ဂျပန်မှာ လူကြိုက်များတဲ့ Set အလိုက် အစားစာများနှင့် နာမည်ကြီးတဲ့ ဆိုင်များ။

ဂျပန်နိုင်ငံမှာတော့ နေရာတိုင်းအလိုလိုမှာ Set အလိုက် စားသုံးနိုင်တဲ့ ဆိုင်တွေကို အများကြီးတွေ့ရှိရနိုင်ပါတယ်။ Set အလိုက် အစားစာတွေကတော့ စျေးသက်သာတဲ့ အပြင် ကျန်းမာရေးနဲ့ လိုက်ညီညွှတ်တဲ့ အတွက်ကြောင့်မို့လို့ လူကြိုက်များကြပါတယ်။ ဒီနေ့မှာတော့ ဒီလို Set အလိုက် မီနူးတွေအကြောင်းနှင့် နာမည်ကြီးတဲ့ ဆိုင်တွေအကြောင်းကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

မာတိကာ 

  1. 定食 (Teishoku) ဆိုတာဘာလဲ။
  2. 定食 (Teishoku) ဆိုင်တွေမှာ သိထားရမယ့် အရာများနှင့် တွေ့ရများတဲ့ ဂျပန်စကားများ။
  3. ဂျပန်မှာနာမည်ကြီးပြီးတော့ စျေးသက်သာတဲ့ 定食 (Teishoku) ဆိုင်များ။

定食 (Teishoku) ဆိုတာဘာလဲ။

○○定食 (Teishoku) ဆိုတာကတော့ Set အလိုက် ဂျပန်ရိုးရာ အစားအသောက်ကို

ဆိုလိုတာဖြစ်ပြီးတော့ 一汁一菜 ichiju-issai ဆိုတဲ့ ထမင်း၊ အဓိကဟင်းတခွက်နှင့် တို့စရာ၊ အရည် ဆိုတဲ့ အချက်ကို အခြေခံထားပါတယ်။ အများအားဖြင့် 定食屋 (Teishokuya) သို့မဟုတ်食堂 (Shokudō) လို့ရေးထားတဲ့ဆိုင်တွေမှာ Teishoku ရနိုင်ပါတယ်။

定食 (Teishoku) ကိုတော့ပုံမှန် မိသားစုစားသောက်ဆိုင်တွေမှာလဲ ရရှိနိုင်သလို၊ 定食 (Teishoku) သီးသန့်ရောင်းချတဲ့ ဆိုင်တွေကိုလဲ တွေ့နိုင်ပါတယ်။ တချို့နေရာတွေမှာတော့ ဒေသတွင်းမှာပဲ တစ်နိုင်တစ်ပိုင် 定食 (Teishoku) ဆိုင်တွေလဲ ရှိသလို၊ မြို့ကြီးပြကြီးတွေအပြင် နေရာအနှံ့မှာ ဆိုင်ခွဲတွေ အများကြီးရှိတဲ့ 定食 (Teishoku) ဆိုင်တွေကိုလဲတွေ့နိုင်ပါတယ်။ 定食 (Teishoku) ကတော့ အဆင်ပြေပြီးတော့ ကျန်းမာရေးနဲ့လဲ ညီညွှတ်တဲ့အတွက်ကြောင့် ကလေးကနေ လူကြီးအထိ လူကြိုက်များလေ့ရှိပါတယ်။ နောက်ပြီးတော့ အိမ်ချက် ဟင်းထမင်းပိုပြီးဆန်တဲ့ အတွက်ကြောင့်မို့လို့ နွေးထွေးမှုကိုလဲ ခံစားရပါတယ်။ 

စာရေးသူရွေးချယ်သောဆောင်းပါး

定食 (Teishoku) ဆိုင်တွေမှာ သိထားရမယ့် အရာများနှင့် တွေ့ရများတဲ့ ဂျပန်စကားများ။

 

定食 (Teishoku) မီနူးများ။

 

