ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေကြသော သူများအားလုံး ၊လခစားဝန်ထမ်းများဟာနှစ်ကုန်စာရင်းရှင်းတမ်း အတွက်နှစ်တစ်နှစ်၏၁လပိုင်းမှ၁၂လပိုင်းအတွင်းရရှိထားသောမိမိ၏တစ်နှစ်စာဝင်ငွေလစာ၊အချိန်ပိုကြေး၊Bonusစသည်စုစုပေါင်းကိုဦးစွာတွက်ချက်ပါတယ်။ဂျပန်မှာနှစ်တစ်နှစ်ရဲ့အကုန်မှာအခွန်တွေနဲ့ပတ်သက်ပြီးပြုလုပ်ရတဲ့စာရင်းဖြစ်ပါတယ်။ဂျပန်မှာအချိန်ပိုင်းအလုပ်သမား၊အမြဲတမ်းဝန်ထမ်းအစရှိသဖြင့်အခွန်ဆောင်ရတဲ့သူမှန်သမျှနှစ်ကုန်စာရင်းကိုဆောင်ရွက်ရပါတယ်။နိုင်ငံခြားသားများအဖို့အခွန်သေချာမဆောင်ထားဘူးဆိုရင်ဗီဇာတိုးတဲ့အခါအခက်အခဲရှိနိုင်ပါတယ်။
နှစ်ကုန်အခွန်စရင်းထဲမှပါဝင်တဲ့အခွန်များ
မိမိ၏ တစ်နှစ်စာဝင်ငွေအပေါ်မူတည်၍ အမှန်တကယ်ပေးဆောင်ရမည့် 所得税(しょとくぜい)ဝင်ငွေခွန်ပမာဏထွက်ရှိလာပါမည်။ အဆိုပါ အမှန်တကယ်ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့်နှိုင်းယှဉ်၍ မိမိလစာထဲမှ ကုမ္ပဏီကလစဉ်နှုတ်ယူထားသော 所得税(しょとくぜい) ပမာဏက ပိုများနေပါလျှင် နှစ်ကုန်စာရင်းရှင်းတမ်း 年末調整(ねんまつちょうせい)အပြီးတွင် မိမိလစာထဲသို့ ပိုငွေကို ပြန်ပေါင်းထည့်ပေးပါသည်။ မိမိလစဉ်ဆောင်ထားသော 所得税(しょとくぜい)ပမာဏနည်းနေခဲ့ပါကလစာထဲမှ ပြန်လည်နှုတ်ယူသွားပါမည်။ လစာအနည်းအများအပေါ်မူတည်ပြီးအခွန်ဆောင်ရတဲ့ပမာဏကွာခြားပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
ဝင်ငွေခွန် ကင်းလွတ်ခွင့်ရနိုင်သော အကြောင်းအရာများ
မှီခိုသူရှိသည့်အတွက် 所得税(しょとくぜい)ဝင်ငွေခွန်ကင်းလွတ်ခွင့်လျှောက်နည်းနဲ့ပက်သက်ပြီးမိမိနှင့်အတူဂျပန်နိုင်ငံတွင်နေထိုင်နေသည့်မိသားစုဝင်၏ ဝင်ငွေပေါ်မူတည်၍ 所得税(しょとくぜい)အထူးအစီရင်ခံလျှောက်လွှာ၊ကုမ္ပဏီလစာ၊Bonus များမှ လူမှုဖူလုံရေးအာမခံကြေး ဖြတ်တောက်ငွေပမာ အချက်အလက်များ၊ဝန်ထမ်းများအသက်အာမခံ၊မီးအာမခံစသည့်အာမခံကြေးနှုတ်ယူခြင်းအထောက်အထားစာရွက်စာတမ်းများ၊လစာ၊Bonusအပြင်အခြားပေးဆောင်ထားသည့်လူမှုရေးအာမခံအတွက်အာမခံကြေးနှုတ်ယူခြင်းအထောက်အထားစာရွက်စာတမ်းများ၊အိမ်ချေးငွေရှိပါက ချေးငွေအရစ်ကျပေးဆောင်နေရကြောင်း အထောက်အထားများနဲ့ မိမိနှင့်ကိုက်ညီသောအချက်ရှိပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပါတယ်။
အခွန်ကင်းလွတ်ခွင့်ရနိုင်သောနောက်ထပ်အကြောင်းအရာများ
မိမိ၏လစာအပေါ်မှီခိုသူရှိပါက မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲလုပ်ငန်းများမှ ငွေလွှဲထားသည့် သူများသည် မိမိအိမ်ထောင်စုစာရင်းဝင် ဘယ်နှစ်ယောက်ကို လွှဲထားပါသည်ဆိုသည့် 送金明細(そうきんめいさい)ငွေလွှဲထားသော List ကို ပြသနိုင်ရန်လိုပါသည်။မိမိအသုံးပြုနေသော ငွေလွှဲလုပ်ငန်းများ (ဥပမာ-SBI Remit ၊ Seven Banking တို့လို တရားဝင်ငွေလွှဲလုပ်ငန်းများ) မှာ ဆက်သွယ်တောင်းဆိုနိုင်ပါသည်။မှီခိုသူအနည်းဆုံး ၃ဦးရှိပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်တော်တော်များများရနိုင်ခြေရှိပါတယ်။သဘောအားဖြင့်မိမိအိမ်ထောင်စုစာရင်းထဲတွင်ပါဝင်သော မိသားစုဝင် ၃ဦး ကို ၁နှစ်အတွင်း ၁ဦးကို အနည်းဆုံး၁ကြိမ်ငွေပို့ထားကြောင်းအထောက်အထားပြနိုင်ရန်လိုပါသည်။ ဂျပန်နိုင်ငံတွင်မိမိနှင့်အတူနေထိုင်သည့် မိသားစုဝင်ရှိပါကအစီရင်ခံစာတင်ခြင်းဖြင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်ရနိုင်ပါသည်။ မိမိ၏ အိမ်ထောင်ဘက်၊ ကလေး၊ မိဘ စသည်ဖြင့် မိသားစုနှင့်အတူနေထိုင်ပါက မိမိနှင့်အတူနေထိုင်သူ၏ ဝင်ငွေအပေါ်မူတည်၍ လျှောက်ထားနိုင်ပါသည်။
ဂျပန်မှာအလုပ်လုပ်မယ်ဆိုရင် လစာဘယ်လောက်ရနိုင်မလဲ(Japanese salary)
ဂျပန်မှာနေထိုင်၊ အလုပ်လုပ်ကိုင်မယ်ဆိုရင် မဖြစ်မနေပေးရမည့်အခွန်များ