မိမိ၏မိဘ၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း၊ ချစ်သူ အပြင် ခင်မင်ရင်းနှီးသည့်အသိမိတ်ဆွေများကို အလည်ခေါ်လို့ရပါတယ်။ ဒီနေထိုင်ခွင့်ဗီဇာကို 短期滞在(tankitaizai) လို့ ခေါ်ပါတယ်။ဒီနေထိုင်ခွင့်ဗီဇာနဲ့ ဂျပန်ကိုအလည်သွားမယ်ဆိုရင် မြန်မာနိုင်ငံကလာလည်မယ့်သူက ကုန်ကျစရိတ်ကျခံမှာလား၊ ဂျပန်ဘက်ကနေပြီး အလည်ခေါ်မယ့်လူက ကုန်ကျစရိတ်ကျခံပြီး ခေါ်မှာလားဆိုပြီး နည်းလမ်း ၂ခုရှိပါတယ်။ ဂျပန်နိုင်ငံဘက်က ကုန်ကျခံစပွန်ဆာပေးပြီး ခေါ်ရင် ဘာတွေလိုအပ်မလဲဆိုတာ ရှင်းပြပေးပါမယ်။ ဂျပန်ဘက်က ကုန်ကျစရိတ်ခံမယ်ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလုပ်ပြီးမြန်မာနိုင်ငံကဘက်ကလာမည့်သူဆီပို့ပေးရပါမယ်။ဗီဇာလျှောက်မည့်သူကဂျပန်ကပို့ပေးလိုက်တဲ့စာရွက်စာတမ်းနဲ့ မြန်မာနိုင်ငံကလိုအပ်သောစာရွက်စာတမ်းများကို ပြင်ဆင်ပြီးဂျပန်သံရုံးမှာ ဂျပန်သွားမည့်ကာယကံရှင်ကိုယ်တိုင် သွားလျှောက်ရန်လိုအပ်ပါတယ်။ စာရွက်စာတမ်းပြည့်စုံပါက တစ်ပတ်အတွင်း ဗီဇာရပြီး ဗီဇာရသည့်နေ့မှ ၃လအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင်ပါတယ်။
ဂျပန်ဘက်ကပြင်ဆင်ရမည့်စာရွက်စာတမ်းများ
မိမိက အလုပ်လုပ်နေသူကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကိုယ်တိုင်အာမခံသူအဖြစ်စာရွက်စာတမ်းပြုလုပ်နိုင်ပါတယ်။ ကျောင်းသားဖြစ်ပါက အာမခံမည့်သူ အဖြစ် ဆရာ၊ဆရာမ၊အသိမိတ်ဆွေ၊ဂျပန်လူမျိုး/မြန်မာလူမျိုးများကိုအကူအညီတောင်းလို့ရပါတယ်။ဂျပန်ဘက်ကနေခေါ်မယ်ဆိုရင်လိုအပ်သောစာရွက်စာတမ်းများကတော့
1) Invitation letter(အလည်ခေါ်ရသောအကြောင်းပြချက်)
2) Itinerary in Japan(လည်ပတ်မည့်ခရီးစဥ်ဇယား)
3) Letter of guarantee (အာမခံစာ)
4) List of visa applicants(အလည်လာမည့်သူတစ်ဦးထက်ပိုပါကဗီဇာလျှောက်ထားသူများစာရင်း)
5) jyuuminsho (နေထိုင်ကြောင်းထောက်ခံစာ)
6) zairyuu (ဇိုင်းလျူးကဒ်မိတ္တူ)
7) bank statement(ဘဏ်လက်ကျန်ငွေစာရင်း)
8) kazei/noūzei (ဝင်ငွေအထောက်အထားအခွန်စာရွက်)
9) အလုပ်လုပ်နေကြောင်းထောက်ခံစာ တို့လိုအပ်ပါတယ်။
စာရေးသူရွေးချယ်သောဆောင်းပါး
မြန်မာဘက်ကအလည်လာမယ့်သူများအတွက်လိုအပ်တဲ့စာရွက်စာတမ်းများ
မြန်မာဘက်ကသွားမယ့်လူကလည်းအောက်ပါစာရွက်စာတမ်းတွေပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
1)ပတ်စ်ပို့ (လက်ကျန်သက်တမ်း ၆လအထက်)
2)ဗီဇာလျှောက်လွာ
3)ဓာတ်ပုံ တစ်ပုံ(450mm×450mm)
4)ဘဏ်လက်ကျန်ငွေစာရင်း
5)အိမ်ထောင်စုသန်းခေါင်စာရင်း(ဂျပန်ဘာသာပြန်)
6)မှတ်ပုံတင်(ဂျပန်ဘာသာါပြန်)
7) လေယာဥ်လက်မှတ် booking စာရွက် များဖြစ်ပြီး ထိုစာရွက်စာတမ်းများအားလုံးအတွက်မူရင်းနှင့်မိတ္တူများနှစ်မျိုးလုံးလိုအပ်ပါတယ်။
ဂျပန်ဘက်ကအာမခံခေါ်မယ့်သူသည်ခိုင်မာရန်လိုအပ်ခြင်း
ဂျပန်ဘက်မှအာမခံမည့်သူသည်ခိုင်မာသောဗီဇာဖြင့်နေထိုင်သူ၊အလုပ်အကိုင်အခိုင်အမာရှိသူဖြစ်ရန်အရေးကြီးပါတယ်။အလုပ်အကိုင်ရှိသောဂျပန်လူမျိုး၊အမြဲတမ်းနေထိုင်ခွင့်ရထားသူ၊ခိုင်မာသောအလုပ်အကိုင်နှင့်ဗီဇာ၃နှစ်အထက်ရှိသောသူများမှအာမခံလျှင်ဗီဇာရရန်ပိုသေချာပါတယ်။မြန်မာနိုင်ငံဘက်မှဗီဇာရရှိပြီးပါကနောက်ရက်ချက်ချင်းဂျပန်နိုင်ငံသို့လာရောက်နိုင်ပြီးတစ်လမှသုံးလအထိလည်ပတ်နေထိုင်နိုင်ပါတယ်။