定食 (Teishoku) အများကြီးရှိနိုင်ပေမယ့် အတွေ့များတဲ့ မီနူးတွေကတော့ 

  1. tonkatsu teishoku -とんかつ定食 - ဝက်သားကြွတ်ကြော် 
  2. yakizakana teishoku - 焼き魚定食 - ကားကင် 
  3. tempura teishoku - 天ぷら定食 - အကြော်စုံ 

အစရှိတဲ့ မီနုးတွေကတော့ အများဆုံးတွေ့ရနိုင်ပါတယ်။ ဒီမီနုးတွေအပြင် တခြားမီနူးတွေလဲ အများကြီးကိုတွေ့နိုင်ပါတယ်။ teishoku လို့ပြောလိုက်တာနဲ့ အဓိဟင်း၊ ထမင်း၊ အချဉ်၊ ဟင်းရည် ဆိုပြီးတော့ တွေ့နိုင်ပါတယ်။ တချို့ဆိုင်တွေမှာတော့ အရွယ်အစားတွေကိုလဲ ရွေးချယ်နိုင်ပါတယ်။ တချို့ဆိုင်တွေကလဲ ထမင်းအလိုက်ပွဲကို အခမဲ့လိုက်ပေးတာမျိုးတွေလဲ ရှိပါတယ်။ ဒီလိုအချက်တွေ ကိုနားလည်နိုင်ဖို့အတွက် အောက်ပါ ဂျပန်စကားလုံကိုတော့ ကြည့်လိုက်ကြရအောင်။ 

定食 (Teishoku) ဆိုင်တွေမှာတွေ့ရများတဲ့ စကားလုံးများ။

  1. ごはんおかわり無料 (Gohan okawarimuryō) ထမင်း အလိုက် အခမဲ့။
  2. 大盛 (Ōmori) ပွဲအကြီး
  3. 並 (Nami) ပုံမှန်
  4. 普通 (Futsuu) ပုံမှန်
  5. 単品 (Tanpin) တစ်ပွဲချင်း

တချို့ဆိုင်တွေမှာတော့ ပမာဏကို တိုးပြီးမှာလို့လဲရပါတယ်။ 

  1. 増量(Zōryō)ပမာဏတိုးခြင်း

ဂျပန်မှာနာမည်ကြီးပြီးတော့ စျေးသက်သာတဲ့ 定食 (Teishoku) ဆိုင်များ။

ဆက်ပြီးတော့ 定食 (Teishoku) နာမည်ကြီးတဲ့ဆိုင်တွေကို ဖော်ပြလိုက်ပါတယ်။ ဒီဆိုင်တွေကတော့ နာမည်ကြီးပြီးတော့ နေရာတိုင်းနီးပါးမှာရှိတဲ့ အတွက်ကြောင့် ဝယ်ရတာလဲ လွယ်ကူပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာတော့ ၂၄ နာရီ စလုံးဖွင့်တဲ့ ဆိုင်တွေလဲရှိပါတယ်။ 

吉野家 - Yoshinoya

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by 吉野家 (@yoshinoya_co_jp)

Yoshinoya ကတော့ အမဲသားထမင်းကိုအဓိကထားပြီးတော့ တခြားမီနူးတွေ အများကြီးဝယ်ယူနိုင်တဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ စျေးသက်သာပြီးတော့ နေရာတိုင်းနီးပါးမှာ စားသောက်ဝယ်ယူနိုင်တာကလဲ ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ မနက်အစောကြီးကတည်းက ဖွင့်တဲ့ အတွက်ကြောင့်မို့လို့ မနက်စာအနေနဲ့လဲ အဆင်ပြေပါတယ်။ 

なか卯 - Nakau

Nakau ကတော့ ဇလုံထမင်း၊ Udon၊ ခေါက်ဆွဲ တို့ကို အစပြုပြီးတော့ ရောင်းတဲ့ ဆိုင်ဖြစ်ပါတယ်။ မနက်စာအနေနဲ့လဲ စားနိုင်ပြီးတော့ နိုင်ငံ တဝှမ်းလုံးမှာ ဆိုင်ခွဲတွေရှိပါတယ်။ 24နာရီလုံး ဖွင့်တဲ့ ဆိုင်တွေလဲရှိတဲ့ အတွက်ကြောင့်မို့လို့ လွယ်လွယ်ကူကူစားနိုင်တဲ့ ဆိုင်လဲ ဖြစ်ပါတယ်။

