ဂျပန် ရု​ပ်​​သေးရုပ်နဲ့ပတ်သက်ပြီး(人形浄瑠璃文楽, Joruri, Japanese puppet theatre )

နိုင်​ငံအသီးသီးမှာရုပ်​​သေးအနုပညာရှိကြသလိုပဲဂျပန်​မှာလည်​ရုပ်​​သေးတင်​ဆက်​မှုရှိပါတယ်​။ဂျပန်​ရုပ်​​သေးဟာ ၁၆ရာစုနှစ်​​လောက်​က ​ပေါ်​ပေါက်​ခဲ့တယ်​ဆို​ပေမဲ့ ယ​နေ့​ခေတ်​မြင်​​တွေ့ရတဲ့ရုပ်သေးရုပ်ကတော့ ၁၆၈ဝခုနှစ်​​လောက်​မှ တင်​ဆက်​ခဲ့တာဖြစ်​ပါတယ်​။ နိုင်​ငံတကာက ရုပ်​​သေးအများစုက ကြိုးဆွဲပြီး ​ဖျော်​​ဖြေကြ​ပေမဲ့ ဂျပန်​ရုပ်​​သေးက​တော့ 人形遣い Ningyōtsukai လို့​ခေါ်တဲ့ရုပ်​​သေးဆရာသုံး​ယောက်​နဲ့ကိုင်​တွယ်​ကပြရတာမျိုးပါ။ရုပ်​​သေးတင်​ဆက်​မှုကိုကြည့်ရင်​ရုပ်​​သေးရုပ်​တစ်​ရုပ်​ကိုကျွမ်းကျင်​စွာကိုင်​တွယ်​သူသုံး​ယောက်​၊ဇာတ်​​ကြောင်းတင်​ဆက်​သူ Tayu နဲ့ ​တေးဂီတ တီးခတ်​သူ​တွေပါဝင်​ပါတယ်​။ 

ရုပ်သေးရုပ်တင်ဆက်မှုတွင်ပါဝင်သူများ

ရုပ်သေးရုပ်တွင်ပါဝင်တဲ့သူများအနေနဲ့အသေးစိတ်တင်ဆက်ရတဲ့အတွက်အရေးကြီးပါတယ်။သက်ဆိုင်ရာနေရာနဲ့ပတ်သက်ပြီးလှုပ်ရှားရတာတွေလည်းရှိပါတယ်။သက်ဆိုင်ရာနေရာများအနေနဲ့အောက်ပါအတိုင်းဖြစ်ပါတယ်။主遣い(Omozukai )ရုပ်​​သေးရဲ့ ကိုယ်​ထည်​နဲ့ ညာဘက်​လက်​ကို ကျွမ်းကျင်​စွာ ကိုင်​တွယ်​ကပြရသူပါ။ရုပ်​​သေးရဲ့ လှုပ်​ရှားမှုကို အဓိကကိုင်​တွယ်​သူဖြစ်​ပါတယ်​။足遣い(Ashizukai )ရုပ်​​သေးရဲ့ ​ခြေ​ထောက်​ လှုပ်​ရှားမှုကို ကိုင်​တွယ်​ထိန်းချုပ်​ရသူပါ ။左遣い(Hidarizukai)ရုပ်​​သေးရဲ့ ဘယ်​ဘက်​လက်​ကို ကိုင်​တွယ်​လှုပ်​ရှားရသူဖြစ်​ပါတယ်​။ရုပ်​​သေးဆရာသုံး​ယောက်​လုံးအနက်​​ရောင်​ဝတ်​စုံ​တွေကိုဝတ်​ဆင်​ကြရပြီး​ခြေ​ထောက်​လှုပ်​ရှားသူနဲ့ဘယ်​လက်​လှုပ်​ရှားသူ တို့ဟာ မျက်​နှာဖုံး​တွေ စွပ်​ထားကြပါတယ်​။ 

ကိုယ်ထည်လှုပ်ရှားမှုနဲ့တူရိယာနဲ့ပတ်သက်မှုများ

​နောက်​တစ်​ခုက ရုပ်​​သေးရဲ့ကိုယ်​ထည်​ကို ကိုင်​ရသူက 舞台下駄,butaigeta လို့​ခေါ်တဲ့ဂျပန်​ခုံဖိနပ်​အမြင့်ကို စီးထားရပါတယ်​။ အဲဒီဂျပန်​ခုံဖိနပ်​က ၁၅စင်​တီမီတာက​နေ ၅ဝ စင်​တီမီတာ အထိအမြင့်ရှိနိုင်​ပြီး​တော့ ​ခြေနင်းကိုသစ်​သားနဲ့လုပ်​ထားပြီး​အောက်​ဖက်​မျက်​နှာပြင်​ကို​ချော်​မထွက်​​အောင်​​ကောက်​ရိုးနဲ့မျှင်​နဲ့ချုပ်​လုပ်​ထားပါတယ်​။Tayuရုပ်​​သေးဇာတ်​​နောက်​ခံအဆိုအငိုအ​ဟောအ​ပြောပညာရှင်​ဖြစ်​ပါတယ်​။ရုပ်​​သေးဇာတ်​ထဲကဇာတ်​​ကောင်​​တွေရဲ့ဆို၊ငို၊ဝမ်းသာ၊ဝမ်းနည်း၊အသံအနိမ့်အမြင့်အ​နှေးအမြန်စသဖြင့်အသက်​ဝင်​​အောင်​​ပြောရတာဖြစ်​လို့အင်​မတန်​အ​ရေးကြီးလှပါတယ်​။ရုပ်​​သေးဇာတ်​တစ်​ခုမှာTayuဆရာကနှစ်​​ယောက်​လည်းရှိနိုင်​ပါတယ်​။ တူရိယာပညာရှင်​များ အထူးသဖြင့် ပင်​တိုင်​အ​နေနဲ့ မပါမဖြစ်​က​တော့ 三味線( ရှမိဆန်း)လို့​ခေါ်တဲ့ ကြိုးသုံး​ချောင်းတပ်​ ဂျပန်​တူရိယာဖြစ်​ပါတယ်​။

