ဂျပန်ပြက္ခဒိန်ပေါ်ရှိ ဆောင်းရာသီနေ့တာတိုခြင်းဆိုတာဘာလဲ( What is the winter solstice on the Japanese calendar?)

2021 ခုနှစ်၏ ဆောင်းရာသီနေ့တာအတိုဆုံးနေ့သည် ဒီဇင်ဘာ ၂၂ ရက်ဖြစ်သည်။ ဒီနှစ်ရဲ့ နောက်ဆုံးပါ။

 ညနေခင်းတွင် လျင်မြန်စွာ မည်းမှောင်လာပြီး နေ့ရက်များ တိုလာသည်ကို ခံစားလိုက်ရသည်။ နေ့ရက်တွေတိုလာတာနဲ့အမျှ ဆောင်းရာသီရောက်ခါနီးလို့ ခံစားအချိန်ပိုင်းလဲဖြစ်တယ်။

 ဆောင်းရာသီနေ့တာအတိုဆုံးနေ့ ၌ ရွှေဖရုံသီးနှင့် Azuki ယာဂုကိုစားခြင်း(သို့မဟုတ်) Yuzuရှောက်သီးစိမ်ရေတွင်ရေချိုးပါ။ ဂျပန်ရဲ့ရှေးထုံးတမ်းစဉ်လာတွေကို ထိမ်းသိမ်းစေချင်တာကြောင့် အားလုံးပဲ ဆောင်းရာသီအတွက် အဆင်သင့်ဖြစ်ကြပြီလား။

မာတိကာ

၁။ဆောင်းရာသီနေ့တာအတိုဆုံးနေ့ဆိုသည်မှာ

၂။ရွှေဖရုံသီးကိုသိုလှောင်ထိမ်းသိမ်းထားမှု

၃။Yuzuရှောက်သီးစိမ်ရေချိုးခြင်းမူလအစ

၁။ဆောင်းရာသီနေ့တာအတိုဆုံးနေ့ဆိုသည်မှာ

 နွေဦးရာသီနှင့်ဆောင်းဦးရာသီနေ့တာတူညီသောနေ့နှင့်အလားတူ၊ နွေဦးရာသီနေ့တာအရှည်ဆုံးနေ့၊ ဆောင်းရာသီနေ့တာအတိုဆုံးနေ့စသဖြင့် တစ်နှစ်ကို နေ့နှင့်ည အချိုးအစားဖြင့် ပိုင်းခြားထားသည်။ နွေဦးရာသီနေ့တာအရှည်ဆုံးနေ့သည် တစ်နှစ်တာ၏နေ့တာ အရှည်ကြာဆုံးနေ့ဖြစ်ပြီး ဆောင်းရာသီနေ့တာအတိုဆုံးနေ့သည် တစ်နှစ်တာ၏ နေ့တာအတိုဆုံးနေ့ဖြစ်သည်။ နေသည် ရှင်သန်ခြင်း၏ရင်းမြစ်ဖြစ်သည်ဟူသော အယူအဆသည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရိုးရာယုံကြည်မှုများရှိကြပြီး၊ တစ်နှစ်ပတ်လုံးတွင် နေ့အလင်းရောင်အတိုဆုံးဖြစ်သော၊ ဆောင်းရာသီနေ့တာအတိုဆုံးနေ့မှစပြီးတစ်နှစ်ပတ်လုံး၏ရက်များပိုရှည်လာခြင်း၏အစ၊နှစ်သစ်စချိန်‌ရောက်ပြီဟုယုံကြည်ကြသည်။ 

တရုတ်နှင့် ဂျပန်တွင် ဆောင်းရာသီနေ့တာအတိုဆုံးနေ့၌ နေ၏ စွမ်းအားသည် အညံ့ဆုံးဖြစ်ပြီး ထိုနေ့၏နောက်ပိုင်းတွင် ပါဝါပြန်လည်ရှင်သန်လာမည့် အပြုသဘောဆောင်သော စကားလုံးဖြစ်သည်။ ဆောင်းရာသီနေ့တာအတိုဆုံးနေ့နှောင်းပိုင်းမှာ ကံကောင်းခြင်းတွေ တိုးလာမယ်လို့ ဆိုထားတာကြောင့် ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပြီး ပူနွေးတဲ့ ယုဇုရေဖြင့်ရေချိုးပြီး ရွှေဖရုံသီးကို စားကာအေးတဲ့ဆောင်းရာသီမှာ ကျန်းမာဖို့ကိုဆုတောင်းကြတယ်လို့သိရပါတယ်။

 ရွှေဖရုံသီးသည် တောင်အမေရိကတိုက် ဇာတိဖြစ်ပြီး ကြီးထွားမှုအတွက် အကောင်းဆုံးအပူချိန်မှာ အပူချိန် 25 မှ 30 ဒီဂရီစင်တီဂရိတ်ခန့်ရှိသော အပူပိုင်းအပင်ဖြစ်သောကြောင့် ဂျပန်တွင် ရွှေဖရုံသီးရာသီသည် နွေရာသီဖြစ်သည်။

နွေဦးရာသီ ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်တဲ့ ရွှေဖရုံသီးကို ဘာကြောင့် ဆောင်းရာသီမှာ စားသုံးလာတာလဲလို့ ပြန်တွေးကြည့်ရင် ထူးဆန်းမနေဘူးလား။

