ဂျပန်နွေရာသီရောက်လာတာနဲ့ အဖြစ်များတဲ့ အပူရှုပ်တဲ့ရောဂါ (熱中症) ကိုဘယ်လို ကာကွယ်ကြမလဲ။

ဂျပန်နိုင်ငံ နွေရာသီကိုရောက်လာပြီဆိုတာနဲ့ အပူရှုပ်တာကတော့ တော်တော်လေးကိုအဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ အပူချိန်နဲ့ အတူတူ စိုထိုင်းစတွေလဲ မြင့်မားလားတဲ့ အတွက်ကြောင့်မို့လို့ နွေရာသီရောက်လာတဲ့ နဲ့ ဂျပန်မှာနေထိုင်တဲ့ သူဆိုရင်တော့ အပူရှုပ်တာကိုသေချာကာကွယ်တတ်ဖို့ လိုအပ်ပါတယ်။ 

မာတိကာ

  1. ဘာကြောင့် အပူရှုပ်တာလဲ?
  2. ဂျပန်မှာ အပူရှုပ်တဲ့လူနာတွေမြင့်မားလာခြင်း။
  3. ဂျပန်မှာ အပူရှုပ်တဲ့လူနာတွေအရေအတွက်။
  4. ဂျပန်နိုင်ငံရဲ့ အပူရှုပ်တာကိုကာကွယ်နိုင်တဲ့ ရိုးရာနည်းလမ်းများ။
  5. အပူရှုပ်တာကိုကာကွယ်နိုင်တဲ့ ခေတ်ပေါ်နည်လမ်းများ။
  6. အကျဥ်းချုပ် 

ဘာကြောင့် အပူရှုပ်တာလဲ?

အပူရှပ်ခြင်း ဆိုတာဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့ပြီးရင် ဖြစ်ပွားတတ်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ အတွင်းအပူချိန်မြင့်မားလာပြီးတော့ အတွင်းအင်္ဂါ တစ်ခုခု ပျက်စီးစေနိုင်ပါတယ်။ အပူရှုပ်တဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  • စိတ်ရှုပ်ထွေးခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ခေါင်းမူးခြင်း
  • သတိမေ့ခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်တတ်ခြင်း
  • ပျို့အန်ခြင်း (သို့) ဝမ်းလျှောခြင်း
  • အသားအရေ ဖြူဖျော့ဖျော့ ဖြစ်ခြင်း
  • ချွေးထွက်လွန်ခြင်း

ဒါကြောင့်မို့လို့ အပူရှုပ်တာကို သေချာမကာကွယ်သည်ဖြစ်စေ၊ သေချာမကုသည်ဖြစ်စေ ပြုလုပ်ပါက အသက်အန္တာရာယ် ထိခိုက်နိုင်တဲ့ အနေအထားထိပါရောက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကြိုတင်ပြီးတော့ ကာကွယ်မှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ 

ဂျပန်မှာ အပူရှုပ်တဲ့လူနာတွေမြင့်မားလာခြင်း။

ဂျပန်လိုဆိုရင်တော့အပူရှပ်ခြင်း ကို 熱中症 (Necchushou) လို့ခေါ်ပြီးတော့ နွေရာသီရောက်ရင် ဂှပန်မှာ အဖြစ်အများဆုံးနဲ့ ‌အဖြစ်များဆုံးပြသာနာ တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ကိုသွားရောက်လည်ပတ်တဲ့ အချိန်မှာဖြစ်စေ ဂျပန်မှာနေထိုင်နေရင်ဖြစ်စေ ကြိုတင်ပြီးတော့ကာကွယ်ဖို့လိုအပ်ပါတယ်။ 

ဂျပန်မှာအပူရှုပ်ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဂျပန်မှာ အပူရှုပ်ခြင်းဖြစ်ပေါ်တဲ့ အကြောင်းအရင်းတွေကိုကြည့်လိုက်ကြရအောင်။ 

