်းခြံတွေကိုသွားတဲ့ အချိန်မှာတော့ သေသေချာချာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကိုလဲ သေချာလိုက်နာဖို့ လိုအပ်ပါတယ်။ 

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။ဝါသနာကတော့ ဂျပန်စာလေ့လာတာနဲ့ ဓာတ်ပုံရိုက်တာဖြစ်ပါတယ်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ တိုကျို မှာရှိတဲ့ အပန်းဖြေနားယူနိုင်မယ့် ပန်းခြံများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