ကာမကုရဘုရားနဲ့အင်နိုရှီမားကျွန်းသို့သွားရောက်ခြင်း(The Great Buddha of Kamakura and Enoshima in Japan )

ကာမကုရဘုရားဟာဂျပန်မှာတန်ခိုးကြီးနာမည်ကြီးဘုရားတစ်ဆူဖြစ်ပါတယ်။နိုင်ငံခြားသားများနှင့်ဂျပန်လူမျိုးများလာရောက်ဖူးမြော်ကြပါတယ်။အထူးသဖြင့်မြန်မာလူမျိုးများလာရောက်ဖူးမြော်ကြပါတယ်။ဆုတောင်းပြည့်ဘုရားတစ်ဆူဖြစ်ပါတယ်။ဘုရားကြီးကို၁၂၃၈ခုနှစ်တွင်စတင်တည်ထားကိုးကွယ်ခဲ့ပြီး၊သစ်သားဖြင့်စတင်ပြုလုပ်ခဲ့ပါတယ်။တိုကျိုကရထားနဲ့သွားမယ်ဆိုရင်တစ်နာရီအထက်ကြာမြင့်မှာဖြစ်ပါတယ်။ဘုရားသို့သွားမယ်ဆိုရင်မနက်စောစောသွားသွင့်ပါတယ်။ခရီးသွားများအနေနဲ့ဘုရားသို့တစ်ကြိမ်ဖူးခွင့်ရရှိလျှင်နောက်တစ်ကြိမ်လာရောက်ဖူးမြော်ခွင့်ရရှိတယ်တယ်လို့အဆိုရှိပါတယ်။နောက်တစ်ခုကဘုရားဆင်းတုတော်လက်ဆောင်ရရှိလျှင်တစ်ကြိမ်တစ်ခါဂျပန်ကိုသွားရောက်ရပြီး၊ဘုရားကိုဖူးမြော်ခွင့်ရရှိနိုင်တယ်လို့အဆိုရှိပါတယ်။ကာမကုရဘုရားကအမြဲဘုရားဖူးများနဲ့ပြည့်နှက်နေပြီး၊အပြန်တွင်အင်နိုရှီမားကျွန်းကိုလည်းသွားရောက်လည်ပတ်လို့ရမှာပါ။

ကာမကုရဘုရားသမိုင်း

ဘုရားကို၁၂၃၈ခုနှစ်မတ်လတွင်စတင်တည်ထားခဲ့ပြီး၅နှစ်ကြာပြီးနောက်၁၂၄၃ခုနှစ်ဇွန်လ၁၁ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ထိုစဥ်အခါကဘုရားကိုသစ်သားဖြင့်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။၄နှစ်အကြာ၁၂၄၇ခုနှစ်တွင်ဘုရားကမုန်တိုင်းဒဏ်ကြောင့်ပျက်စီးပြိုလဲခဲ့ပြီး၊၁၂၅၂ခုနှစ်မှာကြေးဘုရားအဖြစ်ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါတယ်။ဘုရားကြီးကိုမုန်တိုင်းဒဏ်မှကာကွယ်နိုင်ရန်အမိုးအကာများပြုလုပ်ခဲ့သော်လည်းပြုလုပ်လို့မရဘဲကြေးသွန်းဘုရားကြီးပုံမှန်အတိုင်းတည်ထားကိုးကွယ်ခဲ့ပါတယ်။ဘုရားရဲ့တည်နေရာကတော့ခနခဝါခရိုင်မှာတည်ရှိပြီးတော့တိုကျိုအနီးတဝိုက်ကသွားမယ်ဆိုရင်တစ်နာရီအထက်ကြာမြင့်မှာဖြစ်ပါတယ်။ပုံမှန်ဘုရားကိုဖူးမြော်နိုင်တဲ့အချိန်တွေကတော့မနက်၈နာရီကနေညနေ၅နာရီအထိဖွင့်လှစ်ပေးထားပါတယ်။ဘုရားဝမ်းဗိုက်အထိဝင်ရောက်ဖူးမြော်လို့ရပြီးအချိန်ကတော့၈နာရီကနေညနေ၄နာရီအထိဖူးမြော်လို့ရပါတယ်။ဘုရားဘူတာကနေလာတဲ့လမ်းတလျှောက်စားသောက်စရာဆိုင်များ၊လက်ဆောင်ပစ္စည်းများဝယ်လို့ရတဲ့အတွက်ကြည်နူးပြီးပျော်ရွင်စရာကောင်းလှပါတယ်။