  • ဘာဘာဝရာသီဥတုကြောင့်ဖြစ်ပေါ်ခြင်း - ပထမအချက်ကတော့ ရာသီဥတုကြောင့်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နွေရာသီကတော့ ပူပြင်းစိုစွတ်တဲ့ရာသီဥတုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တွင်းအပူချိန်ကို သတ်တမတ်တည်း ထိန်းထားဖို့ ခက်ခဲပါတယ်။ 
  • နေထိုင်မှုပုံစံကြောင့် - ဂျပန်မှာတော့ တိုကျို၊ အိုဆာကာတို့မှာ လူနေထူထပ်ပြီးတော့ ရထားတို့ကဲ့သို့သော အများပြည်သူသုံး နေရာတွေမှာ လူနေထူထပ်လျက်ရှိပြီးတော့ ဒီလို ဘူတာတွေ ကားမှတ်တိုင်တွေအထိ လမ်းလျှောက်ရတာတွေများပါတယ်။ ဒီလိုရာသီဥတု ပူပြင်းကြီးထဲမှာ လမ်းလျှာက်ရတဲ့ အတွက်ကြောင့်လဲ ပိုပြီးတော့ အပူရှုပ်တာပိုပြီးဖြစ်လွယ်ပါတယ်။
  • အတွင်းပိုင်းအပူချိန်မြင့်တက်ခြင်း - အပြင်ကိုထွက်တဲ့ အချိန်မှာ အပူရှုပ် တာဖြစ်နိုင်ပါတယ်။ အခန်းတွင်းမှာ အပူချိန်မြင့်မားတဲ့ အချိန်မှာလဲ အပူရှုပ်နိုင်ပြီးတော့ အပြင်ပ အပူရှုပ်ခြင်းထက်ပိုပြီးတော ဆိုးဝါးနိုင်ပါတယ်။

ဂျပန်မှာ အပူရှုပ်တဲ့လူနာတွေအရေအတွက်။

ဒါဆိုရင် ဒီအပူရှုပ်တာက ဘယ်လောက်အန္တာရာယ်ကြီးမားတာလဲ။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဂျပန်မှာ အပူရှုပ်တာဖြစ်ပွားခြင်းမြင့်တက်လာပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ ၂၀၂၃ ခုနှစ် မေလကနေ စက်တင်လာလ ရဲ့ အပူရှုပ်မှုကြောင့် အရေးပေါ်သယ်ယူခြင်းဖြစ်စဥ်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အပူရှုပ်မှုကြောင့် စုစုပေါင်း ၉၁၄၆၇ ဦးသယ်ဆောင်ခြင်းခံလိုက်ရပါတယ်။ ၂၀၂၂ ခုနှစ်တဲ့ ယှဥ်ကြည့်လိုက်ရင်တော့ ၂၀၄၃၈ ဦး တိုးပွားလာတာကိုတွေ့ရှိရပါတယ်။ စတင်ပြီးတော့ စာရင်းကောက်ခံခဲ့တဲ့ ၂၀၀၈ ခုနှစ်ကနေပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒါဟာ ဒုတိယ အမြင့်ဆုံး နှုန်းထားဖြစ်ပါတယ်။ 

ဘယ်လမှာ အပူရှုပ်တာ အဖြစ်များဆုံးလဲ ။

ဇူလိုင်လ နှင့် သြဂုတ်လမှာ အပူရှုပ်တာ အဖြစ်များဆုံးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကနေပြီးတော့ ၂၀၂၃ ခုနှစ်အထိ စာရင်းကိုတာ့ အောက်ပါအတိုင်းတွေ့နိုင်မှာပါ။

လ →
↓ နှစ် 

မေ 

ဇွန်

ဇူလိုင် 

သြဂုတ်

စက်တင်ဘာလ 

 