やよい軒 - Yayoiken

Yayoiken ကတော့ Set အလိုက် စားသောက်ဆိုင်ဖြစ်ပြီးတော့ မီနူးတွေလဲအများကြီးရှိပါတယ်။ ဆိုင်ခွဲတွေလဲ အများကြီးရှိပြီးတော့ထမင်းအလိုက်ပွဲကိုအခမဲ့နဲ့ရယူနိုင်တဲ့အချက်ကလဲလူကြိုက်များပါတယ်။ ၂၄ နာရီစလုံးဖွင့်တဲ့ဆိုင်တော့မဟုတ်ပါဘူး။

かつや - Katsuya

Katsuya ကလဲ နာမည်အတိုင်း Katsu ကိုအဓိကထားပြီးတော့ ရောင်းချတဲ့ ဆိုင်ဖြစ်ပြီးတယ်။ မီနူးတွေလဲ အစုံအလင်ရှိပြီး ကြက်သား၊ဝက်သား၊ငါး၊ပုဇွန် အစသဖြင့် ရှိပါတယ်။ နိုင်ငံတဝှမ်းမှာ ဆိုင်ခွဲတွေရှိပြီးတော့ ည ၁၁ နာရီလောက်အထိ ဆိုင်ကိုဖွင့်လှစ်ထားလေ့ရှိပါတယ်။ စျေးလဲ သက်သာပြီးတော့ နေရာတိုင်းနီးရာမှာအလွယ်တကူစားနိုင်ပါတယ်။

すき家 - Sukiya

Sukiya ကတော့ ကာရေနှင့် အမဲသားထမင်းတို့ကိုအစပြုပြီးတော့ တခြားမီနူးတွေ နာမည်ကြီးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းမှာ ဆိုင်ခွဲ အများဆုံးဆိုင်ဖြစ်ပြီးတော့ 24 နာရီစလုံးဖွင့်လှစ်ထားတဲ့ ဆိုင်တွေလဲရှိပါတယ်။ စျေးလဲ သက်သာပြီးတော့ မြန်ဆန်တဲ့ အတွက်ကြောင့်မို့လို့ လူသိများတဲ့ ဆိုင်လဲဖြစ်ပါတယ်။

松屋 - Matsuya

Matsuya ကလဲ Sukiya, Yoshinoya တို့နဲ့ အတူတူ ဇလုံထမင်းကိုအဓိကထားရောင်းတဲ့ ဆိုင်ဖြစ်ပါတယ်။ တခြားမီနူးတွေလဲ ပေါများလှပြီးတော့ နိုင်ငံတဝှမ်းမှာလဲ ဆိုင်ခွဲတွေကို တွေ့မြင်နိုင်ပါတယ်။ ဆိုင်အများစုကတော့ 24နာရီလုံးဖွင့်လှစ်ထားတဲ့ အတွက်ကြောင့်မို့လို့ ဝယ်ယူစားသုံးရတာကလဲ လွယ်ကူပါတယ်။

ဒီ၆ ဆိုင်ကတော့ ဂျပန်မှာနာမည်ကြီး လူကြိုက်များပြီး‌စျေးသက်သာတဲ့ ဆိုင်တွေဖြစ်ပါတယ်။ ဒီဆိုင်တွေ အပြင် တခြားဆိုင်တွေလဲရှိတဲ့ အတွက်ကြောင့် လိုက်ကြည့်ကြည့်ပါ။ 

ပြည်ပ စားသောက်ဆိုင်များ။

ဂျပန်ရိုးရာ အစားစာမဟုတ်ပေမယ့် ပြည်ပက နိုင်ငံတကာ နာမည်ကြီးစားသောက်ဆိုင်တွေလဲ အများကြီးရှိပါတယ်။ ဒီစားသောက်ဆိုင်တွေမှာတော့ Set အလိုက် ရောင်းတာတွေလဲရှိပါတယ်။