ရုပ်သေးရုပ်တင်ဆက်မှုနဲ့ပတ်သက်ပြီး

ရုပ်​​သေးဆရာများရဲ့ကျွမ်းကျင်​စွာ​ဖျော်​​ဖြေမှု၊ဂီတပညာရှင်​​တွေရဲ့ဟန်​ချက်​ညီညီ​ပေါင်းစပ်​​ဖျော်​​ဖြေလိုက်​တဲ့အခါပရိသတ်​ဟာ​စော​စောကအရုပ်​​နောက်​ကပါလာတဲ့ရုပ်သေးရုပ်ဆရာသုံး​ယောက်​ကို​မေ့သွားပြီးအရုပ်​ကရယ်​တယ်​၊ငိုတယ်​၊သက်​ရှိတစ်​​ယောက်​တိုင်းလှုပ်​ရှား​နေတယ်​လို့ခံစားရ​တော့တာပါပဲ။ရုပ်သေးရုပ်တင်ဆက်မှုနဲ့ပတ်သက်ပြီးတန်ဖိုးထားတဲ့အတွက်ကြောင့်ရုပ်သေးရုပ်ပွဲများရဲ့လက်မှတ်များဟာစျေးကြီးပြီးလူကြိုက်များပါတယ်။တင်ဆက်မှုတိုင်းဟာအသေးစိတ်ပြီးပညာသားပါလှပါတယ်။နှစ်ပေါင်းများစွာကတည်းကပေါ်ပေါက်လာတဲ့ယဥ်ကျေးမှုဖြစ်တဲ့အတွက်ဂျပန်လူမျိုးများကအမြတ်တနိုးတန်ဖိုးထားကြပါတယ်။

ဂျပန်ရိုးရာဝတ်စုံများ(Kimono)

Shichi-Go-San ဆိုတဲ့ ဂျပန်ရိုးရာဓလေ့(Japanese culture)

စာရေးသူ

WeXpats
နေထိုင်မှုဘဝ၊အလုပ်နှင့် နိုင်ငံခြားတွင် ပညာဆည်းပူးခြင်းနှင့်ဆိုင်သည့်အသုံးဝင်သော အချက်အလက်များအပါအဝင် ဂျပန်နိုင်ငံ၏ ဆွဲဆောင်မှုရှိသည်များကို မိတ်ဆက်ပေးသော ဆောင်းပါးများစွာကိုတင်ဆက်သွားပါမည်။

ပတ်သက်ဆက်နွယ်သောသတင်းဆောင်းပါး 関連記事

အထူးစုစည်းထားသောဆောင်းပါး 特集

လူကြိုက်များသောဆောင်းပါး 人気記事

Social Media ソーシャルメディア

ဂျပန်နိုင်ငံ၏နောက်ဆုံးရသတင်းးအချက်အလက်များကိုဘာသာစကား၉မျိုးဖြင့်ပုံမှန်တင်ဆက်နေပါသည်

  • English
  • 한국어
  • Tiếng Việt
  • မြန်မာဘာသာစကား
  • Bahasa Indonesia
  • 中文 (繁體)
  • Español
  • Português
  • ภาษาไทย
TOP/ ဂျပန်ယဥ်ကျေးမှု/ ဂျပန်ရိုးရာယဉ်ကျေးမှု/ ဂျပန် ရု​ပ်​​သေးရုပ်နဲ့ပတ်သက်ပြီး(人形浄瑠璃文楽, Joruri, Japanese puppet theatre )

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည်သုံးစွဲခြင်းကိုအဆင်ပြေချောမွေ့စေရန်၊အရည်အသွေးကိုထိန်းသိမ်းရန်နှင့်တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် Cookieကိုအသုံးပြုသည်။ Cookieအသုံးပြုမှုကိုသဘောတူပါက "သဘောတူပါသည်" ခလုတ်ကိုနှိပ်ပါ။
Cookie ကိုအသုံးပြုခြင်းနှင့် ပတ်သက်၍ အသေးစိတ်ကိုဤနေရာတွင်ကြည့်ပါ။

Cookieအသုံးပြုမှုမူဝါဒ