2023

3,655

7,235

36,549

34,835

9,193

91,467

2022

2,668

15,969

27,209

20,252

4,931

71,029

2021

1,626

4,945

21,372

17,579

2,355

47,877

2020

0

6,336

8,388

443,060

7,085

64,869

2019

4,448

4,151

16,431

36,755

9,532

71,317

2018

2,427

5,269

54,220

30,410

2,811

95,137

အဖြစ်များဆုံးအရွယ်ကဘယ်အရွယ်လဲ။

အသက်ကြီးပိုင်းတွေမှာ အဖြစ်များပြီးတော့ အများအားဖြင့် အသက် ၆၅ နှစ်နှင့် အထက်အရွယ်တွေမှာဖြစ်များပါတယ်။ 

အရွယ်→
↓ နှစ် 

~28 ရက် 

28 ရက် ~ 6

6~18

18~64

65~

စုစုပေါင်း 

2023

5

796

9,583

30,910

50,173

91,467

2022

2

566

7,646

24,100

38,725

71,029

2021

7

359

4,610

15,959

26,942

47,877

2020

3

329

5,253

21,756

37,528

64,869

2019

1

634

8,707

24,884

37,091

71,317

အပူရှုပ်တာ ဘယ်လောက်ပြင်းထန်လဲ။

လူနာအများစုကတော့ အပျော့စားကနေ အပြင်ထန် အဆင့်အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။အပျော့စားအဆင့်ဆိုတာကတော့ ဆေးရုံးတင်ဖို့ မလိုတဲ့ အဆင့်ဖြစ်ပြီးတော့ အလယ်အလတ်အဆင့်ကနေစပြီးတော့ ဆေးရုံတင်ဖို့လိုအပ်ပါတယ်။ အပြင်ထန်အဆင့်ရှိတဲ့သူတွေကတော့ ၃ ပတ်ကနေ အထက်အထိဆေးရုံတင်ဖို့လိုအပ်ပါတယ်။ ဆုံးပါးသွားတဲ့ သူတွေကိုတော့ ဆုံးပါးဆိုတဲ့ စကားလုံးနဲ့ဖော်ပြထားပြီးတော့ တခြားကတော့ အပူရှုပ်တဲ့အနေနဲ့မသတ်မှတ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ 

အခြေအနေ→
↓ နှစ် 

သေဆုံး 

ပြင်းထန် 

အသင့်သင့် 

ပျော့ 

တခြား 

စုစုပေါင်း 

2023

107

1,889

27,545

61,456

470

91,467

2022

80

1,633

22,586

46,411

319

71,029

2021

80

1,143

16,463

29,758

433

47,877

2020

112

1,783

23,662

39,037

275

64,869

2019

126

1,889

23,701

45,285

316

71,317

ဒီမှာဖော်ပြတဲ့ အကြောင်းအရာတွေကိုတော့ အောက်ပါ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာတွေကိုကိုးကားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ကိုးကား - “令和5年(5月から9月)の熱中症による救急搬送状況

ဂျပန်နိုင်ငံရဲ့ အပူရှုပ်တာကိုကာကွယ်နိုင်တဲ့ ရိုးရာနည်းလမ်းများ။

ဂျပန်မှာရိုးရာနည်းလမ်း အမျိုးမျိုးနဲ့ အပူရှုပ်တာကိုကာကွယ်လေ့ရှိကြပါတယ်။ ဒီလို ရိုးရာနည်းလမ်း အမျိုးမျိုးကိုကြည့်လိုက်ကြရအောင်။ 