အင်နိုရှီမာကျွန်းသို့သွားရောက်ခြင်း

ကာမကုရဘုရားကနေအင်နိုရှီမာကျွန်းကိုနာရီဝက်လောက်နီးပါးသွားရမှာဖြစ်ပါတယ်။သွားတဲ့လမ်းတလျှောက်ရထားပေါ်မှကြည့်ရတဲ့ရှုခင်းများကလည်းစိတ်အပန်းဖြေစေပါတယ်။ကာမကူရဘုရားရဲ့ဘူတာကနေရထားစီးရမှာဖြစ်ပါတယ်။အင်နိုရှီမာဘူတာရောက်ရင်ဆင်းပြီးလမ်းလျှောက်ပြီးသွားရင်ကြားထဲမှာအင်နိုရှီမာရဲ့ပင်လယ်ကမ်းစပ်ရှိပါမယ်။နွေရာသီဆိုရင်မိသားစုတွေ၊လာရောက်လည်ပတ်သူတွေနဲ့စည်းကမ်းပါတယ်။ဘုရားကိုသွားပြီးအပြန်အင်နိုရှီမာရဲ့ပင်လယ်ကမ်းစပ်ကိုလာရောက်ပြီးပျော်ရွင်စွာဆော့ကစားကြပါတယ်။အဲကနေ၁၅မိနစ်လောက်လမ်းလျှောက်မယ်ဆိုရင်အင်နိုရှီမာကျွန်းသို့ရောက်ပါတယ်။ကျွန်းရဲ့အောက်ခြေမှာစားသောက်ဆိုင်၊လက်ဆောင်ပစ္စည်းနဲ့အခြားအသုံးအဆောင်ပစ္စည်းများရှိပါတယ်။စားသောက်ဆိုင်များမှာပင်လယ်စာလတ်လတ်ဆတ်ဆတ်ရရှိနိုင်ပြီးတောင်ပေါ်ရောက်ဖို့ခြေလျှင်တက်မယ်ဆိုရင်မိနစ်၂၀အထက်ကြာမြင့်မှာဖြစ်ပါတယ်။တောင်ပေါ်ရောက်ဖို့စီးစရာများရှိတဲ့အတွက်အဆင်ပြေလှပါတယ်။တောင်ပေါ်မှာအဆောက်အဦးလေးများဆောက်လုပ်ထားပြီးတောင်ပေါ်မှကြည့်ရတဲ့မြင်ကွင်းကလည်းအရမ်းလှပလွန်းပါတယ်။ဆောင်းရာသီအချိန်အခါမျိုးမှာလှပတဲ့အလူးမီနီရှင်းများပြုလုပ်ထားပြီးလာရောက်လည်ပတ်တဲ့ခရီးသွားများကိုဆွဲဆောင်ထားလှပါတယ်။

အခြားလည်ပတ်လို့ရမယ့်နေရာများ

ကမ္ဘာလှည့်ခရီးသွားများနဲ့ဂျပန်လူမျိုးများပါမကြာခဏလာရောက်လည်ပတ်ကြပါတယ်။ဘုရားနဲ့အင်နိုရှီမာကျွန်းအပြင်အနီးပတ်ဝန်းကျင်မှာလည်းလည်ပတ်စရာအများကြီးရှိပါတယ်။ဘုရားနဲ့အင်နိုရှီမာကျွန်းရဲ့ကြားဘူတာတွေမှာဆင်းပြီးရင်အခြားသွားစရာဘုရားကျောင်းများနဲ့စိတ်အပန်းဖြေစရာရှုခင်းများစွာရှိပါတယ်။ရထားပေါ်မှကြည့်ရတဲ့မြင်ကွင်းကလည်းအလွန်လှပပါတယ်။ဒေသထွက်လတ်ဆက်တဲ့ပင်လယ်စာစားစရာများကလည်းအရသာရှိပါတယ်။ချစ်သူရည်းစားများအတွက်လှပတဲ့ရှုခင်းများကြည့်လို့ရအောင်နေရာလေးများသတ်မှတ်ပေးထားတဲ့နေရာကလည်းအလွန်လှပပါတယ်။မိသားစုများအတွက်ငါးပြတိုက်များနဲ့ငါးအလှပြပွဲများကိုလည်းလည်ပတ်လို့ရနိုင်ပါတယ်။စားသောက်စရာများဆိုင်များနဲ့လက်ဆောင်ပစ္စည်းများဝယ်တဲ့ဆိုင်များနဲ့လည်းစည်းကားလှပါတယ်။အင်နိုရှီမာကျွန်းရဲ့တောင်ပေါ်မှာလည်းပန်းပင်တွေအများကြီးစိုက်ပျိုးထားပြီး၊ညဘက်မီးအလှဆင်များကိုပြုလုပ်ခြင်းကအလွန်လှပပါတယ်။တစ်ခါလောက်သွားရောက်လည်ပတ်သင့်ပါတယ်။

ဂျပန်ခရီးသွားမယ်ဆိုရင်သိထားသင့်သောအရာများ(Japan Travel)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ခရီးသွား/ ရည်ရွယ်ထားသောနေရာနှင့် အစီအစဉ်/ ကာမကုရဘုရားနဲ့အင်နိုရှီမားကျွန်းသို့သွားရောက်ခြင်း(The Great Buddha of Kamakura and Enoshima in Japan )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