 ဂျပန်လူမျိုးတွေဟာ ရာသီအလိုက်ခံစားချက်ကို အလွန်တန်ဖိုးထားကြပါတယ်။ နွေဦးတွင် ချယ်ရီပန်းများ၊ နွေရာသီတွင် မီးရှူးမီးပန်းများ၊ ဆောင်းဦးတွင် ရောင်စုံအရွက်များပြောင်းခြင်း၊ ဆောင်းရာသီတွင် အနွေးလှုံမီးဖို၌လိမ္မော်သီး၊ ဆောင်းရာသီနေ့တာအတိုဆုံးနေ့မှာ နွေရာသီ၏ရွှေဖရုံသီးစားတဲ့ ဓလေ့ကဘယ်လိုကနေပြီးစားလာကြတာလဲ။ 

၂။ရွှေဖရုံသီးကိုသိုလှောင်ထိမ်းသိမ်းထားမှု

လျှို့ဝှက်ချက်မှာ ရွှေဖရုံသီးသည် အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သော အသီးအရွက်တစ်မျိုးဖြစ်သည်။ 

ယနေ့ခေတ်တွင် ဖန်လှောင်အိမ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းနှင့် အအေးခန်း/အအေးခံခြင်း နည်းပညာများ တိုးတက်လာသော်လည်း ယခင်က ယနေ့ခေတ်နှင့်မတူဘဲ ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး စားသုံးရန် ခက်ခဲသည်။ ထို့ကြောင့် ဗီတာမင်အာဟာရဓာတ်များစွာပါရှိသော ရွှေဖရုံသီးကို စားသုံးခြင်းဖြင့် ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်များရှားပါးလာသောအခါ ကြမ်းတမ်းသောဆောင်းရာသီတွင်ကျန်းမာလိုသော အဲဒိုခေတ်မှလူများသည် "ဆောင်းရာသီနေ့တာအတိုဆုံးနေ့" တွင်ဆန္ဒကိုပြင်းပြင်းထန်ထန် တောင့်တခဲ့ကြပါသည်။

ယနေ့ခေတ် ဆောင်းရာသီ၌ ဖန်လှောင်အိမ်၌ စိုက်ပျိုးခြင်း သို့မဟုတ် နိုင်ငံရပ်ခြားမှ တင်သွင်းခြင်းဖြင့် ပေါများသော အသီးအနှံများကို စားသုံးနိုင်ပြီး ရာသီအလိုက် ရွှေဖရုံသီးကို စားသုံးနိုင်သော်လည်း ဤနည်းမှာ အဲဒိုခေတ်မှ ယနေ့အထိ ဓလေ့တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

၃။Yuzuရှောက်သီးစိမ်ရေချိုးခြင်းမူလအစ

ဆောင်းရာသီနေ့တာအတိုဆုံးနေ့အကြောင်းပြောရင် Yuzuရှောက်သီးစိမ်ရေချိုးခြင်းဖြစ်တယ်။

ရေနွေးပူပူသည် ရောဂါကို သက်သာစေသည်။ 

ရွှေဖရုံသီးနှင့်မတူဘဲ၊ ဆောင်းရာသီအသီးဖြစ်သည့် Yuzu သည် ပြင်းထန်သောရနံ့ရှိသောကြောင့် မကောင်းသောကံကိုဖယ်ကာ ကောင်းသောကံကိုဖိတ်ကြားခြင်းမပြုမီ ၎င်းကိုအသုံးပြုပုံရသည်။ ဤကဲ့သို့သောကောင်းသောကံများကိုမဖိတ်ခေါ်ရ‌ေသးချိန်တွင် မကောင်းသောကံများကို ကင်းစင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ 

ဆောင်းရာသီရဲ့ နေ့တာအတိုဆုံးနေ့မှာ Yuzu ရေချိုးပြီး နွေးနွေးထွေးထွေး နေကြရအောင်။

"yuzu ရေချိုးရင် တစ်နှစ်လောက် အအေးမမိဘူး" လို့ ရှေးကတည်းကပြောခဲ့တာ ကြားဖူးပါမယ်။ အဘယ်ကြောင့်ဆိုသော် Yuzu သည် သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးသည့် လုပ်ဆောင်ချက်ပါရှိသောကြောင့် သွေးလည်ပတ်မှုမကောင်းခြင်းနှင့် အအေးမိခြင်းမှ ကာကွယ်ရန် ခန္ဓာကိုယ်ကို နွေးထွေးစေပါသည်။ အခွံတွင် ဗီတာမင် C နှင့် citric acid ပါ၀င်သောကြောင့် အသားအရေကို လှပစေပါသည်။ ဆောင်းရာသီနေ့တာအတိုဆုံးနေ့မဟုတ်တာတောင် ရာသီဥတုအေးတဲ့နေ့တွေမှာ Yuzu နဲ့ရေချိုးချင်နေလိမ့်မယ်။

credit to https://lovegreen.net/botanicallife/p67732/2/

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ရာသီအလိုက် ယဉ်ကျေးမှုနှင့် ပွဲတော်များ/ ဂျပန်ပြက္ခဒိန်ပေါ်ရှိ ဆောင်းရာသီနေ့တာတိုခြင်းဆိုတာဘာလဲ( What is the winter solstice on the Japanese calendar?)

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