ဂျပန်ရိုးရာဝတ်စုံ တွေဝတ်ဆင်ခြင်း။

  • Yukata (浴衣) ဆိုတာကတော့ နွေရာသီမှာ ဝတ်ဆင်တဲ့ ပေါ့ပါးပြီးလေဝင်လေထွက်ကောင်းမွန်တဲ့ ဂျပန်ရိုးရာ ကီမိုနိုဝတ်စုံဖြစ်ပါတယ်။ 
  • Jinbei (甚平) ကလဲ နေထိုင်ရသက်သာတဲ့ဝတ်စုံဖြစ်ပြီးတော့ အိမ်မှာနေရင်းဝတ်တဲ့ နွေရာသီရိုးရာဝတ်စုံဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ နွေရာသီပွဲတော်တွေနှင့် မီးပန်းပွဲတွေသွားတဲ့ အချိန်မှာ ဝတ်ဆင်လေ့ရှိကြပါတယ်။ 
  • တခြား အဆင်တဆာများ - နွေရာသီမှာ အဆင်ပြေမယ့်အရာတွေကတော့ နွေရာသီမှာ အသုံးပြုတဲ့ အဆင်တန်ဆာတွေဖြစ်တဲ့ Uchiwa (うちわ)နှင့် Sensu (扇子) အစရှိတဲ့ ယပ်တောင်တွေဖြစ်ပါတယ်။ 

ရိုးရာ အစားအသောက်များစားခြင်း

  • Kakigori (かき氷) လို့ခေါ်တဲ့ ဂျပန်ရေခဲခြစ်ကတော့ ဂျပန်နွေရာသီမှာ ကျော်ကြားတဲ့အစားစာဖြစ်ပြီးတော့ နွေရာသီပွဲတော်နှင့် မီးပန်းပွဲတော်တွေမှာ အတွေ့ရများပါတယ်။ နွေရာသီရောက်တာနဲ့ ရေခဲခြစ်သီးသန့်ရောင်းတဲ့ဆိုင်တွေလဲ ပေါ်ထွက်လာပြီးတော့ နွေရာသီ သီးသန့် မီနူးတွေလဲ အများကြီးတွေ့နိုင်ပါတယ်။ 
  • Kuzu-mochi (くず餅) နှင့် mizu-yokan (水羊羹) တို့ကလဲ ဂျပန်နွေရာသီမှာကျော်ကြားတဲ့ အချိုပွဲတွေဖြစ်ပြီးတော့ ကြည့်လိုက်တာနဲ့ တခါတည်း အေးမြသွားစေတဲ့ အမြင်မျိုးတွေ့ရပါတယ်။
  • ခေါက်ဆွဲအေးများ - ဂျပန်မှာတော့နွေရာသီရောက်ရင် ရင်အေးစေဖို့အတွက် ခေါက်ဆွဲအေးတေကိုစားသောက်လေ့ရှိကြပါတယ်။ somen အအေး၊sobaအအေး၊ udonအအေး၊ tsukemenအအေး အစသဖြင့်တွေ့ရှိရပါတယ် ။ 

ရိုးရာခေါင်းလောင်း Furin နှင့် လေကာကွယ်တို့ဖြစ့် အလှဆင်ခြင်း

Furin (風鈴) ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ နွေရာသီမှာ နာမည်ကြီးတဲ့ ခေါင်းလောင်းဖြစ်ပြီးတော့ အများအားဖြင့် ဖန်၊ ရွံ့၊ သတ္တု တို့နဲ့ပြုလုပ်ထားတဲ့ အရာဖြစ်ပါတယ်။ လေတိုက်တိုင်း ခေါင်းလောင်းလေးတွေ လှုပ်ရှားနေတဲ့ အသံကတော့ ရင်ထဲကိုအေးမြစေတယ်လို့ဆိုကြပါတယ်။ 

အပူရှုပ်တာကိုကာကွယ်နိုင်တဲ့ ခေတ်ပေါ်နည်လမ်းများ။

အပေါ်မှာဖော်ပြခဲ့တဲ့ ရိုးရာနည်းလမ်းတွေအပြင် တခြား ခေတ်ပေါ်နည်းလမ်းတွေနဲ့လဲ အပူရှုပ်တာကိုကာကွယ်နိုင်ပါသေးတယ်။ အပူဒဏ်ကာကွယ်နိုင်တဲံ ပစ္စည်းတွေကိုတော့ နေ့စဥ်သုံးပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာသာမက ယန်း ၁၀၀ တန်ဆိုင်တွေမှာပါ ဝယ်ယူရရှိနိုင်ပါတယ်။ 