ဒီနေရာမှာတော့ ထိုင်း၊ တရုတ်နှင့် အီတလီ စားသောက်ဆိုင်တွေ အကြောင်းကိုဖော်ပြပေးသွားပါ့မယ်။ နောက်ပြီးတော့ ဒီလိုဆိုင်တွေကတော့ ‌စျေးသက်သာတဲ့အတွက်ကြောင့်မိုလို့ ဝယ်ရတာသက်သာပါတယ်။

Saizeriya - サイゼリヤ

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Saizeriya_ (@saizeriya_)

Saizeriya ကတော့ အီတလီစား‌သောက်ဆိုင်ဖြစ်ပြီးတော့ ဂျပန်ရိုးရာ 定食 (Teishoku) နဲ့ နည်းနည်းကွာခြားပေးမယ့် စျေးသက်သာတဲ့ ဆိုင်ဖြစ်ပါတယ်။ Saize လို့လဲ အတိုကောက်ခေါ်လေ့ရှိကြပြီးတော့ အီတလီအစားစာဖြစ်တဲ့ ပီဇာကနေစပြီးတော့ တခြားအီတလီအစားအသောက်တွေကိုလဲ စားသုံးနိုင်ပါတယ်။ လူကြီးကနေ ကလေးအထိ အသက်အရွယ်အရွေးလူကြိုက်များတဲ့ ဆိုင်လဲဖြစ်ပါတယ်။

Gyoza no ooshou - 餃子の王将

တရုတ်ရိုးရာ အစားအသောက်တွေကြိုက်တယ်ဆိုရင်တော့ Gyoza no ooshou ကတော့ အရမ်းကိုကောင်းပြီးတော့ စျေးသက်သာတဲ့ ဆိုင်ဖြစ်ပြီးတော့ ဆိုင်မှာတော့တရုတ်ရိုးရာ အစားအသောက်တွေကို ပေါပေါများများဝယ်ယူစားသောက်နိုင်ပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာ ပိုပြီးတော့ ဆိုင်ခွဲတွေ ပိုများပေမယ့် နိုင်ငံ အနှံ့မှာ ဆိုင်ခွဲတွေ ရှိပါတယ်။ 

Mango Tree - マンゴツリー

နောက်တစ်ခုကတော့ ထိုင်းအစားအသောက်ဖြစ်တဲ့ Mango Tree ကတော့ ဆိုင်ခွဲတွေ များတဲ့ ဆိုင်ဖြစ်ပြီးတော့ Set အလိုက်မီနူးတွေလဲရရှိနိုင်ပါတယ်။ အဓိက အားဖြင့် တိုကျိုမှာတွေ့ရများတဲ့ ဆိုင်ဖြစ်ပြီးပါတယ်။ ထိုင်းအစားစာစားချင်ရင်တော့ ဒီဆိုင်လေးမှာ စျေးနှုန်း သက်သာစွာ စားသောက်နိုင်ပါတယ်။

စာရေးသူ

Hein
မင်္ဂလာပါ။ Wexpats မှာ ဂျပန်စာ၊ ဂျပန်နိုင်ငံ၊ ဂျပန်ယဥ်ကျေးမှု အကြောင်းတွေကိုတင်ဆက်ရေးသားနေတဲ့ ဟိန်းပါ။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย

FACEBOOK

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းများနှင့်အသုံးဝင်မည့်အချက်အလက်များကိုတင်ဆက်ပေးပါမည်။ ဂျပန်နိုင်ငံသို့ မရောက်မီ ကျွန်ုပ်တို့pageကိုFollowလုပ်ပါ

TOP/ ဂျပန်နေထိုင်မှုဘဝ/ အစားအသောက်နှင့်ဈေးဝယ်ထွက်ခြင်း/ ဂျပန်မှာ လူကြိုက်များတဲ့ Set အလိုက် အစားစာများနှင့် နာမည်ကြီးတဲ့ ဆိုင်များ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