ရှပ်အင်္ကျီဖြန်း‌ဆေး

ဓာတ်ပုံ - PR Times

ရှပ်အင်္ကျီဖြန်း‌ဆေးဆိုတာကတော့ ဒီဖြန်းဆေးနဲ့ အင်္ကျီဖြန်းလိုက်ရင် မိနစ် ၃၀ ခန့် အေးမြနေစေမှာဖြစ်ပါတယ်။ တံဆိပ် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်တိုင်ကြိုက်သလိုရွေးချယ်နိုင်ပါတယ်။ သွားလေရာကိုင်ဆောင်သွားနိုင်တဲ့ ဖြန်းဆေးဗူးနေတွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ ပူလာတိုင်း ဖြန်းနိုင်ပါတယ်။ 

အေးမြစေတဲ့ အထုပ်များ

ဓာတ်ပုံ - PR Times

Cool Wipesနှင့် Cool Sheet တွေကလဲ အပူဒဏ်ကို ကာကွယ်နိုင်တဲ့ အရာတစ်ခုဖြစ်ပြီးတော့  冷却シート (Reikyaku Shi-to) or 冷シート (Hiya Shi-to) အစသဖြင့် ဂျပန်လို အသီးသီခေါ်ကြပါတယ်။ အပူကိုသက်သာစေပြီးတော့ နွေရာသီရောက်ရင် ရှာပြီးဝယ်ရလွယ်ကူပါတယ်။ တံဆိပ်အမျိုးမျိုးရှိတဲ့ အတွက်ကြောင့်မိုလို့ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ 

ခန္ဓာကိုယ်ဖြန်းဆေး

“冷感ボディミスト (Reikan Bodi Misuto)”လို့ခေါ်တဲ့ ခန္ဓာကိုယ်ဖြန်းဆေးကလဲ နွေရာသီမှာ အရမ်းကိုအသုံးဝင်ပါတယ်။ အပေါ်က အင်္ကျီကိုဖြန်းတဲ့ ဖြန်းဆေးနဲ့ မတူဘဲနဲ့ တိုက်ရိုက် ခန္ဓာကိုယ်ကို ဖြန်းနိုင်ပါတယ်။ နေရာတိုင်းသယ်ဆောင်နိုင်တဲ့ အတွက်ကြောင့်မို့လို့ အလုပ်၊ ခရိးသွားတို့အတွက် အရမ်းကိုသင့်တော်ပါတယ်။ 

မျက်စီအေး မျက်လုံးကာများ

ဓာတ်ပုံ - PR Times

Hot eye mask တွေကတော့ ဆောင်းရာသီမှာ Cold Eye Mask တွေကိုတော့ နွေရာသီမှာ အသီးသီး ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ထုတ်လုပ်လေ့ရှိကြပါတယ်။ နောက်ပြီးတော့ တံဆိပ်တွေလဲ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ကြိုက်နှစ်သက်ရာ အမျိုးအစားကိုရွေးချယ်ပြီးဝယ်ယူနိုင်ပါတယ်။ 

လက်ကိုင် ပန်ကာများ 

လက်ကိုင်ပန်ကာတွေကတော့ မြန်မာနိုင်ငံမှာလဲ နာမည်ကြီးတဲ့ အရာတွေဖြစ်ပြီးတော့ 携帯扇風機 (Keitai Senpuuki) လို့ ဂျပန်လိုခေါ်ကြပါတယ်။ နွေရာသီကိုရောက်လာတာနဲ့ နေရာတိုင်းအလိုလို ဒီလက်ကိုင်ပန်ကာလေးတွေကိုတွေ့ရတတ်ပြီးတော့ လူနေသုံးပစ္စည်းအရောင်းဆိုင်နှင့် ယန်း ၁၀၀ တန်ဆိုင်တွေမှာ တွေမှာ ဝယ်ယူနိုင်ပါတယ်။

နွေရာသီဆောင်းထီး

日傘 (Higasa) လို့ခေါ်တဲ့ နွေရာသီမှာဆောင်းတဲ့ထီးကလဲ ဂျပန်ရဲ့ နွေရာသီမှာ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နွေရာသီရောက်ရင် လူတိုင်းနီးပါး နွေရာသီသုံးထီးတွေကို သယ်သွားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီထီးတွေကတော့ နေရာင်ခြည်မှာပါဝင်တဲ့ UV တွေကိုကာကွယ်ပေးပြီး အပူဒဏ်ကိုလဲ သက်သာစေတဲ့ အတွက်ကြောင့်မို့လို့ ‌ဆောင်ထားသင့်တဲ့ အရာဖြစ်ပါတယ်။

လည်ပင်းပတ် အေးချောင်းများ

ဓာတ်ပုံ - PR Times

လည်ပင်မှာပတ်ထားလို့ရတဲ့အချောင်းတွေကိုတော့ နေရာတိုင်းမှာဝယ်ယူနိုင်ပြီးတော့ 28°C အထိ အေးစေပြီးတော့ နွေရာသီမှာ အပူဒဏ်ကိုသက်သာစေပါတယ်။ ‌နွေရာသီ အပြင်ရောက်တဲ့ အချိန်မှာ အရမ်းကိုအဆင်ပြေစေတဲ့ အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရမ်းကိုအဆင်ပြေပါတယ်။ 

အအေးလည်ပတ်များ

ဓာတ်ပုံ - PR Times

クールタオル (Ku-ru Taoru) လို့ခေါ်တဲ့ အအေးလည်ပတ်တွေကတော့ ပုံစံ အမျိုးမျိုးနဲ့တွေ့နိုင်ပါတယ်။ တာဝါ၊ လည်ပတ်၊ အစသဖြင့် အမျိုးမျိုးရှိပါတယ်။ ကုန်ကြမ်းပစ္စည်းကိုတော့ အသုံးပြုထားတဲ့ အတွက်ကြောင့် ကြိုက်တဲ့ ပုံစံနဲ့ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အရမ်းပူပြင်းတဲ့ နွေရာသီကြီးမှာတောင် အေးစေမှာဖြစ်ပါတယ်.

ဝတ်ဆင်လို့ရတဲ့ အဲယားကွန်း 

Wearable air conditioning (着るエアコン、Kiru Eakoon) ကတော့ ဂျပန်မှာသာရရှိတဲ့ ဝတ်ဆင်လို့ရတဲ့ အဲယားကွန်းဖြစ်ပြီးတော့နောက်ပြီးတော့ ဒီဇိုင်းတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ ပုံစံအမျိုးမျိုးရှိပါတယ်။

အကျဥ်းချုပ် 

ဂျပန်မှာတော့ နွေရာသီရောက်တာနဲ့ အပူရှုပ်တဲ့ရောဂါကတော့ တော်တ်ောဆိုးဝါးပြီးတော့ ကြိုတင်ကာကွယ်မှုနဲ့ ကုသမှုတွေကိုထိထိရောက်ရောက်လုပ်ဖို့လိုအပ်ပါတယ်။ နွေရာသီရောက်တာနဲ့ ဂျပန်မှာတော့ 熱帯夜 (Nettaiya) လို့ခေါ်တဲ့ စကားလုံးရှိပြီးတော့ ပူပြင်းပြီးတော့ အိပ်လို့အဆင်မပြေတဲ့ညတွေလို့ဆိုလိုပါတယ်။ ဒီလောက်ပူနေတဲ့ အတွက်ကြောင့်မို့လို့ သေချာဂရုစိုက်ဖို့လိုပါတယ်။ 

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်နေထိုင်မှုဘဝ/ ဆေးနှင့်ပတ်သက်သော/ကျန်းမာရေး/အာမခံ/ ဂျပန်နွေရာသီရောက်လာတာနဲ့ အဖြစ်များတဲ့ အပူရှုပ်တဲ့ရောဂါ (熱中症) ကိုဘယ်လို ကာကွယ်ကြမလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